0

 

ကွေးညွတ်သော Screen မျက်နှာပြင်ကို အသုံးပြုထားသည့် စမတ်ဖုန်းသစ် တစ်မျိုးကို အောက်တိုဘာလတွင် စတင်မိတ်ဆက် ပြသသွားမည်ဟု Samsungက ကြေညာလိုက်သည်။ တောင်ကိုရီးယား နည်းပညာ လုပ်ငန်းစုကြီးက ယခုဖုန်းအမျိုးအစားသစ်သည် နည်းပညာ လောကတွင် ထိုးထွင်းတီထွင်မှု တစ်ခုအဖြစ် ယူဆနိုင်မည်ဟုလည်း ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်မှုအတွင်း ထည့်သွင်း ပြောကြားသွားသည်။ Samsungသည် ယခင်ကတည်းက မျက်နှာပြင်ကွေးသော Screen နည်းပညာကို ထဲထဲဝင်ဝင် သုတေသန ပြုနေခဲ့ပြီး ဖြစ်သည်။ ထို့အပြင်
Samsungအနေဖြင့် မျက်နှာပြင် အကွေးနှင့် TVများကိုမူ စတင် တီထွင်ထားပြီး ဖြစ်သည်။ သို့သော်လည်း မိုဘိုင်းလ်ဖုန်း တစ်လုံးတွင် ပြင်ညီမျက်နှာပြင်ကို တော်လှန်ခွဲထွက် ဖန်တီးမှုသည် Samsung၏ ခြေလှမ်းကျဲမှု တစ်ခု ဖြစ်ဖွယ်ရှိသည်။ လက်ရှိတွင် Samsung အနေဖြင့် Screen အကွေးဖြင့် မိုဘိုင်းလ်ဖုန်း ရောင်းချမည်ဟုသာ ပြောဆိုထားပြီး တိကျသော အသေးစိတ် မှတ်ချက်မျိုး မပေးသေးချေ။ သုံးစွဲသူ အီလက်ထရောနစ် ပြပွဲအတွင်း Samsung အနေဖြင့် လိုသလို အကွေးအဆန့် ပြုလုပ်နိုင်သည့် မိုဘိုင်းလ်ဖုန်း Screenတစ်ခုကို ပြသခဲ့ဖူးပြီး ၎င်းတို့ ထုတ်လုပ်ပြသမည့် ဖုန်းတွင်မူ Screenကို ခေါက်နိုင်ကွေးနိုင်အောင် ဖန်တီးထားခြင်း ရှိမရှိ မသေချာသေးချေ။ အောက်တိုဘာလမှာ ကျွန်တော်တို့ အနေနဲ့ Display အကွေးနဲ့ စမတ်ဖုန်း တစ်မျိုးကို စပြီးတော့ မိတ်ဆက်ပါမယ် ဟု Samsung၏ မိုဘိုင်းလ်ဌာန မဟာဗျူဟာ ဈေးကွက်ညွှန်ကြားရေးမှူး ဒီဂျေလီက ပြောကြားသွားသည်။ ၎င်းသည် အခြားအသေးစိတ် မေးခွန်းများကိုမူ ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။ Screen အကွေးနှင့် မိုဘိုင်းလ်ဖုန်းများ ထုတ်လုပ်ရန် ကိစ္စသည် ဘက်ထရီနှင့် အခြားသော ထည့်သွင်းပစ္စည်းများ နေရာချရေးအတွက် အခက်အခဲများစွာ ကြုံရခြင်းကြောင့် ရှေ့တိုးရန် ကြန့်ကြာနေခဲ့သည်။ မျက်နှာပြင်ကွေးသော TVများကိုမူ LGနှင့် Samsungတို့က ဈေးကွက်ထဲတွင် စတင်ရောင်းချနေပြီ ဖြစ်သည်။ လေ့လာသူများက ယင်းကဲ့သို့ ကွေးညွတ်သော မျက်နှာပြင်များသည် ပုံရိပ်ဖော်မှုတွင် ပိုမို ထဲထဲဝင်ဝင် ထိတွေ့နိုင်သည့် အတွေ့အကြုံမျိုးကို ရရှိစေမည်ဟု မှတ်ချက်ပြုထားသည်။ အဓိက ပြဿနာ တစ်ရပ်မှာ Screenအကွေးအတွက် ကုန်ကျစရိတ်သည် သာမန်Screen ပြင်ညီထက် သိသိသာသာ များပြားနေခြင်း ဖြစ်ကြောင်း သိရှိရသည်။


 Via & Source [Planet Myanmar Network]

http://www.myanmarmobileapp.com

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top