သင့်ကို မေ့မရလောက်အောင် အကောင်းဆုံး တုန့်ပြန်ပေးလိုက် -Steve Martin
အသက်ငယ်စဉ် အခွင့်အရေးကြီးများ ရတာ ကောင်းတယ်။
အကြောင်းကတော့ ဆုံးရှုံးနိုင်ချေနည်းလို့။ ဖြစ်သမျှ၊ ရသမျှ ကိုယ့်အတွက်
အမြတ်ချည်းပဲ။ - Amy Poehler
အရှုံးကို ကျောခိုင်းပြီး
လှည့်ထွက်လိုက်ချိန် ကိုယ်အကောင်းဆုံး လုပ်ဖြစ်ခဲ့တာကို ပြန်တွေးဖြစ်တယ်။
သို့ပေမယ့် အောင်မြင်တယ်လို့ ယုံကြည်ပြီး လှည့်ထွက်လာတဲ့
အရာတစ်ခုအတွက်ကတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင် ဆွံ့အသွားတတ်တယ်။ -
Louis C.K.
တစ်စုံတစ်ခု ဖြစ်လာရုံလေးပဲ မဖန်တီးနဲ့။ အကြောင်းက
လူတိုင်းလုပ်နိုင်တယ် သို့မဟုတ် လွယ်ကူနေလို့ပါ။ ဒါဆို သင်မပျော်တော့ဘူး။
အမှန်တကယ်ကို လုပ်ချင်၊ရချင်စိတ် ပြင်းထန်တဲ့ အရာတစ်ခုကို အတားအဆီး
များကြားကနေ မဖြစ်ဖြစ်အောင် လုပ်ယူ ကြိုးစားရမှာ ဖြစ်ပါတယ။် - Kristen Wiig
အလုပ်ကြိုးစား၊ ကြင်ညာတတ်ပါစေ၊ သင့်အတွက် တူမတူနဲ့ ရလဒ်ကောင်းတွေ ပေးလိမ့်မယ်။ - Conan O’Brien
ကျနော်ဟာ
အမြဲတမ်း အချိန်မှန်၊ နေရာမှန်ကို ရောက်တယ်။ အကြောင်းကတော့ အဲ့နေရာကို
ရောက်အောင် ကိုယ့်ကိုယ်ကို မောင်းနှင်ထားလို့ပဲ။ - Bob Hope
ကိုယ်
လုပ်ရတဲ့ အရာမှန်သမျှကို ချစ်မြတ်နိုးပါ။ အကောင်းမြင်ပေးပါ။
ယှဉ်ပြိုင်မှုဆိုတာ ယနေ့မှာ ရှားပါးလှတဲ့ ကုန်ပစ္စည်းတစ်ခုမို့၊
စိန်ခေါ်နေသူတွေကို လက်ကမ်းလို့ခေါ်ပါ။ - Jon Stewart
အောင်မြင်ချင်တယ်ဆိုရင် အောင်မြင်ချင်တဲ့ ဆန္ဒက ကျရှုံးမှုအပေါ် ကြောက်ရွံ့ မှုထပ် အင်အား ကြီးမား နေရမယ်။ - Bill Cosby
ရေလွှာချောရဲ
့ ထိပ်မှာနေပြီး တွေးပြီး ကြောက်နေသူတဲ့ ကလေးလို မဖြစ်ရဘူး။ ချောစီးပြီး
ရေပေါ်ကျအောင် စီးဆင်း နိုင်ဖို့လိုတယ်။ - Tina Fey
ကျနော်ကတော့
ကိုယ်ချစ်တဲ့ တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက် အပေါ် ကျရှုံးခြင်းက
ကိုယ်မုန်းနဲ့ တစ်စုံတစ်ခု/တစ်ယောက် အပေါ် အောင်နိုင်ခြင်းထပ်
ပိုမြတ်တယ်လို့ ရိုးရိုးသားသား မြင်မိပါတယ်။ - George Burns
ကမ္ဘာမှာ
မရှိသေးတဲ့ အရာတစ်ခုခုကို ခများ ဖန်တီးသယ်ဆောင်လာသင့်တယ်။ ရုပ်ရှင်
ဖြစ်ဖြစ်၊ စားပွဲတစ်လုံးပဲ ဖြစ်ဖြစ်၊ ပန်းခြံပဲ ဖြစ်ဖြစ်
ဘယ်အရာကိုမဆိုပေါ့။ ပြီးရင် အဲ့နောက်မှာ ထိုင်ပြီး ဒါငါလုပ်ခဲ့တယ်လို့
ပြောပြလိုက်ရုံ ပါပဲ - Ricky Gervais
အောင်ခမ်း ( TSJ Team )
.
Related Posts
တကယ်တော့ အမေဆိုတာ
သင့်အမေက ၉ လလောက် ဝမ်းထဲမှာ လွယ်ပြီး ၁၀ လမြောက်လောက်မှာ မွေးတယ်။ အဲဒီ ၉ လအတွင်းမှာ (၁) ပျို့အန်တယ်[...]
Dec 12, 2013ဟယ်ရီပေါ်တာကြောင့် ကြီးပွားသော်လည်း ရေခဲမုန့် သည် လုပ်သူ
ဟယ်ရီပေါ်တာ ရုပ်ရှင်မှာ ဇာတ်ပို့ သရုပ်ဆောင် မင်းသား အနေနဲ့ ပါဝင်တဲ့ Rupert Grint ဖြစ်ပါတယ်။ [...]
Dec 12, 2013နယ်လ်ဆင်မင်ဒဲလားမှ ရသော သင်ခန်းစာ
နယ်လ်ဆင်မင်ဒဲလားသည် ၁၉၁၈ ခုနှစ် ၁၈ တွင် မွေဖွားခဲ့သော အာဇာနည် တစ်ယောက် ဖြစ်ပါတယ်။ မွေဖွားလာ[...]
Dec 11, 2013တီရှပ်ဝတ်ရင်း သူဌေး ဖြစ်သူ
တီရှပ်ဝတ်ရင်း သူဌေးဖြစ်နိုင်မယ်လို့ ဘယ်သူမှ ထင်မထားပါဘူး။ ပုံမှာ တွေ့မြင်နေရတဲ့ Jason Sadle[...]
Dec 10, 2013ကမ္ဘာ့အသေးဆုံး နိုင်ငံ
Vatican မြို့ဟာ ကမ္ဘာပေါ်မှာ အသေးဆုံး နိုင်ငံ ဖြစ်တယ်လို့ သိရပါတယ်။ Vatican တွင် လူသီးရေ စုစုပေါင်[...]
Dec 10, 2013
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.