0
ယခုနှစ်အတွက် ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုန်အမှတ်တံဆိတ် နေရာကို Apple က ရယူလိုက်ပြီ ဖြစ်ပါတယ်။

Interbrand's 2013 global brand ranking က ကြေညာတဲ့ စာရင်းအရ ဖြစ် ပါတယ်။ Brand ရဲ့  တန်ဖိုးက အမေရိကန်ဒေါ်လာ ၉၈.၃ ဘီလျံ ဖြစ်ပါတယ်။ ဒုတိယ နေရာလိုက်သူကတော့ ကိုကာကိုလာ ဖြစ်ပြီး သူ့ Brand ရဲ့  တန်ဖိုးက အမေရိကန်ဒေါ်လာ ၇၉.၂ ဘီလီယျံ ဖြစ်ပါတယ်။ Apple ဟာ ၂၀၁၁ ခုနှစ်က နံပါတ် ၈ မှာပဲ ရှိခဲ့တဲ့ ကုမ္မဏီ ဖြစ်ပါတယ်။ ၂ နှစ်အတွင်း စီးပွားရေး မြင့်တက်လာမှုနဲ့ ကုန်ပစ္စည်း အရည်အသွေးကြောင့်မို့ ဖြစ် ပါတယ်။


IBM က ၇၈.၈ ဘီလျံနဲ့ တတိယနေရာမှာ ရှိပြီး၊ Microsoft ကတော့ ၅၉.၅ ဘီလျံနဲ့ စတုတ္ထနေရာမှာ ရှိပါတယ်။ General Electric, McDonald's Samsung, Intel နဲ့ Toyota တို့က အစဉ်လိုက် လိုက်ပါတယ်။ Amazon နဲ့ Facebook ကတော့ အဆင့် ၁၉ နဲ့ ၅၂ နေရာတွေမှာ ရှိနေပါတယ်။ အမြန်ဆုံး အမည်ရရှိလာတဲ့ Top risers ကုမ္မဏီများအဖြစ် အသတ်မှတ်ခံ ခဲ့ရကြောင်း သိရပါတယ်။
.
Ref: mashable
Aung Kham (TSJ Team)
.

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top