လန်ဒန်မှာ ယခု ရက်ပိုင်းအတွင်း Huawei က အခမ်းအနားနဲ့ကို ခင်းကျင်း မိတ်ဆက်ပြသလိုက်တဲ့ ဖုန်း ဖြစ်ပါတယ်။
တရုတ်ပြည်မ
အခြေဆိုက် Huawei ဟာ ၂၀၁၁ ခုနှစ်က စလို့ ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်ကို
အရှိန်အဟုန်နဲ့ ဝင်ရောက်လာပြီး နေရာတစ်ခု ရလာတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ Huawei က
ဖုန်းပဲ ထုတ်တာ မဟုတ်ပါဘူး။ Networking hardware နဲ့ အခြားသော
ကွန်ပြူတာဆက်စပ် Hardware များလည်း ထုတ်လုပ်ပါတယ်။ လောလောဆယ်
အအောင်မြင်ဆုံး ကတော့ စမတ်ဖုန်း ဖြစ်ပြီး networking ပစ္စည်းလည်း ကမ္ဘာ့
လူသုံးအများဆုံး ထိပ်တန်း ၅ မျိုးစာရင်းထဲမှာ ပါဝင်ပါတယ်။ လောလောဆယ် P6
အကြောင်းပဲ ပြောကြတာပေါ့။
ကမ္ဘာ့အပါးဆုံးလို့ ဆိုရတဲ့ အကြောင်းကတော့
6.18mm ပဲ ရှိလို့ပါ။ တစ်ချိန် က အပါးဆုံးလို့ ဆိုခဲ့ဖူးတဲ့ iPhone 5 တောင်
7.6 mm ဆိုတော့ Huawei က လက်တလော အပါးဆုံးလို့ ပြောတာ မမှားပါဘူး။
1.5
GHz quad-core processor ဆိုတော့ S4 နဲ့ 0.1 ပဲ ကွာတာမို့ မတိမ်း
မယိမ်းပါပဲ။ မျက်နှာပြင်က ၄.၇ လက်မ LCD Gorilla Glass 2 ကို အသုံးပြုပြီး
resolution 1280 x 720 ပေးပါတယ်။ RAM 2 GB, interal 8 GB ရှိပြီး SD Card
နဲ့ 32 GB ထပ်ဆိုက်နိုင်ပါတယ်။ ဘက်ထရီ 2,000mAh မို့ လက်ရှိ နောက်ဆုံးပေါ်
စမတ်ဖုန်းတွေလောက်တော့ မများပါဘူး။
Huawei ရဲ့  ထုံးစံအတိုင်း
ဆင်းကဒ် ၂ ခု ထည့်လို့ရမယ့် Daul ဗားရှင်း လာပါမယ်။ 3G အထိ Support ပြီး 4G
တော့ မရပါဘူး။ ကင်မရာ 8 megapixel ရှိပြီး အခြားသော ကင်မရာ feature app
များပါဝင်ပါမယ်။ Wi-Fi, Bluetooth တို့ ထုံးစံအတိုင်းပါဝင်မှာပါ။ အနက်၊
အဖြူ၊ ပန်း၊ ခဲရောင် အစရှိသဖြင့် အရောင်စုံ ထွက်ပါတယ်။
Android
4.2.2 jelly bean အသုံးပြုပါတယ်။ ကာတန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၆၀၀ နဲ့
ဈေးနှုန်းသတ်မှတ်ရောင်းချ မှာပါ။ မြန်မာပြည်မှာ ၅သိန်းခွဲလောက်
ပေါက်ဈေးရှိနိုင်မယ့် Huawei ရဲ့  နောက်ဆုံးပေါ် Ascend P6 ဖုန်းလေးပဲ
ဖြစ်ပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.