အမေရိကန် ကမ္ဘာကျော်
နည်းပညာ ကုမ္ပဏီကြီး Microsoftကတော့ အစောပိုင်းက ထွက်ရှိခဲ့တဲ့ သတင်းတွေ အတိုင်းပဲ
Tabletလောက ကိုတစ်ခေတ် ဆန်းစေတဲ့ ၎င်းတို့ရဲ့ Surface Tabletအသစ် တွေကို မိတ်ဆက် ပွဲထုတ်
လိုက်ပြီ ဖြစ်ပါတယ်။ Surface 2နဲ့ Surface 2 Pro Tabletနှစ်ခု ဖြစ်ပြီး ပိုမိုစွမ်းရည်
ပြည့်၀တဲ့ Chipset, ပိုမိုကြာရှည်ခံတဲ့ Batteryသက်တမ်း၊ ပိုမို ကောင်းမွန်တဲ့
Screen၊ ပိုမို များပြားတဲ့ Portတွေနဲ့ အတူ Accessoriesတွေလည်း ပိုကောင်းလာတာကို တွေ့ရပါတယ်။
Surface 2 Pro
Tabletမှာ ဆိုရင် Intelမှ ထုတ်လုပ်တဲ့ Haswell Processorအသစ် ကိုတပ်ဆင် အသုံးပြု ပေးထားကာ
ပိုမိုမြန်ဆန်စွာ Runနိုင်ပြီး Batteryစားနှုန်းလည်း သက်သာမှာ ဖြစ်ပါတယ်။ Tabletမှာ
ပါ၀င်လာတဲ့ Keyboardဟာ အလွန်ပါးလွှာပြီး Accessoryတစ်ခု အနေနဲ့ ထည့်ပေးထားတာ ဖြစ်ပါတယ်။
အမေရိကနဲ့ ယူကေ ဈေးကွက်မှာတော့ အောက်တိုဘာ ၂၂ရက်နေ့မှ ၀ယ်ယူရရှိနိုင်မယ်လို့ သိရပါတယ်။
မြန်မာအိုင်စီတီ ပရိသတ်တွေ လေ့လာနိုင်ဖို့ Surface Tabletတွေရဲ့ ပုံတွေကိုလည်း တင်ဆက်
ပေးလိုက်ပါတယ်။
Ref-Myanmar ICT
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.