မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းချိန်တွင်
တွေ့ကြုံရမည့် အခွင့်အလမ်းများနှင့် စိန်ခေါ်ချက်များဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို
စက်တင်ဘာ ၂၉ရက် မွန်းလွဲ ၁နာရီမှ ၄နာရီအထိ တော်၀င်နှင်းဆီခန်းမတွင် ပြုလုပ်မည်ဟု သိရသည်။
ထိုဆွေးနွေးပွဲကို သံလွင် (Citizen Empowerment Program)နှင့် Institute for Peace
and Social Justic-IPSJတို့က ပူးပေါင်း စီစဉ်ခြင်းဖြစ်ပြီး ဦးဆောင်ဆွေးနွေးမည့်သူများမှာ
ဦးမော်သန်း (ပါမောက္ခချူပ်/ငြိမ်း)၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ ဒေါက်တာသောင်းထွန်း
(Institute for Peace and Social Justic-IPSJ)နှင့် ဦးမင်းဇင် (နိုင်ငံရေး သိပ္ပံပညာရှင်)တို့ဖြစ်ကြောင်း
သိရသည်။
ဆွေးနွေးပွဲစီစဉ်သူများထဲမှ
တစ်ဦးဖြစ်သူ ကိုဇော်မင်းကျော် (ပြည်သွေးနိုင်-ရနံ့သစ်)က “အကူးအပြောင်းကာလမှာ အဆင်မပြေမှုတွေ
အခက်အခဲတွေ တွေ့နေရတယ်။ နှစ် ၅၀ စစ်အုပ်ချူပ်ရေး အောက်ကနေ လွတ်မြောက်လာတဲ့အခါမှာ အင်စတီကျူးရှင်းတွေလည်း
ကောင်းကောင်းမရှိဘူး။ ပဋိပက္ခတွေလည်း ဖြစ်နေတယ်။ စီးပွားရေး အကျပ်အတည်းတွေလည်း ဖြစ်နေတယ်။
အဲဒီအခက်အခဲတွေကြားထဲမှာ အဖြေတစ်ခုရှာတဲ့ သဘောပါပဲ။ ကျွန်တော်တု့ိ ခေါင်းစဉ်အရကို အခွင့်အလမ်းတွေနဲ့
စိန်ခေါ်ချက်ပေါ့နော်။ အကူးအပြောင်းကာလမှာ အခွင့်အလမ်းတွေ ရှိတယ်။ အဲဒါတွေကို ဘယ်လိုအသုံးချမလဲ။
အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာကို ရှုထောင့်တစ်ခုကနေ စဉ်းစားပြီးရင် လက်ရှိ
အသွင်ကူးပြောင်းရေး ကာလကို အထောက်အကူရဖို့ ရည်ရွယ်လုပ်ဆောင်တာပါဟု The Daily
Elevenသို့ ပြောကြားသည်ဟု သိရသည်။
သံလွင်အဖွဲ့ကို ဒေါက်တာရန်မျိုးသိမ်း၊
ကိုဇော်မင်းကျော်၊ မခင်လေး၊ ကိုဆန်နီ၊ နေဘုန်းလတ်တို့ ပူးပေါင်းတည်ထောင်ထားခြင်းဖြစ်ပြီး
သံလွင်အဖွဲ့၏ ရည်ရွယ်ချက်အနေနှင့် Democratic Citizenများ ဖြစ်ရန်နှင့် Civil
Societyများ ထွန်းကားလာစေရန် ဖြစ်သည်ဟု ဆိုသည်။ သံလွင်အဖွဲ့သည် လူငယ်များအား သင်တန်းများ
ပေးနေသည်ဟုလည်း သိရသည်။
Ref-Myanmar ICT
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.