လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ လယ်သိမ်းယာသိမ်း ပြဿနာ စုံစမ်းရေးကော်မရှင်
အစီရင်ခံစာ အပိုင်း (၃) ပိုင်းမှာ ထည့်သွင်းထားတဲ့ အမှု ၇၄၅ မှု၊ သိမ်းဆည်းခံ
လယ်မြေနဲ့ အခြားမြေ ဧက ပေါင်း ၅ သိန်းကျော်ထဲက အမှု ၃၆၀ ကျော် မြေဧကပေါင်း ၃
သိန်း ၃ သောင်းကျော်ကိုတော့ လုံးဝ စွန့်လွှတ်ဖို့မဖြစ်နိုင်ဘူးလို့
ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာပါ။ အဲဒီ မြေတွေအနက် တကယ် စွန့်လွှတ်မှာက အမှု ၁၀၀ ကျော်အတွက် လယ်မြေ ဧက နှစ်သောင်းခွဲ ကျော်ပဲရှိတယ်လို့ သူက ဆိုပါတယ်။ ကျန်အမှုနဲ့ မြေဧကတွေ ကတော့ တစိတ်တပိုင်း စွန့်လွှတ်မှာ၊ ဖြေရှင်းလို့ မပြီးပြတ်သေးတာတွေ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။
လွှတ်တော်ဘက်ကတော့ အစိုးရအဖွဲ့အနေနဲ့ မိုးသီးနှံစိုက်မယ့် လယ်နဲ့ မြေတွေကို လာမယ့် ဇွန်လ မတိုင်မီ ဆောင်းသီးနှံစိုက်မယ့် လယ်နဲ့ယာတွေကို လာမယ့် စက်တင်ဘာလ မတိုင်မီ လယ်သမားတွေကို ပြန်ပေးနိုင်ရေး ဆောင်ရွက်ပေးဖို့ အဆိုတစ်ခု ဆုံးဖြတ်ပြီး အစိုးရ အဖွဲ့ဘက်ကို ဖိအားပေးခဲ့ပါတယ်။
By ဒီဗွီဘီ

Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.