အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့
တိုင်းရင်းသားပါတီအဖွဲ့တို့အကြား မြန်မာနိုင်ငံ
ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း ဆွေးနွေးခဲ့ကြပေမယ့် သဘောတူညီမှု
မရခဲ့ဘူးလို့ သိရပါတယ်။
NLD ပါတီက စစ်အစိုးရလက်ထက်က
ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုလားနေချိန်မှာ
တိုင်းရင်းပါတီတွေက အခြေခံဥပဒေကို လုံးဝအသစ်ရေးဆွဲဖို့ လိုလားနေတာ
ဖြစ်ပါတယ်။
တိုင်းရင်းသားတွေကတော့ မြန်မာနိုင်ငံရဲ့
ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ဖက်ဒရယ် ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီတဲ့အတွက်
အချိန်ယူပြီး ပြင်ဆင်မယ့်အစား အသစ်ရေးဆွဲရင် ပိုမြန်မယ်လို့
ယုံကြည်နေကြတာ ဖြစ်ပါတယ်။
NLD ပါတီကတော့
ရွေးကောက်ပွဲမဝင်ခင်ကတည်းက ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံပြီး
အခြေခံဥပဒေကို ပြင်ဆင်သွားမယ်လို့ ပြောခဲ့တဲ့အတွက် ခုချိန်ထိ ၂၀၀၈
ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနဲ့
စစ်မှန်တဲ့ ဒီမိုကရေစီ ဥပဒေတွေ ရှိနိုင်ဖို့ ပြင်ဆင်ရေးဆွဲဖို့
လိုလားကြောင်း စနေနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ABC Radio Australia
http://www.thithtoolwin.com
Related Posts
ဖားကန့်မှာ ကျောက်စိမ်းမှောင်ခိုကား ၁၁ စီး ဖမ်းဆီးရမိ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှာ မနေ့ညနေပိုင်းက တရားမဝင် သယ်ဆော[...]
Apr 09, 2014ကိုယ်စားလှယ်လောင်းတွေသာ ကိုယ်စားပြု မဲဆန္ဒနယ်မှာ စည်းရုံးခွင့်ရတော့မည်
လာမယ့် ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းဟာ သူရဲ့ မဲဆန္ဒနယ်မှာ သူကိုယ်တိုင်[...]
Apr 09, 2014မှတစ်ဆင့်ပထမဦးဆုံးဖုန်း အသံနှင့်ဗွီဒီယိုခေါ်ဆိုမှုအောင်မြင်စွာပြုလုပ်ခဲ့ (၇.၄.၂၀၁၄)
တယ်လီနောမြန်မာမှ၎င်းတို့ကုမ္ပဏီ၏ Live Core Network မှတစ်ဆင့် ပထမဦးဆုံးဖုန်းခေါ်ဆိုမှုကိုအောင်မြင[...]
Apr 07, 2014ကြည်နးဂုဏ်ယူစရာကိုကိုကြီးနှင့် မခင်သူသူဝင်းတို့ ၏မင်္ဂလာဧည့်ခံပွဲ
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦး အဖြစ်ထင်ရှားတဲ့ ဦးကိုကိုကြီးနှင့် မခင်သူသူဝင်း တို [...]
Apr 07, 2014ကာချုပ် ရှမ်းပြည်နယ်ခရီး လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံ
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့-SSPP-SSA [...]
Apr 07, 2014စစ်တပ်ပိုင် ဂန္ဓမာဟိုးဆေး စင်တာကို မီးအာမခံကြေး သိန်း ၁၄၀၀ ကျော်ပေး
ပုဂ္ဂလိက အာမခံကုမ္ပဏီတွေ စတင်တည်ထောင်ပြီးနောက်ပိုင်း ပမာဏ အများဆုံး အာမခံကြေးအဖြစ် ပြီးခဲ့တဲ့နှစ်က[...]
Apr 07, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.