0
 
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် ပြည်နယ်အစိုးရ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသည့် ကာလအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတူတကွ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းမရှိသေးကြောင်း KNPP မှ ဗိုလ်မှူးဘုန်းနိုင်က ပြောသည်။

“တိုင်းပြည်အတွက် ဖွံ့ဖြိုးရေးလုပ်မယ်။ လမ်းပန်းဆက်သွယ်ရေးလုပ်မယ်။ ကျန်းမာရေးကိစ္စတွေ လုပ်မယ်။ ကျနော်တို့က တောင်းဆိုထားပါတယ်။ ဒါပေမဲ့ ကျနော်တော်တို့ ၀င်ထွက်ပြီးတော့ ပူးပေါင်းလုပ်ဆောင်တာမရှိဘူး။ ဒီနေ့ အထိပဲ။” 


အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးထားသည့် အချက်များတွင် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အစိုးရနှင့် (KNPP) ပူးပေါင်းဆောင်ရွက်ရန် ပါရှိထားပြီးဖြစ်သည်။

သို့သော်ယနေ့တိုင် တစုံတရာမျှ ပူးပေါင်းဆောင်ရွက်ခြင်း မရှိသေးကြောင်းကို ဗိုလ်မှူးဘုန်းနိုင်က ပြည်နယ်၏ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လေ့လာသုံးသပ်ခြင်း အစီအစဉ်ကျင်းပပြုလုပ်ခဲ့စဉ်၌ ပြောကြား သွားခဲ့ခြင်းဖြစ်သည်။

ကယားပြည်နယ်အစိုးရဘက်မှလည်း ရွာသစ်ရေအားလျှပ်စစ် စီမံကိန်းကဲ့သို့သော အကြီးစားစီမံကိန်းလုပ်ငန်းများကို KNPP နှင့် တိုင်ပင်ညှိနှိုင်း ဆောင်ရွက်မည့်ကိစ္စ မှတပါး အခြားသော ပူးပေါင်းဆောင်ရွက်မှုများ မရှိသေးကြောင်း ပြည်နယ် လျှပ်စစ်ဝန်ကြီးဦးစောဟူးဟူးက ပြောသည်။ 

“ပူးပေါင်းလုပ်ဆောင်တယ်ဆိုတာက သူတို့ဖက်က ဘယ်လောက်ထိ ပူးပေါင်းပါဝင်နိုင်တဲ့ အပေါ်မှာလည်း မူတည်တာပေါ့လေ”  

KNPP နှင့်အစိုးရတို့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကို ၂၀၁၂ မတ်လ ၇ ရက်တွင် တကြိမ် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင်တကြိမ် ၂၀၁၃ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် တကြိမ်ပြုလုပ်ပြီးဖြစ်သည်။

KNPP ဘက်မှ ဆွေးနွေးတင်ပြထားသည့် အချက် ၂၀ တွင် အချက် ၁၄ ချက်ကို ပဏာမ သဘောတူညီခဲ့ကြပြီး ကျန်သည့် တပ်ကိစ္စနှင့် ပတ်သက်သည့် အချက် ၆ ချက်မှာ ယနေ့ထိ မဆွေးနွေးနိုင်သေးကြောင်းကိုလည်း ငြိမ်းချမ်းရေးဖြစ်စဉ် လေ့လာသုံးသပ်မှုတွင် သိရှိသည်။

Written by ဖဲဘူး (ကန္တာရ၀တီတိုင်းမ်) 

