ဥရောပ နှလုံးရောဂါ အဖွဲ့အစည်း ညီလာခံ (၂၀၁၃)တွင် တင်ပြခဲ့သော လေ့လာမှု
အသစ်တစ်ခုအရ နှလုံး ရောဂါခံစား နေရသော လူနာများ အနေဖြင့် ၎င်းတို့နှစ်သက်သည့်
တေးဂီတ သံများကို နားထောင်ခြင်းဖြင့် ကျန်းမာ ရေးအတွက်
အကျိုးကျေးဇူးရရှိနိုင် ကြောင်း သိရှိရသည်။ နှလုံးရောဂါ လူနာ ၇၄ ဦးကို
အုပ်စု ၃ စုခွဲကာ ပထမအုပ်စုကို ကာယလေ့ကျင့်ခန်း ၃ ပတ်ကြာလုပ်စေခဲ့ပြီး
ဒုတိယအုပ်စု ကို ၎င်းတို့နှစ်သက်သည့် တေးဂီတ သံများအား နားထောင်စေခဲ့သည်။ တတိယ
အုပ်စုကိုမူ ကာယလေ့ကျင့် ခန်းရော ၎င်းတို့နှစ်သက်သည့် တေး ဂီတ
နားထောင်ခြင်းကိုပါ နှစ်ခုစလုံး လုပ်ခိုင်းခဲ့သည်။
တတိယ အုပ်စုသည် နှလုံးစွမ်း ဆောင်ရည်များ သိသိသာသာ
တိုးတက်ကောင်းမွန်လာသည်ကို တွေ့ရှိရပြီး ကာယလေ့ကျင့်ခန်း လုပ်
နိုင်စွမ်းရည် ၃၉ ရာခိုင်နှုန်း တိုးတက် လာခဲ့သည်။ ပထမ အုပ်စုတွင် ကာယ
လေ့ကျင့်ခန်း လုပ်ဆောင်နိုင် စွမ်းရည် ၂၉ ရာခိုင်နှုန်း တက်လာခဲ့ပြီး တေး
ဂီတသက်သက် နားထောင်နိုင်သူ တို့မှာ ကာယလေ့ကျင့်ခန်း လုပ်
ဆောင်နိုင်စွမ်းရည် ၁၉ ရာခိုင်နှုန်း သာလျှင် တိုးတက်ခဲ့သည်။
တေးဂီတ နားဆင်သော အခါ ဦးနှောက် အတွင်းမှ အင်ဒိုဖင်းဟုခေါ် သော
ဟော်မုန်းများ ထွက်လာပြီး သွေးကြော ကျန်းမာရေး ကောင်းစေသည် ဟု ဆိုသည်။
အကောင်းဆုံး ဂီတ အမျိုးအစား ဟူ၍ သတ်မှတ်ချက် မရှိဘဲ ပျော်ရွှင်မှုဖြစ်စေသော
ဂီတကိုနားဆင် သင့်ကြောင်း သိရှိရသည်။
မောင်
Good Health Journal
ရိုးရာလေး
Subscribe to:
Post Comments (Atom)

Post a Comment