HTC ကုမ္ပဏီက တရုတ်နိုင်ငံ ဈေးကွက်များသို့ ရောင်းချရန် ရည်ရွယ်သည့်
ကိုယ်ပိုင် Operating System ကို ဖော်ထုတ်မည်ဖြစ်ကြောင်း Wall Street
ဂျာနယ်က ဖော်ပြသည်။ HTC ကုမ္ပဏီက ကိုယ်ပိုင်မိုဘိုင်းဖုန်း Operating System
ကို တရုတ်နိုင်ငံ ဈေးကွက်များအတွက် ထုတ်လုပ်ရန် ယခင်ကပင်
စဉ်းစားထားကြောင်း Wall Street ဂျာနယ်တွင် ဖော်ပြထားသည်။ အခြားသော
နိုင်ငံများရှိ HTC ဖုန်း များတွင် ဂူးဂဲလ်ကုမ္ပဏီထုတ် Android OS
အသုံးပြုထားသည်။ ဂူးဂဲလ်ကုမ္ပဏီ၏ Android OS ကိုသာ မှီခိုနေရသော ဆမ်ဆောင်း
ကုမ္ပဏီကလည်း တောင်ကိုရီးယား ကုမ္ပဏီတစ်ခုက ထုတ်လုပ်သော Tizen OS သုံး
မိုဘိုင်းဖုန်းများကို လာမည့် ဆောင်းဦးရာသီတွင် ရောင်းချမည် ဖြစ်သည်။
လက်ရှိ ကမ္ဘာအနှံ့တွင် အသုံးပြုနေသော စမတ်ဖုန်းများ၏ ၇၉ ရာခိုင်နှုန်းတွင်
Android OS အသုံးပြုထားပြီး iOS အသုံးပြုမှု ၁၄ ဒသမ ၂ ရာခိုင်နှုန်း၊ Window
Phone အသုံးပြုမှု ၃ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း စစ်တမ်းတစ်ခုက ဖော်ပြသည်။
Ref & Credit: 7 Days News Journal
Subscribe to:
Post Comments (Atom)

Post a Comment