
ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး
နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) သည်အဆင့်မြင့်ပညာရေး ဥပဒေ
ရေးဆွဲရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ပညာမြှင့်တင်မှု
ကော်မတီအဖွဲ့ဝင် တို့နှင့်နေပြည်တော်တွင် ဖေဖော်ဝါရီ ၁၉
ရက်ကတွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန် သည်။
ကွန်ရက်အဖွဲ့ဝင် ၁၆
ဦးသည်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒေါက်တာချမ်းငြိမ်း၊ ဒေါက်တာမြဦး၊
ဒေါက်တာမောင်မောင်ဝင့်၊ ဒေါ်စုစုလွင်တို့နှင့် ၂ နာရီကြာတွေ့ဆုံ၍
ပညာရေးမူဝါဒနှင့် ဥပဒေဆိုင်ရာ များဆွေးနွေးခဲ့သည်။
ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်က ရေးဆွဲထားသော
အမျိုးသားပညာရေးဥပဒေမူကြမ်းပါအကြောင်းအရာများကို
နှိုင်းယှဉ်ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
"NNER အနေနဲ့ကတော့
လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေ၊ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ
ကိုရှင်းပြခဲ့ပါတယ်။ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ဖို့နဲ့
အလုပ်ရုံဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေ ဆောင်ရွက်သွားဖို့ရှိပါတယ်"
ဟုပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်မှ ဒေါ်သူ
သူမာကပြောသည်။
မြန်မာနိုင်ငံတွင်
ပညာရေးပြုပြင်ပြောင်းလဲရေးအတွက် ပညာရေးဝန်ကြီးဌာန ဦးဆောင်သော ဝန်ကြီး
ဌာနများ၊ ပြည်သူ့လွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီနှင့်
ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံ လုံးဆိုင်ရာကွန်ရက်တို့သည်
မူဝါဒအချို့ကွဲပြားမှုရှိနေပြီး ထိပ်တိုက်တွေ့ဆုံဆွေးနွေးကြရန် လိုအပ်နေ
သည်။
ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး
နိုင်ငံဆိုင်ရာကွန်ရက်သည် ပြည်သူ့လွှတ်တော်ပညာရေး မြှင့်တင်မှု ကော်မတီနှင့်
ပညာရေးဝန်ကြီးဌာနဦးဆောင်သော အဖွဲ့တို့နှင့်တွေ့ဆုံခဲ့ပြီးဖြစ်သော်လည်း
သုံးပွင့် ဆိုင်တွေ့ဆုံဆွေးနွေးနိုင်မှု မရှိသေးပေ။
7Day Daily
No.303, Feb.21, 2014
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.