ဝိပဿနာဆရာကြီး ဦးဂိုအင်ကာသည် စက်တင်ဘာ ၂၉ ရက် ည ၁၁ နာရီခန့်က သူ၏နေအိမ်တွင် ကွယ်လွန်သွားခဲ့ကြောင်းသတင်းရရှိသည်။
သူ၏ ဈာပနကို အောက်တိုဘာ ၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံဘုံဘေမြို့တွင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
ဆရာကြီး ဦးဂိုအင်ကာသည် ၁၉၂၄ ခုနှစ်က မြန်မာနိုင်ငံ မန္တလေးမြို့တွင်မွေးဖွားခဲ့ပါသည်။
Popular Myanmar News Journal
Next
လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ရခိုင်မိသားစုများ တွေ့ဆုံပွဲ အကျိုးရှိသည်ဟုဆို ( ဤဓါတ်ပုံအား Rakhine Citizen Journalists Facebook မှ ကူးယူဖေါ်ပြသည်။) ရခိုင်ပြည်နယ်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစုတွေ့ဆုံ ဆွေးနွေးပွဲ ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့တွင် စက်တင်္ဘာလ ၂၉ ရက်နေ့က ကျင်းပ ပြုလုပ်သော ဆွေးနွေးပွဲသို့ ပြည်ထောင်စု လွှတ်တော် နာယကလည်း ဖြစ်၊ ပြည်သူ့လွှတ်တော် ဥက္ကဌလည်း ဖြစ်သော သူရ ဦးရွှေမန်း တက်ရောက်ပြီး ရခိုင်မိသားစုများ၏ တင်ပြချက်များကို အထူးဂရုပြု နားထောင်ခဲ့သည်ဟု သိရသည်။၎င်းဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် အတွင်းရှိ ၁၇ မြို့နယ်မှ တစ်မြို့နယ် (၃) ဦးကျစီဖြင့် ကိုယ်စားလှယ် (၅၀) ကျော် တက်ရောက်ခဲ့ပြီး လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းအား ရခိုင်ပြည်နယ်သူ ပြည်နယ်သားများ၏ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲ အကျပ်အတည်းများကို ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးတင်ပြခဲ့ကြသည်ဟု တက်ရောက်ခဲ့သူများက ဆိုသည်။ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် နှစ်ပေါင်း ၆၅ နှစ် ကာလအတွင်း နိုင်ငံရေး၊ လူမူရေး၊ စီးပွားရေး စသည့် ဘက်ပေါင်းစုံ အခက်အခဲများနှင့် အထူး ဆိုးဝါးစွာ ရင်ဆိုင်နေကြရာ နိုင်ငံ၏ ထိပ်တန်း ခေါင်းဆောင် တစ်ဦးကို ပထမဆုံး ရခိုင်အမျိုးသားက တွေ့ဆုံပြီး မိမိတို့ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများ ရင်ဖွင့် ပြောဆိုခွင့် ရရှိခဲ့သဖြင့် အကျိုးရှိသော တွေ့ဆုံမူဖြစ်သည်ဟု ဆိုသည်။ရခိုင်ပြည်နယ်အတွင်း လက်ရှိ မတည်မငြိမ် ဖြစ်သော ဘင်္ဂလီ ကိစ္စ၊ စီးပွားရေး ကျပ်တည်းမူနှင့် အလုပ်အကိုင် ရှားပါးမူကြောင့် ရခိုင်လူမျိုးများ နေရပ်ရင်း စွန့်ခွာနေရသော လူမျိုးရေး ဆိတ်သုန်းမူ လမ်းသော ဦးတည်နေသော ကိစ္စ၊ ရခိုင်မှ ထွက်ရှိသော သဘာဝ သယံဇာတများကို ဆင်းရဲ နိမ့်ကျနေသော ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ခွဲဝေ သုံးစွဲခွင့် ရရှိရေး ကိစ္စရပ်များကို ရခိုင် အမျိုးသားများဘက်ကမှ အလေးအနက် တင်ပြ ခဲ့ကြသည်ဟု ဆိုသည်။ကျောက်ဖြူမြို့နယ် ကိုယ်စားလှယ်များက တင်ပြခဲ့သည့် အကြောင်းအရာများကို ယင်းမြို့နယ် ကိုယ်စားလှယ် ဆရာထွန်းလွင်က