လမ်းဘေးလေလွင့်ကလေးတွေ
ကော်ရှူတဲ့ပြဿနာဟာ ယခုအခါ ကျောင်းသားလောကထဲကိုပါ ရောက်ရှိလာပြီလို့
ကျောက်မြောင်းမြို့နယ်၊ ကယ်တင်ခြင်းတပ်မှာ ပြုလုပ်တဲ့ မူးယစ်ဆေးဝါး
ဆိုးကျိုး အန္တရာယ်အသိပညာပေးဟောပြောပွဲမှ သိရပါတယ်။
'ဒီလိုကော်ရှူတဲ့ပြဿနာကအခု
ဘယ်လိုဖြစ်လာလဲဆိုရင် ကျောင်းသားလောကထဲကို ရောက်နေ တယ်' လို့
ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊
ရန်ကုန်မူးယစ်အရှေ့အထူးအဖွဲ့မှ ရဲအုပ်ဆန်း ဦးက ပြောပါတယ်။
လေလွင့်ကလေးတွေဟာ
ဦးနှောက်ကိုမူးနောက်စေတဲ့ ကော်ရှူတာကို အခုနောက်ပိုင်း ကျယ်ကျယ်
ပြန့်ပြန့် သုံးစွဲလာကြပြီး သူတို့ကတစ်ဆင့် ကျောင်းနေအရွယ်လူငယ်လေးတွေဆီကို
ကူးစက်ပျံ့နှံ့လာ တယ်လို့ သိရတယ်။
ကျောင်းတွင်းနဲ့
ကျောင်းပြင်ပကလေးတွေ ကော်ရှူမှုမြင့်လာရတဲ့အကြောင်းရင်းက ကော်ရှူမှုနဲ့
ပတ်သက်တဲ့ ဥပဒေပြဋ္ဌာန်းထားတာ မရှိသေးတာကြောင့်လို့ သိရပါတယ်။
ကျောင်းသားထုကြားထဲမှာ
ကော်ရှူမှုပြဿနာ ဆိုးဆိုးရွားရွား မပျံ့နှံ့သေးပေမဲ့ လေလွင့်ကလေးတွေ
ကြားထဲမှာတော့ ပျံ့နှံ့မှုတွေ ရှိလာနေပြီဖြစ်ပါတယ်။
လူငယ်တွေကြားထဲမှာ
ဖြစ်ပွားနေတဲ့ ကော်ရှူမှု ပြဿနာကို ထိန်းချုပ်နိုင်ဖို့
ကျန်းမာရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းတွေက
ထိန်းချုပ်ဖို့နည်းဗျူဟာတွေချမှတ် စီစဉ်ဆောင်ရွက်နေ တယ်လို့လည်း သိရတယ်။
လွယ်လွယ်ကူကူရတဲ့
ကော်ဘူးတွေကို လူငယ်တွေဝယ်သုံးလာတာဟာ ကော်ဘူးတွေကို ဈေးပေါပေါ နဲ့
လွယ်လင့်တကူ ဝယ်ယူရရှိနေတာကြောင့်ဖြစ်ပြီး သစ်သားကော်၊ တာယာကျွတ်ဖာတဲ့
ကော်တွေက တစ်ဘူးမှ ၄၀၀ ကျပ်၊ ၂၀၀ ကျပ်ပဲရှိလို့ လေလွင့်ကလေးတွေ
ဝယ်ယူသုံးစွဲနိုင်ကြတာ ဖြစ်ပါတယ်။
ကုမုဒြာဂျာနယ်
အတွဲ(၃)၊ အမှတ်(၂၅)၊ စက်တင်ဘာ ၂၄၊ ၂၀၁၃
http://www.maukkha.org
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.