မနေ့ညက မိတ်ဆက်ပြသသွားတဲ့ Apple ရဲ့  Product အသစ်တွေထဲမှာ အသစ် ပါလာတာ ကတော့ ပလပ်စတစ် ကိုယ်ထည်နဲ့တည်ဆောက်တဲ့ iPhone 5C ဖြစ်ပါတယ်။
အားလုံးက ဈေးသက်သာ iPhone လို့ သိထားပေမယ့် ထင်သလို
မဖြစ်နိုင်တော့ပါဘူး။ 16 GB ကို အမေရိကန်ဒေါ်လာ ၅၄၉ ၊ 32 GB ကို 649 ဒေါ်လာ
လို့ သတ်မှတ် ထားပါတယ်။ Unlocked ဗားရှင်း ပါ။ ဖြစ်ပါတယ်။ A6 Chipset ကို
သုံးထားပါတယ်။ မျက်နှာပြင်ကလည်း ၄ လက်မ Retina Display ပါ။ iOS 7 နဲ့
မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကင်မရာ ကတော့ 8 Megapizel ထဲပါ။ LED flash ပါမယ်။
ရွေးချယ်စရာ အရောင် ငါးမျိုး နဲ့ အရင်ထွက်မှာ ဖြစ်ပါတယ်။ အစိမ်းရောင်၊
မီးခိုးရောင်၊ ပြာနုရောင်၊ အဝါရောင်၊ မြေနီရောင် တို့ ဖြစ်ပါတယ်။
ပလစ်စတစ်ဆိုပေမယ့် အပူဒဏ် လျော့ချနိုင်ပြီး အကြမ်းခံတဲ့ Hard shelled
ပိုလီကာဘွန်နှိပ် ကိုယ်ထည် ဖြစ်ပါတယ်။ Steel skeleton နဲ့လည်း
အားဖြည့်ထားတယ်လို့ ဆိုပါတယ်။ ဒါဆိုရင်တော့ ပလပ်စတစ်ပေမယ့် ခိုင်ခံမှုမှာ
အလူမီနီယံ ကိုယ်ထည်သုံး iPhone တွေနဲ့ သိပ်ကွာခြားမယ့် ပုံမပေါ် ပါဘူး။
ကင်မရာ တစ်ခုတည်း ပြောစရာ ရှိပါတယ်။ iPhone ရဲ့  Feature အသစ်ဖြစ်တဲ့
လက်ဗွေ လုံခြုံရေး စနစ် fingerprint TouchID scanner လည်း ပါဝင်ပြီဆိုတော့
iPhone 5 ထပ် ဒီမှာ သာသွားပါပြီ။
အမေရိကန်နဲ့ အင်္ဂလိန်ဈေးကွက်ကို စက်တင်ဘာ ၂၀ ဆို ရောက်ပါပြီ။
ကမ္ဘာ့ဈေးကွက်ကိုလည်း မကြာမီ ရောက်ရှိမယ့် iPhone 5C အကြောင်းအသေးစိတ်ကို
၎င်းတို့ Official site မှာ ဝင်ရောက် လေ့လာ နိုင်ပါတယ်။
.
www.apple.com
အောင်ခမ်း (ရိုးရာလေး)
Related Posts
iPhone 5C များ ပြည်တွင်းဈေးကွက်၌ တင်သွင်းရောင်းချသူ နည်းပါး
Apple မှအသစ် ထွက်ရှိလာခဲ့သော iPhone 5s နှင့် 5c နှစ်မျိုးအား ပြည်တွင်း ဈေးကွက်ရှိ အသုံးပြုသူများ[...]
Oct 24, 2013Apple iPhone 5C အလုံးရေ လျော့ထုတ်ပြီ
iPhone 5C တင်မကတော့ပဲ နောင်အနာဂတ်မှာ 5S ကိုပါ လျော့ထုတ်တော့ မှာ ဖြစ်ပါတယ်။ အကြောင်း အရင်း ကတော့ ဝ[...]
Oct 12, 2013iPhone 5C အကြမ်းမခံတာလား ( iPhone 5C/5S Drop Test)
ပိုက်ဆံအင်မတန်ပေါတဲ့ အနောက်တိုင်းက Geek တွေကတော့ ထွက်တာ ရက်ပိုင်းလေးပဲ ရှိသေးတဲ့ အိုင်ဖုန်း အသစ်ေ[...]
Sep 26, 2013iPhone 5C ကြိုတင် အော်ဒါမှာယူမှု ပထမနေ့မှာပင် အလုံးရေတစ်သန်းခန့် ရောင်းချခဲ့ရ
Normal 0 false false false EN-US X-NONE TH [...]
Sep 16, 2013Mobile Reviews: iPhone 5C
Apple ဟာ စက်တင်ဘာလ ၁၀ ရက်နေ့ မှာ iPhone 5S ထက်ဈေးသက်သာမယ့် iPhone 5C ကိုမိတ်ဆက်ပြသခဲ့ပါတယ်။ iPh[...]
Sep 10, 2013
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.