0


(၂၇) ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲ၌ Blue Ocean Operating Management မှစီမံ ခန့်ခွဲလျက်ရှိသော Call Center ၀န်ဆောင်မှုအနေဖြင့် ဆီးဂိမ်းမစတင်မီကာလမှ ပြိုင်ပွဲများပြီးဆုံး သည်အထိ သတင်းအချက်အလက်များကို ဖြေကြား၀န်ဆောင်မှု ပေးသွားမှာ ဖြစ်ပါသည်။ ထိုသို့ ဖြေကြားဝန်ဆောင်မှုများကို အခမဲ့၀န်ဆောင်မှု (Toll Free) အဖြစ်သတ်မှတ်ထားပါသည်။


ဆီးဂိမ်းနှင့်ပတ်သက်သည့်သတင်းအချက်အလက်များ၊ အားကစားကွင်းလိပ်စာများ၊ ပြိုင်ပွဲ ပွဲစဉ်များ၊ အားကစားသမားများ၏ အမည်များ၊ ပွဲစဉ်အနိုင်အရှုံးရမှတ်များ၊ လက်မှတ်ရရှိနိ်သောနေရာများ အစရှိသည့် ဆီးဂိမ်းပြိုင်ပွဲကျင်းပရာနေရာ (၄) နေရာမှသတင်းအချက်အလက်များကို မေးမြန်းနိုင်မှာဖြစ်ပါသည်။ လာရောက်ယှဉ်ပြိုင်မည့်အရှေ့တောင်အာရှနိုင်ငံမှ အားကစားသမားများနှင့် လာရောက်အားပေးသူများပါ အခက်အခဲမရှိစေရန် 1818 Hotline မှ နိုင်ငံခြားဘာသာစကားများဖြစ်သော အင်္ဂလိပ်၊ တရုတ်၊ မလေးရှားနှင့် ယိုးဒယား ဘာသာစကားများဖြင့်လည်း ဖြေကြား၀န်ဆောင်မှုပေးသွားမှာ ဖြစ်ပါသည်။ ထို့ပြင် အားကစားသတင်းများသာမက အခြားလမ်းညွှန်သတင်းများဖြစ်သည့် ဟိုတယ်လိပ်စာများ၊ စားသောက်ဆိုင်လိပ်စာများ၊ Express Ticket and Air Ticket Reservation ပြုလုပ်ခြင်း၊ Map Guide နှင့် လမ်းညွှန်၀န်ဆောင်မှုတို့ကိုပါ မေးမြန်းနိုင်မှာဖြစ်ပါသည်။

၂၄နာရီ ဝန်ဆောင်မှု ရရှိနိုင်သောကြောင့် အားပေးသူမိဘပြည်သူများနှင့် လာရောက်အားပေးသော နိုင်ငံခြားသား ဧည့်ပရိတ်သတ်များကိုလည်း များစွာမှအထောက်အကူဖြစ်စေနိုင်မှာ ဖြစ်ပါသည်။ အားကစားသမားများနှင့်အားပေးသူ ဧည့်ပရိတ်သတ်များအနေဖြင့် ကျန်းမာရေးဆိုင်ရာအခက်အခဲများရှိပါကလည်း 1818 Hotline Information Center မှတဆင့် သက်ဆိုင်ရာဆေးခန် ဖုန်းနံပါတ်များ ကိုလည်းမေးမြန်းနိုင်မှာဖြစ်ပါသည်။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတစ်ခုလုံး၏ ပွဲစဉ်အားလုံးကိုလည်းမေးမြန်းစုံစမ်းနိုင်သောကြောင့် များစွာမှပင်အထောက်အကူ ဖြစ်စေနိုင်ပါကြောင်း တင်ပြအပ်ပါသည်။

နောက်ဆက်တွဲ သတင်းအချက်အလက်များကို သိရှိလိုပါက ဖုန်းနံပါတ် 01-2399241 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။


Ref-Myanmar iCT News

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top