0

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (အဆောက်အအုံ) အင်ဂျင်နီယာ လိုင်စင်လျှောက်ထားလိုသူများ အရည်အချင်းစစ် စာမေးပွဲကို စက်တင်ဘာ ၂၉ရက် နံနက် ၉နာရီမှ ၁၁နာရီအထိ ကျင်းပမည်ဖြစ်ပြီး ဖြေဆိုလိုသူ နှစ်ဆတိုးလာသောကြောင့် ယခင်စည်ပင်သာယာ သင်တန်းကျောင်း (မအူကုန်း)၌ ကျင်းပနေရာမှ အထက (၆)ဗိုလ်တထောင် (စိန်ပေါလ်ကျောင်း)သို့ ပြောင်းရွှေ့ ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

“ရန်ကုန်မြို့တော်အတွင်းမှာ အဆောက်အအုံ ဆောက်လုပ်မှုတွေ များပြားလာနေတယ်။ ဒါကြောင့် အင်ဂျင်နီယာတွေ အများအပြား လိုအပ်လာတာကြောင့် စည်ပင်က ခြောက်လတစ်ကြိမ် အင်ဂျင်နီယာ စာမေးပွဲကို ကျင်းပပေးနေတယ်။ သုံးလပိုင်းတုန်းက ကျင်းပခဲ့တဲ့ စာမေးပွဲမှာ ၄၈၈ဦး လာဖြေတယ်။ ဒီတစ်ကြိမ်မှာတော့ ဖြေဖို့လျှောက်ထားတဲ့သူက ၁၀၂၁ဦးထိ ရှိလာတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (အဆောက်အအုံဌာန)မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။
စက်တင်ဘာ ၂၉ရက်တွင် ကျင်းပမည့် စာမေးပွဲ၌ စည်ပင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အင်ဂျင်နီယာ ပညာရပ်ကို အမှတ်တစ်ရာဖိုး မေးမည်ဖြစ်ပြီး လာရောက်ဖြေဆိုသူများမှာ ဖြေဆိုခွင့် ကတ်ပြားနှင့် မှတ်ပုံတင်တို့ကို ယူဆောင်လာရမည်ဖြစ်ပြီး စာမေးပွဲမဖြေဆိုမီ နာရီ၀က်အလို၌ စာမေးပွဲခန်းအတွင်းသို့ ရောက်ရှိရမည်ဖြစ်ကြောင်း၊ ကျောင်းတွင်းနှင့် ကျောင်းပြင်အနီးတစ်၀ိုက်၌ ယာဉ်ရပ်နားခွင့်နေရာ စီစဉ်ပေးမည် မဟုတ်ကြောင်း သိရပါသည်။
“စာမေးပွဲ ဖြေဆိုမည့် လူတွေအနေနဲ့ စာမေးပွဲခန်းကို အချိန်မီရောက်ရှိနိုင်ဖို့ ကျောင်းနားတစ်၀ိုက်မှာ ကားပါကင် ထိုးလို့မရဘူးဆိုတဲ့ အချက်ကို သတိပြုစေလိုပါတယ်”ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောဆိုသည်။ အင်ဂျင်နီယာ စာမေးပွဲတွင် အကြီးတန်း အင်ဂျင်နီယာ လိုင်စင်အတွက် ၆၂၉ဦး၊ အငယ်တန်း အင်ဂျင်နီယာလိုင်စင်အတွက် ၃၃၄ဦး၊ အဆောက်အအုံ အင်ဂျင်နီယာလိုင်စင်အတွက် ၅၈ဦးကို ဖြေဆိုခွင့် ကတ်ပြားများ ထုတ်ပေးထားကြောင်း သိရသည်။ ၂၀၁၃ခုနှစ် မတ်လ၌ ကျင်းပခဲ့သည့် စာမေးပွဲတွင် ၄၈၈ဦး လာရောက်ဖြေဆိုပြီး ၂၇၅ဦး အောင်မြင်ခဲ့သည်ဟု ဆိုသည်။


Ref-Myanmar iCT

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top