0


Samsung Galaxy Grand ထွက်ရှိပြီး တစ်နှစ်ခန့်အကြာတွင် Galaxy Grand 2 ကို Samsung ကုမ္ပဏီက မိတ်ဆက်ပြသခဲ့သည်။
Galaxy Grand 2 သည် Galaxy Grand ဒီဇိုင်းအတိုင်း အနီးစပ်ဆုံး ပြုလုပ်ထားပြီး ပိုမိုကောင်းမွန်သော မျက်နှာပြင်ကို အသုံးပြုထားသည်။ Galaxy Grand 2 တွင် WVGA ၅.၂ လက်မ 720p display အသုံးပြုထားကာ quad-core ပရိုဆက်ဆာကို အသုံးပြုထားသည်။ Galaxy Grand တွင် အသုံးပြုခဲ့သော 1.2GHz clock speed ကိုပင် Grand 2 တွင် ထပ်မံ အသုံးပြုထားသည်။ အခြား hardware feature များမှာ 8-megapixel ကင်မရာနှင့် Android 4.3 ကို အသုံးပြုထားပြီး ဘက်ထရီမှာ 2,600mAh ဖြစ်သည်။ သို့ရာတွင် 4G ကွန်ရက်ဖြင့် အသုံးပြုနိုင်ခြင်း မရှိပေ။

Galaxy Grand 2 ကို အဖြူ ၊ အမည်း နှင့် ပန်းရောင် ဟူ၍ အရောင်သုံးမျိုးဖြင့် ရရှိနိုင်ပြီး သတ်မှတ်ထားသည့် နိုင်ငံအချို့တွင် စတင် ရောင်းချ ပေးမည်ဖြစ်သည်။ ရောင်းချမည့် နိုင်ငံ၊ ဈေးနှုန်းနှင့် ရောင်းချမည့် အချိန်တို့ကို ကုမ္ပဏီက ကြေညာထားခြင်း မရှိသေးပေ။


credit to:Internet Journal

Post a Comment

 
Top