၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် ကန်းဘရစ်ခ်ျတက္ကသိုလ်တွင် ပညာသင်ယူနိုင်ရန်
မြန်မာကျောင်း သားနှစ်ဦးအား ပညာသင်ဆုပေးအပ်သွားမည်ဖြစ်ကြောင်း
ဗြိတိသျှသံရုံးက သတင်းထုတ်ပြန်သည်။
လွန်ခဲ့သည့် ပညာသင်နှစ်မှစ၍ ကန်းဘရစ်ခ်ျတက္ကသိုလ်တွင် ပညာသင်ယူရန်
မြန်မာကျောင်းသား နှစ်ဦးအား ပညာသင်ဆု စတင်ပေးအပ်ခဲ့သော်လည်း ယခင်နှစ်က
လျှောက်ထားသူကျောင်းသား မရှိခဲ့ကြောင်း သိရသည်။
"မနှစ်က ကန်းဘရစ်ခ်ျတက္ကသိုလ် ပညာသင်ဆုအတွက် လျှောက်ထားတဲ့သူမရှိခဲ့ဘူး။
လျှောက်လွှာ ခေါ်တဲ့ကာလတိုသွားတာလည်းပါတယ်။ ဒီနှစ်အတွက်
မြန်မာကျောင်းသားနှစ်ဦးကို ရွေးချယ်သွားမှာ ပါ" ဟုဗြိတိသျှသံရုံး
တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဗြိတိသျှအစိုးရသည် Chevening ပညာသင်ဆုအစီအစဉ်ဖြင့် မြန်မာကျောင်းသား
ငါးဦးခန့်အား နှစ်စဉ် ပညာသင်ဆုပေးအပ်လျက်ရှိပြီး လွန်ခဲ့သည့်ပညာသင်နှစ်မှစ၍
ကန်းဘရစ်ခ်ျတက္ကသိုလ်ပညာသင်ဆု အစီအစဉ်ကို တိုးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ကန်းဘရစ်ခ်ျတက္ကသိုလ်ပညာသင်ဆုအစီအစဉ်အတွက် ယခုနှစ်ဒီဇင်ဘာ ၁၃ ရက် နောက်ဆုံး လျှောက်ထားရမည်ဖြစ်ပြီး www.admin.cam.ac.uk/students/gradadmissions/prospec/index. shtml တွင် အသေးစိတ်အချက်အလက်များကို ဝင်ရောက်ကြည့်ရှုလေ့လာနိုင်မည် ဖြစ်သည်။
ပညာသင်ဆုလျှောက်ထားသူများအနေဖြင့် Chevening ပညာသင်ဆုနှင့်
ကန်းဘရစ်ခ်ျတက္ကသိုလ် ပညာသင်ဆုတို့ကို တစ်ပြိုင်နက်လျှောက်ထားရမည်ဖြစ်ပြီး
စိတ်ဝင်စားသူများအနေဖြင့်
Press.Officer@fco.gov.uk">Press.Officer @fco.gov.uk သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
7Day News Journal
Vol.12, No.27, SEP.11, 2013
Ref-http://www.maukkha.org
Subscribe to:
Post Comments (Atom)

Post a Comment