ကင်ဆာရောဂါ ခုခံတိုက်ဖျက်နိုင်မယ့်
ဆေးကို အမေရိကန်မှာ ဆေးပညာရှင်တို့ ရှာတွေ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ဆေးချည်းသက်သက်
ရရှိတာ မဟုတ်ပဲ တိရစ္ဆာန်မျိုးစိတ်တစ်ခု သွားတွေ့ခြင်း ဖြစ်ပါတယ်။ Naked Mole Rat လို့ခေါ်တဲ့
မွေးပြောင်ကြွက်မျိုး ဖြစ်တယ်လို့ ဆိုပါတယ်။ အာဖရိကအရှေ့ပိုင်းက အပူပိုင်းဒေသမှာနေထိုင်တဲ့
မွေးပြောင်ကြွက်တစ်မျိုးဖြစ်ပြီး သူ့ရဲ့ ထူးခြားချက်ကတော့ ကင်ဆာရောဂါကို ခုခံနိုင်ခြင်း
ဖြစ်ပါတယ်တဲ့။ သူ့မှာနောက်ထပ် ထူးခြားချက်က နာကျင်မှုကို မသိခြင်းဖြစ်ပါတယ်။ သူတို့ရဲ့
ဦးနှောက်နဲ့ အာရုံကြောဆီကို ခန္ဓာကိုယ်က နာကျင်မှုဝေဒနာ မပို့လွှတ်ပေးပါဘူး။ ဒါကြောင့်
နာကျင်မှုကို မသိတာလို့ ဆိုပါတယ်။ အဓိကတွေ့ရှိချက်ကတော့ ကင်ဆာရောဂါ တိုက်ဖျက်နိုင်မယ့်
အာနိသင်တစ်ခု ဖြစ်ပါတယ်။
၂၀၀၉ခုနှစ်ကစပြီး
မွေးပြောင်ကြွက် အကောင် ၉၀ကို မွေးဖွားကာ ကင်ဆာဓာတ်ကြွယ်တဲ့ ဆေးတွေထိုးခဲ့ပါတယ်။ ကိုယ်တွင်းမှာရောက်ရှိတဲ့
ကင်ဆာဓာတ်ကို သူ့ကိုယ်တွင်းက ထုတ်တဲ့သကြားဓာတ် တစ်မျိုး(HA) မော်လီကျူးများက တန်ပြန်ခုခံပြီး
ပုံမှန်အတိုင်း သက်တမ်း ၃၀အထိ နေနိုင်ိတာကို တွေ့ရှိခဲ့ပါတယ်။ သူ့ကိုယ်တွင်းကထုတ်တဲ့
HAဟာ သာမန်လူတစ်ဦးထက် ငါးဆမက ပိုလွန်ပြီး ကင်ဆာဆဲလ်တွေကို ချေမှုန်းတဲ့နေရာမှာ အင်မတန်
မြန်ဆန်ကြောင်း တွေ့ရှိခဲ့ပါတယ်။
ဒါကြောင့် ကင်ဆာရောဂါ
တိုက်ဖျက်မယ့်ဆေး စစ်ဆေးစမ်းသပ်ေ်ဖာ်ထုတ်မှုကို Naked Mole Ratမှ စတင်ရမှာဖြစ်တယ်လို့
ဆိုပါတယ်။ ၄င်းတို့ခန္ဓာကိုယ်တွင်းမှာရှိတဲ့ HA မော်လီကျူးဓာတ်ကို အခြေခံလို့ ဆေးတစ်မျိုး
ဖန်တီးနိုင်ရင် ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ခြင်း၊ ဖြစ်နေရင်လည်း တိုက်ဖျက်ခြင်းတို့ကို
အလွယ်တကူ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် ကင်ဆာရောဂါ သုတေသီများဟာ
မကြာမီနှစ်များအတွင်း ကင်ဆာရောဂါ တိုက်ဖျက်နိုင်မယ့် ဆေးဝါးများ ဖန်တီးဖော်ထုတ်နိုင်မယ်လို့
ကြေညာခဲ့ကြောင်း သိရပါတယ်။
Ref-Myanmar ICT
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.