0

 

ရုရှားနိုင်ငံ၌ ပြဌာန်းရန် စီစဉ်ထားသော ကျောင်းသုံးသမိုင်း သင်ရိုးသစ်တွင် သမ္မတဗလာဒီမာပူတင်၏ နိုင်ငံရေး ဖြတ်သန်းမှုများကိုလည်း တစ်ခန်းတစ်ကဏ္႑ ထည့်သွင်းသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၄ရက် သတင်းများ၌ ဖော်ပြထားသည်။ ဘောရစ်ယဲ့ဆင်တံမှ သမ္မတရာထူးကို စတင်လွှဲပြောင်းယူချိန် ၂၀၀၀ပြည့်နှစ်မှ သမ္မတရာထူး တတိယသက်တမ်းအတွက် ရွေးကောက်ပွဲ ၀င်ပြိုင်ချိန် ၂၀၁၂ခုနှစ်အကြားကာလ ပူတင်လက်ထက် ရုရှားနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်များကို ကျောင်းသုံးသမိုင်း သင်ရိုးသစ်၌ အခန်းတစ်ခန်းအဖြစ် ထည့်သွင်းသွားမည်ဖြစ်ကြောင်း၊ ရုရှားမီဒီယာများ၏ အဆိုအရ သိရသည်။


အချိန်ယူ၍ ညှိနှိုင်းတိုင်ပင်ပြီးမှသာ သမ္မတပူတင်၏ နိုင်ငံရေးသက်တမ်းတစ်လျှောက် ရုရှားနိုင်ငံ၏ ဖြစ်စဉ်များကို ကျောင်းသုံးသမိုင်း သင်ရိုးသစ်၌ ထည့်သွင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားပညာရေး ၀န်ကြီးဌာန တာ၀န်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ရုရှားနိုင်ငံ၏ တိကျသော သမိုင်းဖြစ်စဉ်များ ပါ၀င်သည့် စံချိန်စံညွှန်းမီ သမိုင်းသင်ရိုးသစ်ကို ရေးဆွဲရန် ရုရှားသိပ္ပံအကယ်ဒမီမှ သမိုင်းပညာရှင်များကို သမ္မတပူတင်က ယခုနှစ်အစောပိုင်းတွင် ညွှန်ကြားထားကြောင်း သတင်းများ၌ ဖော်ပြထားသည်။

ကျောင်းသုံး သင်ရိုးသစ်၌ ၄င်း၏နိုင်ငံရေး ဖြတ်သန်းမှုဖြစ်စဉ် ထည့်သွင်းမည့်အစီအစဉ်ကို သမ္မတပူတင်က ကန့်ကွက်ခဲ့ကြောင်း၊ ၄င်း၏ကြိုးပမ်းမှုကို စံနှုန်းဖြတ်ရန် အချိန်မတိုင်သေးဟု သမ္မတပူတင်က ယူဆထားကြောင်း ရုရှားမီဒီယာများ၏ အဆိုအရ သိရသည်။ အလားတူ သမ္မတပူတင်သည် ကျောင်းသုံးသမိုင်း သင်ရိုးသစ်ရေးဆွဲမှုနှင့် ပတ်သက်၍ ပညာရှင်များနှင့် ဆရာများအပေါ် တစ်စုံတစ်ရာ စွက်ဖက်မှု မလုပ်ခဲ့ကြောင်းကိုလည်း ရုရှားအစိုးရ တာ၀န်ရှိသူတစ်ဦးက ပြောကြားခဲ့သည်ဟု သိရသည်။


Ref-Myanmar ICT

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top