http://www.thithtoolwin.com
Next
DVD အခွေကူးမရလို့ စိတ်ညစ်နေသူတွေအတွက် any DVD HD
Previous
လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ရခိုင်မိသားစုများ တွေ့ဆုံပွဲ အကျိုးရှိသည်ဟုဆို      ( ဤဓါတ်ပုံအား Rakhine Citizen Journalists Facebook မှ ကူးယူဖေါ်ပြသည်။) ရခိုင်ပြည်နယ်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစုတွေ့ဆုံ ဆွေးနွေးပွဲ ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့တွင် စက်တင်္ဘာလ ၂၉ ရက်နေ့က ကျင်းပ ပြုလုပ်သော ဆွေးနွေးပွဲသို့ ပြည်ထောင်စု လွှတ်တော် နာယကလည်း ဖြစ်၊ ပြည်သူ့လွှတ်တော် ဥက္ကဌလည်း ဖြစ်သော သူရ ဦးရွှေမန်း တက်ရောက်ပြီး ရခိုင်မိသားစုများ၏ တင်ပြချက်များကို အထူးဂရုပြု နားထောင်ခဲ့သည်ဟု သိရသည်။၎င်းဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် အတွင်းရှိ ၁၇ မြို့နယ်မှ တစ်မြို့နယ် (၃) ဦးကျစီဖြင့် ကိုယ်စားလှယ် (၅၀) ကျော် တက်ရောက်ခဲ့ပြီး လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းအား ရခိုင်ပြည်နယ်သူ ပြည်နယ်သားများ၏ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲ အကျပ်အတည်းများကို ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးတင်ပြခဲ့ကြသည်ဟု တက်ရောက်ခဲ့သူများက ဆိုသည်။ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် နှစ်ပေါင်း ၆၅ နှစ် ကာလအတွင်း နိုင်ငံရေး၊ လူမူရေး၊ စီးပွားရေး စသည့် ဘက်ပေါင်းစုံ အခက်အခဲများနှင့် အထူး ဆိုးဝါးစွာ ရင်ဆိုင်နေကြရာ နိုင်ငံ၏ ထိပ်တန်း ခေါင်းဆောင် တစ်ဦးကို ပထမဆုံး ရခိုင်အမျိုးသားက တွေ့ဆုံပြီး မိမိတို့ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများ ရင်ဖွင့် ပြောဆိုခွင့် ရရှိခဲ့သဖြင့် အကျိုးရှိသော တွေ့ဆုံမူဖြစ်သည်ဟု ဆိုသည်။ရခိုင်ပြည်နယ်အတွင်း လက်ရှိ မတည်မငြိမ် ဖြစ်သော ဘင်္ဂလီ ကိစ္စ၊ စီးပွားရေး ကျပ်တည်းမူနှင့် အလုပ်အကိုင် ရှားပါးမူကြောင့် ရခိုင်လူမျိုးများ နေရပ်ရင်း စွန့်ခွာနေရသော လူမျိုးရေး ဆိတ်သုန်းမူ လမ်းသော ဦးတည်နေသော ကိစ္စ၊ ရခိုင်မှ ထွက်ရှိသော သဘာဝ သယံဇာတများကို ဆင်းရဲ နိမ့်ကျနေသော ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ခွဲဝေ သုံးစွဲခွင့် ရရှိရေး ကိစ္စရပ်များကို ရခိုင် အမျိုးသားများဘက်ကမှ အလေးအနက် တင်ပြ ခဲ့ကြသည်ဟု ဆိုသည်။ကျောက်ဖြူမြို့နယ် ကိုယ်စားလှယ်များက တင်ပြခဲ့သည့် အကြောင်းအရာများကို ယင်းမြို့နယ် ကိုယ်စားလှယ် ဆရာထွန်းလွင်က နိရဉ္စရာသို့ ယခုလို ပြောသည်။“ ကျွန်တော်တို့က စာတမ်း တစ်ခုတင်ပါတယ်။  ၃ မိနစ်သာ ဆွေးနွေးခွင့်ရတဲ့အတွက် ရွှေဂစ် ကိစ္စရယ်၊ ဘင်္ဂလီနဲ့ ပတ်သတ်တဲ့ကိစ္စ အပါအ၀င် တခြားအချက်တွေကိုလည်း ဆွေးနွေး တင်ပြခဲ့ပါတယ်။ အဲဒီအထဲမှာ ဘင်္ဂလီကိစ္စကိုတော့ အားလုံးမြို့နယ်တိုင်းက ကိုယ်စားလှယ်တွေ တင်ပြ ဆွေးနွေးကြပါတယ်” ဟု ၎င်းက ဆိုသည်။ရခိုင်ပြည်နယ် မြို့နယ်တိုင်းမှ ကိုယ်စားလှယ်များ  တင်ပြဆွေးနွေးကြသည့် အထဲတွင် ဘင်္ဂလီ လူမျိုးများ၏ ကျူးကျော်မူနှင့် ရခိုင်ပြည်နယ်ကို အပိုင်သိမ်းရန် ကြံရွယ်ချက်များကို တင်ပြကြရာ သူရ ဦးရွှေမန်းမှ အလေးအနက်ထား နားထောင်ပြီး၊ တစ်စုံတစ်ရာ ကောက်ချက်ချ မပြောကြားသော်လည်း လွတ်တော်တွင် ဆွေးနွေးရန် လိုအပ်သည်ဟု ပြန်လည် ပြောဆိုခဲ့ကြောင်း ဆရာထွန်း လွင်က ဆိုသည်။“ သူရ ဦးရွှေမန်းကတော့ ရွှေ သဘာဝ ဓါတ်ငွေ့နဲ့ တခြားကိစ္စတွေကိုတော့ နားထောင်ရုံ သက်သက်ဘဲ။  ပြန်ဆွေးနွေးတာမရှိဘူး။ ဘင်္ဂလီ ကိစ္စကို မြို့နယ်တိုင်းက တင်ပြဆွေးနွေးကြတဲ့ အတွက် လွတ်တော်မှာဆက်ပြီး ဆွေးနွေးရမယ်။ ရခိုင်တွေရဲ့အကြောင်းကို နားလည်ရုံနဲ့ မပီးဘူး။ ရခိုင်တွေရဲ့ ခံစားနေရတာတွေကို ကိုယ်ချင်းစာနာရုံနဲ့ မပီးဘူး။ လွှတ်တော်ဘက်က ဆောင်ရွက် ပေးသင့်တာကို ဆောင်ရွက် ပေးနိုင်ဖို့အတွက် လွတ်တော်မှာဆက်ပြီး ဆွေးနွေးရမယ်လို့ သူက ပြောဆို သွားပါတယ်” ဟု ကိုထွန်းလွှင်က ပြောသည်။ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ ရန်ကုန်မြို့ရှိ နိုင်ငံတကာ စီးပွားရေး ခန်းမ (IBC) တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ဆွေးနွေးပွဲကို ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့မှ ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့ရှိ ရခိုင်အသင်းအဖွဲ့မှ ကိုယ်စား လှယ်များ (၅၀) ကျော်အပါအ၀င် တခြား ဖိတ်ကြား ထားသူ စုစုပေါင်း ပရိသတ် ၅၀၀ နီးပါးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။သံတွဲမြို့နယ်မှ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကိုစိန်ချစ်ကလည်း သူတို့မြို့နယ်အတွက် ဆွေးနွေးခဲ့သည့် ကိစ္စရပ်များ ကို ယခုကဲ့သို့ပြောသည်။“ ကျွန်တော်တို့က ၁၉၈၂ ခု နိုင်ငံသားဥပဒေနဲ့ ဆွဲ၊တင်၊စစ်ကိစ္စ။ နောက်တခါ တရားရေး စနစ်ကို ပြန်လည် ဆန်းစစ်သင့်တဲ့ ကိစ္စ၊ နောက်ပြီး ပုဒ်မ ၁၈ ကို ပြည်သူ့လွတ်တော်မှာ ပြန်လည် ဆန်းစစ် သင့်တယ် ဆိုတဲ့ အချက်တွေနဲ့ တခြား အချက် တွေကိုလည်း ဆွေးနွေးခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် မြို့အသီးသီးမှ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက မိမိတို့မြို့နယ် အလိုက် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြပြီး စာတမ်းများကိုလည်း တင်ခဲ့ကြသည်။ဆွေးနွေးပွဲကို လွှတ်တော် ဥက္ကဌ သူရရွှေမန်း၊ ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် ရန်ကုန်တိုင်း အစိုးရ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်ဟု သိရသည်။လာမည့်လွတ်တော်အစည်းအဝေးတွင် တိုင်းရင်းသားရေးရာ ကိစ္စများကို ဆွေးနွေးရန်ရှိသည့်အတွက် ရခိုင်တိုင်း ရင်းသားများမှ ယခုကဲ့သို့တင်ပြခွင့်ရသည့်အတွက် ဆွေးနွေးပွဲကို ကြေနပ်မှု ရှိကြောင်းလည်း ကျောက်ဖြူ ကိုယ်စားလှယ် ဆရာထွန်းလွင်က ဆိုသည်။ယခုတွေ့ဆုံမူသည် သမိုင်းနှင့်ချီပြီး ဗမာ အုပ်ချုပ်သူများ အပေါ် ရခိုင်အမျိုးသားများမှ ယုံကြည်မူ ကင်းမဲ့နေမူနှင့် ရခိုင်ပြည်နယ် မဖွံ့ဖြိုး မတိုးတက်ဘဲ အဘက်ဘက်မှ နိမ့်ကျနေရခြင်းမှာ လူမျိုးရေး အရ ဗမာ အုပ်ချုပ်သူများက ပေါ်လစီချမှတ် ကျင့်သုံးနေသည်ဆိုသော သံသယကို အထိုက်အလျှောက် ပြေလျှော့ကျစေလိမ့်မည်ဟု ရခိုင်နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောဆိုသည်။မြန်မာ အုပ်ချုပ်သူများသည် ရခိုင်လူမျိုးများအား မယားပါသားကဲ့သို့ သဘောထားပြီး  ရခိုင်ပြည်နယ်ကိုမူ ပထွေးဆီက အမွေရသော ပစ္စည်းပမာ သဘောထားကာ လုံးဝ လျစ်လျူရှု့ ပစ်ပယ်ထားသည်ဟု ရခိုင်ပြည်သူ အများစုမှ ထင်မြင် ယူဆနေကြသည်မှာ ဆယ်စုနှစ်နှင့် ချီပြီး ရှိနေပြီ ဖြစ်သည်ဟု သိရှိရသည်။(နိရဉ္စရာ- ၃၀ စက်တင်္ဘာလ ၂၀၁၃) / မောင်အေး    http://www.thithtoolwin.com

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top