0

အသုံးပြုသူများ သိမ်းဆည်းထားသည့် မည်သည့်ဓာတ်ပုံကိုမဆို ဟက်ကာများ ဝင်ရောက်ဖျက် ဆီးနိုင်သည့် လုံခြုံရေးအားနည်းချက်တစ်ခု Facebook တွင်ရှိနေကြောင်း အိန္ဒိယလူမျိုး သုတေသီ တစ်ဦးဖြစ်သူ Arul Kumar က ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်း၏ကြိုးစားအားထုတ်မှု အတွက် အသိအမှတ်ပြုချီးမြှင့်ခြင်း ခံခဲ့ရကြောင်းလည်း သိရသည်။


 အဆိုပါ လုံခြုံရေးအားနည်းချက်ကို Facebook Support Dashboard တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်း bug သည် မည်သည့် browser အမျိုးအစားနှင့် ဗားရှင်းတွင်မဆို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ကာ မိုဘိုင်းထုတ်ကုန်များတွင် စွမ်းဆောင်ရည် အကောင်းဆုံးဖြစ်ကြောင်း Kumar ၏ ဘလော့ဂ်တွင် ဖော်ပြထားသည်။ Facebook Support Dashboard ကို ဓာတ်ပုံများ ဖယ်ရှားရန်အတွက် ကုမ္ပဏီသို့ request ပေးပို့ရာတွင် အသုံးပြုရန် ပြုလုပ်ပေးထားခြင်းဖြစ်ပြီး Facebook ဝန်ထမ်းတစ်ဦးဦးက ဓာတ်ပုံပိုင်ရှင်ထံသို့ ဓာတ်ပုံကို ဖယ်ရှားနိုင်မည့် link တစ်ခုကို ပြန်လည်ပေးပို့ကာ အဆိုပါ ဓာတ် ပုံပိုင်ရှင်က ၎င်း link ကိုနှိပ်လိုက်ခြင်းဖြင့် ဖယ်ရှားလိုသည့် ဓာတ်ပုံကို ဖျက်ပစ်နိုင်သည်။ ယခုတွေ့ရှိသည့် လုံခြုံရေးအားနည်းချက်မှာ အဆိုပါ ဓာတ်ပုံဖယ်ရှားသည့် လုပ်ငန်းစဉ်တွင် ကုမ္ပဏီက ကြည့်ရှုစစ်ဆေးသည့် ဓာတ်ပုံ၏ ID နှင့် အသုံးပြုသူ၏ profile ID တို့မှာတိုက်ခိုက်ခံထားရပြီး ဝန်ထမ်းများက ပြန်လည်ပေးပို့သည့် ဓာတ်ပုံကို ဖယ်ရှားနိုင်သည့် link သည် ID ပိုင်ရှင်ထံသို့ မရောက်ဘဲ ဟက်ကာများ၏ inbox ထဲသို့ရောက်ရှိသွားကာ ၎င်းတို့က အသုံးပြုသူများ မသိရဘဲ ၎င်းတို့၏ ဓာတ်ပုံများကို သိမ်းဆည်းထားရာမှ ဖယ်ရှားကြခြင်းဖြစ်သည်။ ဓာတ်ပုံတိုင်းတွင် Facebook URL ၌ အလွယ်တကူ ရှာဖွေနိုင်သည့် fbid တန်ဖိုးများရှိပြီး ဓာတ်ပုံ၏ ID ကို သေချာသတ်မှတ် ပြီးသည့်အခါတွင် ဓာတ်ပုံဖယ်ရှားနိုင်သည့် link ကိုလက်ခံမည့် sender နှင့် receiver Facebook user account နှစ်ခုကို ကုမ္ပဏီမှ ပြုလုပ်ထားသည်။ အသုံးပြုသူများ၏ profile ID ကိုမူ Facebook Graph အသုံးပြု၍ ရှာဖွေနိုင်ကြောင်း သိရသည်။

-ဟေမာ
Ref: CNET Asia

http://www.myanmarinternetjournal.com

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top