0

 

အချိန်ကို တန်ဖိုးထားကာ မိမိဘ၀တိုးတက်မြင့်မားလာရန်နှင့် မိမိတို့၏ ဝါသနာအရည်အချင်းများနှင့် ကိုက်ညီသည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိကာ အောင်မြင်မှုပန်းတိုင်ကို အလွယ်တကူ တက်လှမ်းနိုင်ပြီး လမ်းသစ်တစ်ခုကို လျှောက်လှမ်းနိုင်ရန် ရည်ရွယ်၍ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် MCG (Mandalay Consultant Group) General Service Co., Ltd မှ ဦးဆောင်ပြီး အလုပ်အကိုင် အခွင့်အလမ်းရှာဖွေပွဲ JOB-FAIR MCG 2013ကို အောက်တိုဘာ ၂၇ရက်တွင် မန္တလေးမြို့ ၃၃x၇၇လမ်းထောင့်ရှိ ဒိုင်းမွန်းပလာဇာလေးလွှာ Cineplex အောက်ထပ်တွင် နံနက် ၉နာရီမှ ည ၇နာရီအထိ ကျင်းပသွားရန် စီစဉ်လျက်ရှိကြောင်း MCGမှ တာ၀န်ရှိသူ မနှင်းပွင့်ဖြူက ပြောကြားသည်ဟု သိရသည်။


အဆိုပါပွဲတွင် ပြည်တွင်းကုမ္ပဏီ ၆၀နှင့် နိုင်ငံခြားကုမ္ပဏီများ ပါ၀င်မည်ဖြစ်ရာ အလုပ်အကိုင် ရှာဖွေလိုသော လူငယ်၊ လူရွယ်များအား အရည်အချင်း ပြည့်မီသော ၀န်ထမ်းကောင်းများ ရှာဖွေလိုသော အလုပ်ရှင်များနှင့် တွေ့ဆုံပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်လျက် ရှိသည့်အပြင် လုပ်ငန်းခွင်တွင် ၀န်ထမ်းမမြဲခြင်း၊ ၀န်ထမ်းများ၏ စွမ်းဆောင်ရည်များ မြင့်မားစေရန် လိုအပ်ချက်များစသည့် အကြောင်းအရာ ခေါင်းစဉ်တို့ကိုလည်း ဆွေးနွေးပွဲ ပြုလုပ်သွားရန် စီစဉ်ထားခြင်း၊ ကုမ္ပဏီများနှင့် လျှောက်လွှာရှင်များ တစ်နေရာတည်းတွင် တွေ့ဆုံပြီး ချက်ချင်း အလုပ်ခန့်ထားနိုင်ရန် အင်တာဗျူးခန်းများကိုလည်း စီစဉ်ထားသည်ဟု ဆိုသည်။

အလုပ်အကိုင် ရှာဖွေလိုသူများအနေဖြင့် ပြပွဲသို့ ဓာတ်ပုံလေးပုံ၊ မှတ်ပုံတင်၊ ရပ်ကွက်/ ရဲစခန်းထောက်ခံစာ၊ အိမ်ထောင်စုဇယား မိတ္ထူ၊ ဘွဲ့လက်မှတ်နှင့် အခြားပညာအရည်အချင်း လက်မှတ်များကို မူရင်းတစ်စုံ၊ မိတ္ထူနှစ်စုံယူလာပြီး လျှောက်ထားရန်ဖြစ်ကြောင်း သိရပါသည်။



Ref-Myanmar ICT

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top