Samsung Mobile က စီးပွားရေး အရာရှိ Shin Jong-Kyun ကိုယ်တိုင်
အင်တာဗျူးမှာ ဖြေကြားသွားတဲ့ သတင်း ဖြစ်ပါတယ်။ ယင်းကတော့ လာမယ့် Samsung
Galaxy S5 ကို 64 bit processing speed ရှိတဲ့ Chip ကို အသုံးပြုသွားမှာ
ဖြစ်ပါတယ်။
လက်ရှိ iPhone 5S ဟာ ကမ္ဘာပေါ်မှာ ပထမဦးဆုံး 64
bit processor နဲ့မြင်တွေ့ရတဲ့ စမတ်ဖုန်းပါ။ ဒါကြောင့် သာမန်အသုံးပြုနေတဲ့
32 bit chip တွေထပ် ၂ ဆတောင်မြန်သွားပြီး ဂိမ်း အပြင် အခြားသော Application
ပေါင်း မြေက်များစွာကို တစ်ပြိုင်နက်တည်း နဲ့ ခပ်မြန်မြန် Run နိုင်၊
အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ Samsung ကလည်း အကြောမခံပဲ 64 Bit ကို
လိုက်လုပ်ပါပြီ။ Note 3 ကတော့ ထွက်သွားပြီမို့ မရနိုင်တော့ပါဘူး။ Samsung
Galaxy S5 ကိုတော့ 64 bit Processor နဲ့ မြင်တွေ့ ရမှာပါ။
အခြား
သတင်းအနေနဲ့ Samsung Galaxy S5 ကို 16 megapixel ကင်မရာ နဲ့
အလူမီနီယံကိုယ်ထည်ကို အသုံးပြုမယ်လို့ ထွက်ရှိထားတာ နည်းနည်းတော့ ကြာပါပြီ။
ဒီအတွက်ကတော့ Samsung က အတည်မပြုသေးပါဘူး။ ဒါကြောင့် Samsung ဟာ Samsung
Galaxy S4 ကို မာကဲတင်းကို အပီအပြင်ကြိုးစားနေပေမယ့် S5 အတွက်လည်း Research
ကို အကောင်းဆုံး ကြိုးစားဖန်တီးလျက် ရှိကြကြောင်း သိရ ပါတယ်။
.
Ref:pocketint
အောင်ခမ်း (TSJ team)
Subscribe to:
Post Comments (Atom)

Post a Comment