ရန်ကုန် ကလေးဆေးရုံကြီးသို့ အရေးပေါ် ခွဲစိတ်ရန်နှင့် ဆေးကုသရန် ရောက် ရှိလာသောလူနာများကို အခမဲ့ ကုသပေးမည်ဖြစ်ကြောင်း သိရ သည်။
ယင်းသို့ကုသပေးရာတွင်
ဆေးမှာ အလွယ်တကူဝယ်ယူနိုင် သောဆေးဖြစ်ခြင်း၊ ဆေးရုံတွင် အဆင်သင့်ရှိပြီး
လုံလုံလောက် လောက်ရှိသောဆေးဝါးများနှင့် ကုသရမည်ဆိုပါက ဆင်းရဲချမ်းသာ မရွေး
ကုသပေးသွားမည်ဖြစ် ကြောင်း သိရသည်။
''လူတိုင်းတော့ မရဘူး။ဆေးကလဲ
သိပ်ဈေးမကြီးဘူး၊ ရောဂါကလဲ အသည်းအသန်ဖြစ် နေရင်တော့ ဒီဆေးတွေကို ပေးသုံး
တယ်။ လူတိုင်းကိုတော့ ဆရာ တို့ မပေးနိုင်သေးဘူး။ တချို့ကို တော့ ပေးတယ်။
ဒါပေမဲ့ ဆေးရုံ ကို အရေးပေါ်ရောက်လာတယ်၊ အရေးပေါ်ခွဲစိတ်ဖို့ ရောက်လာ
တဲ့လူနာတွေကို ဆရာတို့ အခမဲ့ ပေးနိုင်အောင် ဆေးဝါးတွေကို စုဆောင်းထားတယ်။
အရင်တုန်း ကတည်းကလဲ လုပ်ပေးတယ်။ အခုတော့ ပိုပြီးတော့ လုပ်ပေး
လာနိုင်တယ်''ဟု ရန်ကုန်ကလေး ဆေးရုံအုပ်ကြီး ဒေါက်တာသန်း ထိုက်က ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာန
သို့ နိုင်ငံတော်အစိုးရမှဘတ်ဂျက် ငွေပိုချပေးခြင်းသည် ကျန်းမာရေး
နှင့်ပညာရေးသည် အရေးကြီး သည့်အတွက် တခြားဝန်ကြီးဌာန များ၏
အသုံးစရိတ်လျှော့ချ၍ ခွဲ ပေးခြင်းဖြစ်ပြီး ယခုနှစ်အတွက်
ပိုမိုရရှိလာခြင်းကြောင့် ပိုမိုကုသ ပေးနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
''ကျန်းမာရေးဝန်ကြီးဌာန
ကို ဘတ်ဂျက်ငွေ ပိုချပေးတယ် ဆိုတာက ကျန်းမာရေးနဲ့ ပညာ ရေးကအရေးကြီးလို့
တခြားဝန် ကြီးဌာနတွေက အသုံးစရိတ်တွေ သုံးရမယ့်စရိတ်တွေကို လျှော့ပြီး တော့
ဆရာတို့ကို ခွဲပေးလိုက်ရ တာလေ။ ဒါကြောင့် ဆရာတို့က
အကျိုးရှိရှိလူနာတွေအတွက် အ သုံးပြုပေးနေတာပါ''ဟု ဆိုသည်။
အခြေခံမရှိမဖြစ်
လိုအပ် သောဆေးဝါး၊ ဖြည့်စွက်ဆေးဝါး များရှိပြီး အခြေခံဆေးဝါးများကို
အလုံအလောက်ဝယ်ယူထားပြီး ဖြစ်ကာ ယင်းဆေးဖြင့် ကုသ၍ ရသောရောဂါ၊ ကုသ၍ရသော
လူနာများဖြစ်ပါက ဆေးကုသစ ရိတ်ကို ဆေးရုံမှပေးနိုင်မည်ဖြစ် ကြောင်း၊
ကြီးမားသောရောဂါများ ဖြစ်သည့် ကင်ဆာရောဂါများ၊ ဆိုး
ရွားသောရောဂါဝေဒနာရှင်များ ဖြစ်ပါက ချို့တဲ့သောလူနာများ၊
အရေးပေါ်လူနာများအတွက် ဆေး ဝါးများကို အထိုက်အလျောက် ဝယ်ယူပေးကာ
ကုသစေကြောင်း သိရသည်။
''ကလေးဆေးရုံကြီးမှာ ဒီ လို အခမဲ့ကုပေးမယ်ဆိုတော့
တော်တော်အဆင်ပြေတာပေါ့။ တတ်နိုင်တဲ့သူတွေအတွက်က တော့ စရိတ်မျှပေးပေါ့။ မတတ်
နိုင်တဲ့သူတွေအတွက်တော့ အခ မဲ့ပေးတာ ကောင်းပါတယ်။ တချို့ ဆို
တကယ်ကိုမတတ်နိုင်လို့ ဆေး စစ်ခိုင်းရင် ငိုနေတာမျိုးတွေ မြင် ဖူးတယ်''ဟု
ကလေးမိခင် ဒေါ်ချို ချိုမာက ပြောသည်။
ဆေးရုံများ၏ကုန်ကျစရိတ် ကို
နိုင်ငံတော်အစိုးရမှ ပံ့ပိုးပေး သောအခြေအနေအပေါ် မူတည် ၍
အခမဲ့ကုသခြင်းများရှိပြီး ရေ ရှည်တွင်မူ လွယ်ကူနိုင်မည်မဟုတ် ကြောင်း
သိရသည်။
ခင်သက်မွန် ၊ ရန်ကုန် ၊ စက်တင်ဘာ(၁၂)
Yangon Media Group
Subscribe to:
Post Comments (Atom)

Post a Comment