ကမ္ဘာမှာ တရုတ်ပြည်ဟာ အင်တာနက် ပေါ်လစီ အတင်းကြပ်ဆုံး နိုင်ငံ ဖြစ် ပါတယ်။
၂၀၀၉ ခုနှစ်က စလို့ Facebook နဲ့ Twitter အသုံးပြုခွင့်ကို တရုတ်ပြည်မှာ
တားမြစ်ပိတ်ပင်ခဲ့ပြီး ဖြစ်ပါတယ်။ Google ကိုလည်း Feature အချို့ သာ
ဖွင့်ထားပေးပြီး အသုံးပြုစေတဲ့အခြေအနေ တစ်ခု ဖြစ်ပါ တယ်။ ခုတော့ Free Trade
Zone အတွက် ဖွင့်ပေးပါတော့ မယ်။
သို့ပေမယ့် ဝမ်းနည်းစရာက ယင်းဖွင့်ပေးမှုဟာ
နိုင်ငံခြားသားတွေ အတွက် ပဲ ဖြစ်ပါတယ်။ Free Trade Zone တစ်ခု သတ်မှတ်ပြီး
ပြည်ပမှ ရင်းနှီးမြှုပ်နှံ လိုသူများကို စီးပွားရေး လွတ်လပ်စွာ လုပ်ကိုင်စေ
မယ့် နေရာဒေသ ဖြစ်ပါတယ်။ ဒီအတွက် ဘယ်နေရာတွေ ဖြစ်မယ် ဆိုတာကိုတော့
မကြေညာသေး ပါဘူး။ Facebook တို့၊ NY Time တို့ကနေ သတင်းအချက်အလက်ကို
လွတ်လပ်စွာ ဖတ်ရှုခွင့် မရှိတဲ့ နိုင်ငံခြားသား တစ်ယောက် အနေနဲ့
တရုတ်ပြည်မှာ စီးပွားရေး လုပ်ရန် ဝံ့ရဲမှာ မဟုတ်ကြောင်း တရုတ်ပြည်မ အစိုးရ
တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။
လက်ရှိ တရုတ်ပြည်ဟာ ကမ္ဘာအကောင်းဆုံး
Firewall မှာ အသုံးပြုနေ တဲ့ နိုင်ငံလို့လည်း လူသိများ၊ ကျော်ကြား ပါတယ်။
အကြောင်းကတော့ တရုတ်ပြည်သို့ ဝင်ရောက်တဲ့ အင်တာနက်လိုင်းများကို ဖြတ်တောက်၊
တားဆီးမှုများကို သေချာ ပြုလုပ်ထားလို့ပါ။ ဟောင်ကောင်နဲ ထိုင်ဝမ် ကတော့
တရုတ်ပြည်မ နဲ့ စာရင် လွပ်လပ်ပြီး Social Media အသုံးပြုခွင့် ရှိပါတယ်။
Facebook/ Twitter ကို တစ်နိုင်ငံလုံး အသုံးပြုစေနိုင်ရန် အတွက်လည်း
တောင်းဆို ဆွေးနွေးတဲ့ တရုတ် ခေါင်းဆောင်ကြီးများလည်း ရှိနေကြောင်း
သိရပါတယ်။
.
Ref: mashable
အောင်ခမ်း ( TSJ Team )
Related Posts
ယူကရိန်းအစိုးရ အရှေ့ပိုင်းဒေသမှာ ထိန်းချုပ်နိုင်ဖို့ ကြိုးစား
ယူကရိန်းအစိုးရဟာ ရုရှားကိုလိုလားနေကြတဲ့ နိုင်ငံရဲ့အရှေ့ပိုင်းက မြို့ကြီးတွေကို ထိန်းချုပ်ထာ[...]
Apr 09, 2014အီတလီနိုင်ငံမှာ ပြီးခဲ့တဲ့ ၄၈ နာရီ အတွင်းက မြေထဲ ပင်လယ်ထဲမှာ လှေနဲ့ မျောနေကြတဲ့ ဒုက္ခသည်ပေါင်း ၄ ထောင် နီးပါးကို ကယ်တင်လိုက်နိုင်တယ်လို့ အီတလီ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
အရေးပေါ် လုပ်ဆောင်ရတဲ့ ကိစ္စတွေမှာ တဖြည်းဖြည်း အခြေအနေ ဆိုးတွေ ပိုတွေ့လာရတယ်လို့ အဲဒီ ပြည်ထဲရေ[...]
Apr 09, 2014အမျိုးသမီးများရဲ့ စကပ်အောက်ကို ဗွီဒီယိုရိုက်ကူးသူ ထောင်ကိုးလကျ
စင်ကာပူနိုင်ငံ Resorts World Sentosa မှာ System Technician အဖြစ် လုပ် ကိုင်နေသူ တစ်ဦးကို အမျိုးသ[...]
Apr 07, 2014ဆော်လမွန်းကျွန်းနိုင်ငံ ရေလွှမ်းမိုးမှုကြောင့် လူ ၁၅ ဦး သေဆုံး
ဆော်လမွန်းကျွန်းနိုင်ငံမှာ ရုတ်တရက် ရေလွှမ်းမိုးမှုကြောင့် ဧပြီ ၆ ရက်မှာတော့ အနည်းဆုံး လူ [...]
Apr 06, 2014ယူကရိန်းအစိုးရရုံးတချို့ ရုရှားလိုလားသူတွေ စီးနင်းခံရ
ယူကရိန်းနိုင်ငံမှာ ရုရှားထောက်ခံတဲ့ ဆန္ဒပြလူစုကြီးဟာ နိုင်ငံအရှေ့ပိုင်းမှာ အစိုးရ အဆောက်အအုံတွေက[...]
Apr 06, 2014ရုရှားလိုလားသူတွေက ယူကရိန်းအစိုးရရုံးတွေသိမ်း
ယူကရိန်း ယာယီသမ္မတ Oleksandr Turchynov ကလီသူရေးနီးယားကို သွားမယ့်ခရီးစဉ်ကို ပယ်ဖျက်လိုက်ပြီး မတည်ငြိ[...]
Apr 06, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.