မုံရွာ၊ ဇွန် ၁၇
လက်ပံတောင်းတောင်အရေးကို တွေ့ဆုံ ဆွေးနွေးနိုင်ရန် မေလ ဒုတိယပတ် အတွင်းက
မုံရွာမြို့သို့ ရောက်ရှိခဲ့သည့် စာရေးဆရာ ဝေမှူးသွင်၊ ဝေဠုနှင့်
မိုးသွေးတို့ သုံးဦးကို နိုင်ငံတော် အပေါ် အကြည်ညို ပျက်စေမည့်
အသုံးအနှုံးများ ပြောဆိုခဲ့ခြင်းကြောင့် မုံရွာမြို့နယ် တရားရုံးက ဖမ်းဝရန်း
ထုတ် ထုတ်ပြန်ခဲ့ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက
ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ
တာဝန်ရှိသူများနှင့် တွေ့ဆုံခွင့် မရခင် မုံရွာ ဒေသခံ မီဒီယာများကို
အင်တာဗျူး ဖြေကြားခဲ့ရာ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဒေသတွင်
ဖြစ်ပေါ်နေသော အခြေအနေများအရ ပုဒ်မ ၁၄၄ မထုတ်ပြန် သင့်ကြောင်း မိတ္ထီလာ
ဖြစ်စဉ်၊ ရခိုင်ပြည်နယ် ဖြစ်စဉ်များကဲ့သို့ ဖြစ်ပွားမှသာ ပုဒ်မ ၁၄၄ ကို
ထုတ်ပြန်သင့်ကြောင်း ပြောဆိုခဲ့ခြင်းကြောင့် ဥပဒေအရ အရေးယူပေးရန်
တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
လက်ပံတောင်းတောင် အရေးကို ဒေသခံများနင့် တာဝန်ရှိသူများအကြား အပြန်အလှန်
ယုံကြည်မှု ရရှိပြီး အားနည်းချက်များကို ပြုပြင်ကာ ငြိမ်းချမ်းစွာဖြင့်
တွေ့ဆုံ ဆွေးနွေးနိုင်ရန် အတွက် ၎င်းတို့သုံးဦးသည် မေလ ၁၀ ရက်နေ့က မုံရွာသို့
ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများနှင့်မူ တွေ့ဆုံခွင့် မရရှိသဖြင့်
ရန်ကုန်သို့ ပြန်သွားခဲ့ရသည်။
အဆိုပါ ဝရန်းထုတ်ထားမှုနှင့် ပတ်သတ်၍
The Voice က ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုဝေဠုအား ဆက်သွယ်
မေးမြန်းရာ“ကျွန်တော် ထွက်မပြေးဘူး၊ အိမ်မှာပဲ ရှိတယ်။ လာဖမ်းရင်
အဖမ်းခံလိုက်မယ်”ဟု ၎င်းကပြန်လည် ဖြေကြားခဲ့သည်။
လက်ပံတောင်းတောင် အရေးကြောင့် ရန်ုကုန် ပြည်သူ့အကျိုးဆောင် ကွန်ရက်အဖွဲ့ဝင် ကိုအောင်စိုးနှင့် ဆည်တည်း ကျေးရွာသားနှစ်ဦးမှာ
ထောင်ဒဏ်များ အသီးသီး ကျခံနေရပြီး ဇွန်လ ၆ ရက်နေ့တွင်လည်း
လက်ပံတောင်းတောင် ကယ်တင်ရေး ကော်မတီမှ အဖွဲ့ဝင် ဦးမြင့်အောင်ကိုလည်း
အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ် အမိန့်ချခဲ့သည်။
လက်ပံတောင်း
ဒေသတွင်လည်း လက်ပံတောင်းအရေး တက်ကြွ လှုပ်ရှားရာတွင် ပါဝင်သူ တစ်ဦးဖြစ်သည့်
ကိုဟန်ဝင်းအောင် အပါအဝင် လူရှစ်ဦးကို ကြော်ငြာများ ကပ်၍ လက်ရှိ အချိန်ထိ
ဝရမ်း ထုတ်ပြန်ထားဆဲ ဖြစ်သည်။
(သတင်းစာသား)The Voice Weekly
(ဓါတ်ပုံ) ကိုဝိုင်ဝိုင်ကေ
ကိုဝိုင် ဝိုင်ကေ's photo.
Subscribe to:
Post Comments (Atom)

Post a Comment