နိရဉ္စရာသို့ ယခုလို ပြောသည်။“ ကျွန်တော်တို့က စာတမ်း တစ်ခုတင်ပါတယ်။ ၃ မိနစ်သာ ဆွေးနွေးခွင့်ရတဲ့အတွက် ရွှေဂစ် ကိစ္စရယ်၊ ဘင်္ဂလီနဲ့ ပတ်သတ်တဲ့ကိစ္စ အပါအ၀င် တခြားအချက်တွေကိုလည်း ဆွေးနွေး တင်ပြခဲ့ပါတယ်။ အဲဒီအထဲမှာ ဘင်္ဂလီကိစ္စကိုတော့ အားလုံးမြို့နယ်တိုင်းက ကိုယ်စားလှယ်တွေ တင်ပြ ဆွေးနွေးကြပါတယ်” ဟု ၎င်းက ဆိုသည်။ရခိုင်ပြည်နယ် မြို့နယ်တိုင်းမှ ကိုယ်စားလှယ်များ တင်ပြဆွေးနွေးကြသည့် အထဲတွင် ဘင်္ဂလီ လူမျိုးများ၏ ကျူးကျော်မူနှင့် ရခိုင်ပြည်နယ်ကို အပိုင်သိမ်းရန် ကြံရွယ်ချက်များကို တင်ပြကြရာ သူရ ဦးရွှေမန်းမှ အလေးအနက်ထား နားထောင်ပြီး၊ တစ်စုံတစ်ရာ ကောက်ချက်ချ မပြောကြားသော်လည်း လွတ်တော်တွင် ဆွေးနွေးရန် လိုအပ်သည်ဟု ပြန်လည် ပြောဆိုခဲ့ကြောင်း ဆရာထွန်း လွင်က ဆိုသည်။“ သူရ ဦးရွှေမန်းကတော့ ရွှေ သဘာဝ ဓါတ်ငွေ့နဲ့ တခြားကိစ္စတွေကိုတော့ နားထောင်ရုံ သက်သက်ဘဲ။ ပြန်ဆွေးနွေးတာမရှိဘူး။ ဘင်္ဂလီ ကိစ္စကို မြို့နယ်တိုင်းက တင်ပြဆွေးနွေးကြတဲ့ အတွက် လွတ်တော်မှာဆက်ပြီး ဆွေးနွေးရမယ်။ ရခိုင်တွေရဲ့အကြောင်းကို နားလည်ရုံနဲ့ မပီးဘူး။ ရခိုင်တွေရဲ့ ခံစားနေရတာတွေကို ကိုယ်ချင်းစာနာရုံနဲ့ မပီးဘူး။ လွှတ်တော်ဘက်က ဆောင်ရွက် ပေးသင့်တာကို ဆောင်ရွက် ပေးနိုင်ဖို့အတွက် လွတ်တော်မှာဆက်ပြီး ဆွေးနွေးရမယ်လို့ သူက ပြောဆို သွားပါတယ်” ဟု ကိုထွန်းလွှင်က ပြောသည်။ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ ရန်ကုန်မြို့ရှိ နိုင်ငံတကာ စီးပွားရေး ခန်းမ (IBC) တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ဆွေးနွေးပွဲကို ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့မှ ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့ရှိ ရခိုင်အသင်းအဖွဲ့မှ ကိုယ်စား လှယ်များ (၅၀) ကျော်အပါအ၀င် တခြား ဖိတ်ကြား ထားသူ စုစုပေါင်း ပရိသတ် ၅၀၀ နီးပါးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။သံတွဲမြို့နယ်မှ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကိုစိန်ချစ်ကလည်း သူတို့မြို့နယ်အတွက် ဆွေးနွေးခဲ့သည့် ကိစ္စရပ်များ ကို ယခုကဲ့သို့ပြောသည်။“ ကျွန်တော်တို့က ၁၉၈၂ ခု နိုင်ငံသားဥပဒေနဲ့ ဆွဲ၊တင်၊စစ်ကိစ္စ။ နောက်တခါ တရားရေး စနစ်ကို ပြန်လည် ဆန်းစစ်သင့်တဲ့ ကိစ္စ၊ နောက်ပြီး ပုဒ်မ ၁၈ ကို ပြည်သူ့လွတ်တော်မှာ ပြန်လည် ဆန်းစစ် သင့်တယ် ဆိုတဲ့ အချက်တွေနဲ့ တခြား အချက် တွေကိုလည်း ဆွေးနွေးခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် မြို့အသီးသီးမှ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက မိမိတို့မြို့နယ် အလိုက် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြပြီး စာတမ်းများကိုလည်း တင်ခဲ့ကြသည်။ဆွေးနွေးပွဲကို လွှတ်တော် ဥက္ကဌ သူရရွှေမန်း၊ ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် ရန်ကုန်တိုင်း အစိုးရ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်ဟု သိရသည်။လာမည့်လွတ်တော်အစည်းအဝေးတွင် တိုင်းရင်းသားရေးရာ ကိစ္စများကို ဆွေးနွေးရန်ရှိသည့်အတွက် ရခိုင်တိုင်း ရင်းသားများမှ ယခုကဲ့သို့တင်ပြခွင့်ရသည့်အတွက် ဆွေးနွေးပွဲကို ကြေနပ်မှု ရှိကြောင်းလည်း ကျောက်ဖြူ ကိုယ်စားလှယ် ဆရာထွန်းလွင်က ဆိုသည်။ယခုတွေ့ဆုံမူသည် သမိုင်းနှင့်ချီပြီး ဗမာ အုပ်ချုပ်သူများ အပေါ် ရခိုင်အမျိုးသားများမှ ယုံကြည်မူ ကင်းမဲ့နေမူနှင့် ရခိုင်ပြည်နယ် မဖွံ့ဖြိုး မတိုးတက်ဘဲ အဘက်ဘက်မှ နိမ့်ကျနေရခြင်းမှာ လူမျိုးရေး အရ ဗမာ အုပ်ချုပ်သူများက ပေါ်လစီချမှတ် ကျင့်သုံးနေသည်ဆိုသော သံသယကို အထိုက်အလျှောက် ပြေလျှော့ကျစေလိမ့်မည်ဟု ရခိုင်နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောဆိုသည်။မြန်မာ အုပ်ချုပ်သူများသည် ရခိုင်လူမျိုးများအား မယားပါသားကဲ့သို့ သဘောထားပြီး ရခိုင်ပြည်နယ်ကိုမူ ပထွေးဆီက အမွေရသော ပစ္စည်းပမာ သဘောထားကာ လုံးဝ လျစ်လျူရှု့ ပစ်ပယ်ထားသည်ဟု ရခိုင်ပြည်သူ အများစုမှ ထင်မြင် ယူဆနေကြသည်မှာ ဆယ်စုနှစ်နှင့် ချီပြီး ရှိနေပြီ ဖြစ်သည်ဟု သိရှိရသည်။(နိရဉ္စရာ- ၃၀ စက်တင်္ဘာလ ၂၀၁၃) / မောင်အေး http://www.thithtoolwin.com
Previous
၂၄ နာရီ လျှပ်စစ်မီး ရရှိရေး ရမ်းဗြဲတွင် လူပေါင်း ၃၀၀၀ ကျော် ချီတက် ဆန္ဒပြ
Related Posts
ဖားကန့်မှာ ကျောက်စိမ်းမှောင်ခိုကား ၁၁ စီး ဖမ်းဆီးရမိ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှာ မနေ့ညနေပိုင်းက တရားမဝင် သယ်ဆော[...]
Apr 09, 2014ကိုယ်စားလှယ်လောင်းတွေသာ ကိုယ်စားပြု မဲဆန္ဒနယ်မှာ စည်းရုံးခွင့်ရတော့မည်
လာမယ့် ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းဟာ သူရဲ့ မဲဆန္ဒနယ်မှာ သူကိုယ်တိုင်[...]
Apr 09, 2014မှတစ်ဆင့်ပထမဦးဆုံးဖုန်း အသံနှင့်ဗွီဒီယိုခေါ်ဆိုမှုအောင်မြင်စွာပြုလုပ်ခဲ့ (၇.၄.၂၀၁၄)
တယ်လီနောမြန်မာမှ၎င်းတို့ကုမ္ပဏီ၏ Live Core Network မှတစ်ဆင့် ပထမဦးဆုံးဖုန်းခေါ်ဆိုမှုကိုအောင်မြင[...]
Apr 07, 2014ကြည်နးဂုဏ်ယူစရာကိုကိုကြီးနှင့် မခင်သူသူဝင်းတို့ ၏မင်္ဂလာဧည့်ခံပွဲ
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦး အဖြစ်ထင်ရှားတဲ့ ဦးကိုကိုကြီးနှင့် မခင်သူသူဝင်း တို [...]
Apr 07, 2014ကာချုပ် ရှမ်းပြည်နယ်ခရီး လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံ
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့-SSPP-SSA [...]
Apr 07, 2014စစ်တပ်ပိုင် ဂန္ဓမာဟိုးဆေး စင်တာကို မီးအာမခံကြေး သိန်း ၁၄၀၀ ကျော်ပေး
ပုဂ္ဂလိက အာမခံကုမ္ပဏီတွေ စတင်တည်ထောင်ပြီးနောက်ပိုင်း ပမာဏ အများဆုံး အာမခံကြေးအဖြစ် ပြီးခဲ့တဲ့နှစ်က[...]
Apr 07, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.