တရုတ်နိုင်ငံအခြေစိုက်
Oppoအီလက်ထရောနစ် ကုမ္ပဏီမှ N1ဆိုတဲ့ စမတ်ဖုန်း အသစ်တစ်မျိုးကို ပေကျင်းမြို့ရဲ့ အထူးပွဲတစ်ခုမှာ
တရား၀င် မိတ်ဆက်ပွဲထုတ် လိုက်ပါတယ်။ အဆိုပါ စမတ်ဖုန်းမှာ Android 4.2(Jelly Bean)ကို
အခြေခံထားတဲ့ ကုမ္ပဏီရဲ့ Color OSကို အသုံးပြုထားတာ ဖြစ်ပြီး မျက်နှာပြင်အကျယ် ၅.၉လက်မ
အရွယ်IPS full HD Displayကို တပ်ဆင် သုံးစွဲထားပါတယ်။ အဲဒီ မျက်နှာပြင်မှာ Pixelသိပ်သည်းဆ
ကတော့ 377ဖြစ်ပါတယ်။ Displayဟာ အလွန် Sensitiveဖြစ်ပြီး Sony Xperia Z1လိုမျိုး ဖြစ်တယ်လို့
သိရပါတယ်။
အဆိုပါ Displayရဲ့
အောက်ဖက်မှာတော့ Back, Home, Menuဆိုပြီး Android Physical Keyသုံးခု ရှိပါတယ်။ ဖုန်းရဲ့
ကိုယ်ထည်တစ်ခုလုံးကို ပလတ်စတစ်နဲ့ ဖန်တီးထားတာ ဖြစ်ကာ အဖြူနဲ့ အနက်ဆိုပြီး အရောင်နှစ်မျိုးနဲ့
ရရှိနိုင်မှာပါ။ 16GBနဲ့ 32GBဆိုပြီး Modelနှစ်မျိုး ထုတ်လုပ် ထားကာ microSD Card
Slotတော့ ပါ၀င်လာခြင်း မရှိပါဘူး။ ဖုန်းရဲ့ အလေးချိန်ကလည်း 213ဂရမ်သာ ရှိပြီး
Galaxy Note 3ထက် အနည်းငယ်သာ ပိုတဲ့ အထူရှိတယ်လို့ သိရပါတယ်။ ဖုန်းကို 1.7GHz
Quad-Core Snapdragon 600 Processorနဲ့ Runထားပြီး ဂရပ်ဖစ်ရုပ်ထွက် အန်နီမေးရှင်းအတွက်
Adreno 320 GPUသုံးထားကာ RAMကိုလည်း 2GBသုံးထားတာ မို့လို့ တကယ်ကို အဆင့်မြင့်တဲ့ စမတ်ဖုန်း
တစ်လုံးပါ။
ဖုန်းရဲ့ ပုံစံကိုလည်း
လေ့လာနိုင်အောင် တင်ဆက်ပေးလိုက် ပါတယ်။ ဈေးနှုန်း ၅၇၁ဒေါ်လာ သတ််မှတ်ထားပြီး တရား၀င်
ရှင်းလင်းပွဲမှာ ပြသထားတဲ့ ပုံအရ ဖုန်းရဲ့ ကျောဘက်ဟာလည်း အများတကာနဲ့ ကွဲထွက်နေတဲ့
ကင်မရာ ဒီဇိုင်းမျိုး ဖန်တီးထားတာကို တွေ့ရမှာပါ။
Ref-Myanmar ICT
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.