Home
»
ဗွီဒီယို
» မြန်မာ့နိုင်ငံရေးကြောင့် စီးပွားရေးတိုးတက်မှုကို မဖော်ဆောင်ခဲ့ဟု ဦးသိန်းစိန် ဝန်ခံ
လွတ်လပ်ရေးရပြီးနောက်ပိုင်း
ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေးစနစ်တွေဟာ နိုင်ငံရေးနဲ့စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်မပေးနိုင်ခဲ့ဘူးလို့ မြန်မာသမ္မတ
ဦးသိန်းစိန်က ဝန်ခံလိုက်ပါပြီ။ ဒီလိုဖြတ်သန်းမှုကြောင့် ပုံစံကျနတဲ့
အမျိုးသားစီးပွားရေးတစ်ရပ်ကို ပိုင်ဆိုင်နိုင်မှုမရှိသေးတာလို့
မြန်မာထိပ်သီးစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဖေဖော်ဝါရီ ၂၂ရက်နေ့မှာ တွေ့ဆုံပြီး ပြောခဲ့တာပါ။
၉ဝ%ရှိတဲ့ ပုဂလိကစီးပွားရေးဖွံ့ဖြိုးမှ တိုင်းပြည်တိုးတက်မှာဖြစ်တာကြောင့် စီးပွားရေးသမားတွေဟာ ကိုယ့်ရဲ့ကဏ္ဍကို မှန်မှန်ကန်ကန်မြင်တတ်ဖို့လိုတယ်လို့
ပြောဆိုခဲ့သလို နိုင်ငံရေးတည်ငြိမ်ရင် စီးပွားရေးတိုးတက်မယ်၊
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရင် ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ဆိုပါတယ်။
ရန်ကုန်တိုင်း လွှတ်တော်အဆောက်အအုံမှာ သမ္မတဦးသိန်းစိန်နဲ့
စီးပွားရေးလုပ်ငန်းရှင်တွေ၊ အသင်းအဖွဲ့တွေကို တွေ့ဆုံခဲ့သလို
ခရိုနီလို့သတ်မှတ်ထားခြင်းခံရတဲ့ ထိပ်သီးစီးပွားရေးသမားတွေလည်း အစုံအလင် တက်ရောက်ခဲ့ပါတယ်။
အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုအောက်မှာ ရှိနေဆဲ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းမှာ တကယ်ရင်းနှီးမြှုပ်နှံလိုသူတွေကို အခွင့်အရေးပေးဖို့နဲ့ အစိုးရရဲ့ မူဝါဒကိုလည်း ပြတ်ပြတ်သားသား သိချင်တယ်လို့ ကျောက်မျက်လုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဌ ဦးတေဇက ဆိုပါတယ်။ သူ့အနေနဲ့ နိုင်ငံတော်ရဲ့ စီမံကိန်းတွေမှာ လုပ်ငန်းရှင်တွေပါဝင်နိုင်ဖို့တောင်းဆိုခဲ့သလို ဆုပေးဒဏ်ပေးစနစ်ကိုလည်း လက်ခံဖို့အသင့်ပဲလို့ ဆိုပါတယ်။
မရင့်ကျက်သေးတဲ့ ဒီမိုကရေစီကာလမှာ ကျော်ကြားတဲ့သူတွေ ခရိုနီ၊
မတရားလုပ်သူတွေအဖြစ် ပြောဆိုခံရတာကို တရားသဘောအဖြစ် သူနားလည်တယ်လို့လည်း
ဆိုပါတယ်။
http://layuethonthon.blogspot.com
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.