ရန်ကုန်၊ စက်တင်ဘာ ၂၉
လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စာရွက်သား
အရည်အသွေး မြှင့်ထားသော အလယ်တန်းနှင့် အထက်တန်းအဆင့် အတန်းများအတွက်
ပြဋ္ဌာန်းစာအုပ် တန်ဖိုးမှာ ယခင်တန်ဖိုး ထက် နှစ်ဆတက်မည် ဖြစ်ကြောင်း ပညာရေး
စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့
ပြောကြားသည်။
အဆိုပါ ပြဋ္ဌာန်းစာအုပ်များ ရိုက်နှိပ်ရန် ပညာရေး
စီမံကိန်းန...ှင့် လေ့ကျင့်ရေး ဦးစီးဌာနက ဇူလိုင်လ တွင် တင်ဒါ
စတင်ခေါ်ခဲ့ပြီး ပုံနှိပ်လုပ်ငန်းရှင် ၂၈ ဦး လာရောက် လျှောက်ထားခဲ့ရာ ၂၃
ဦး တင်ဒါ အောင်မြင်ခဲ့ကြောင်း၊ လုပ်ငန်းရှင် ၁၉ ဦးမှာ
ရန်ကုန်တိုင်းဒေသကြီးမှ ဖြစ်ပြီး ကျန်လေးဦးမှာ မန္တလေး တိုင်းဒေသကြီးမှ
ဖြစ်ကြောင်း ၎င်းကဖြည့်စွက် ပြောကြားသည်။
လုပ်ငန်းရှင်များကို
တင်ဒါပေးထားသော ဒီဇိုင်းပြောင်း ပြဋ္ဌာန်းစာအုပ် ၆၁ မျိုးတွင်
စာလုံးအရွယ်အစား မှားယွင်းခြင်းများ၊ စာအုပ် အရွယ်အစား
မတူညီခြင်းများတို့ကို ပြင်ဆင်ခဲ့ကြောင်း၊ ယင်းအပြင် ပြဋ္ဌာန်းစာအုပ်
အချို့တွင် မှားယွင်း ပုံနှိပ်ထားသော ပုံများ၊ စာများကို ပြင်ဆင်သွားရန်
ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ ပြဋ္ဌာန်းစာအုပ် ပုံနှိပ်ရေးအတွက်
တာဝန်ယူဆောင်ရွက် နေသူတစ်ဦးက The Voice သို့ ပြောဆိုသည်။
“အခုကျောင်းတွေက
ရောင်းတဲ့ ဖတ်စာအုပ်တွေက တစ်ထောင်၊ နှစ်ထောင် ဝန်းကျင်လောက်ပဲ ရှိတယ်” ဟု
ရန်ကုန်တိုင်းဒေသကြီး အတွင်းမှ ကျောင်းအုပ် ဆရာကြီးတစ်ဦးက ရှင်းပြသည်။
ပညာရေးဝန်ကြီးဌာနက
ရောင်းချပေးနေသော ပြဋ္ဌာန်းစာအုပ်များသည် ဈေးနှုန်း ချိုသာသော်လည်း စာရွက်
အရည်အသွေး နိမ့်ပါးခြင်းကြောင့် ကြာရှည်မခံဘဲ စုတ်ပြဲ သွားတတ်သည့်အတွက်
ပြဋ္ဌာန်းစာအုပ် အပိုများ ဝယ်ထားရကြောင်း ကျောင်းသား မိဘတစ်ဦးက ဆိုသည်။၏
နှစ်စဉ်
ပြဋ္ဌာန်းစာအုပ် သန်းလေးရာအတွက် အကုန်အကျခံ ပုံနှိပ်ရသောကြောင့်
အခြားအသုံးစရိတ်များတွင် ခွဲဝေမှု နည်းပါးနေကြောင်း၊ ယင်းကြောင့် စာသင်နှစ်
သုံးနှစ်နီးပါး အသုံးပြုနိုင်မည့် ပြဋ္ဌာန်းစာအုပ်များ ရိုက်နှိပ်သင့်ကြောင်း
ပညာရေး ဝန်ကြီးဌာနနှင့် ပြည်တွင်း ပြည်ပ ပညာရှင်များ ပူးပေါင်း
ဆောင်ရွက်သည့် ဘက်စုံ လွှမ်းခြုံနိုင်သော ပညာရေး လေ့လာသုံးသပ် ရေးအဖွဲ့က
၂၀၁၂ ခုနှစ်ကုန်ပိုင်းတွင် အကြံပြု ပြောကြားထားသည်။
The Voice Weekly
Related Posts
မူလတန်းအဆင့် အခြေခံပညာ ထောက်ပံ့ကြေးပေးအပ်သော ကျောင်းသားဦးရေ တိုးမြှင့်
သူငယ်တန်းမှ ဒသမတန်းအထိပေးအပ်နေသော အခြေခံပညာအဆင့်ပညာသင်ထောက်ပံ့ကြေး အစီအစဉ်တွင် မူလတန်းအဆင့်ကျော[...]
Feb 26, 2014ကျောင်းပြင်ပ ပညာရေးမြို့နယ် ၅၀ ကျော်တွင်တိုးချဲ့ဆောင်ရွက်မည်
၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ကျောင်းမနေနိုင်သော ကလေးငယ်များအတွက် မြို့နယ် ၁၃၄ ခု၌ ပညာရေးဝန်ကြ[...]
Feb 26, 2014လာမည့်ပညာသင်နှစ်တွင် အခြေခံကျောင်းများကို ကျောင်းစရိတ်ထောက်ပံ့ရန် ကျပ်သန်းသုံးသောင်း ကျော်အသုံးပြုမည်
လာမည့်ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများကို ကျောင်းစရိတ်ထောက်ပံ့ကြေးပေးအပ်ရန် အစိုးရ[...]
Feb 26, 2014အဆင့်မြင့်ပညာရေးဥပဒေရေးဆွဲရေအဖွဲ့ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့် NNER တွေ့ဆုံ
ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) သည်အဆင့်မြင့်ပညာရေး ဥပဒေ ရေးဆွဲေ[...]
Feb 24, 2014ရွှေပါရမီ ဖောင်ဒေးရှင်းက ယခုနှစ် တက္ကသိုလ်ဝင်ခွင့် ပညာသင်ဆု နှစ်ရာနီးပါး ထောက်ပံ့
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ အဆင့်မြင့်ပညာ ဆက်လက် သင်ယူရန် ခက်ခဲသော တက္ကသိုလ်ဝင်တန်းအောင် ကျောင်[...]
Feb 24, 2014Singapore နိုင်ငံရှိ SAA Globa Education မှပေးအပ်မည့် ရာနှုန်းပြည့်ပညာသင်ဆုနှင့် ပညာသင်စရိတ်ထောက်ပံ့ကြေးတို့အကြောင်း Information Talk ကျင်းပပြုလုပ်မည်
Normal 0 false false false EN-US X-NONE TH [...]
Feb 23, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.