Google ရဲ့  နောက်ဆုံးထွက် Android ကိုပေးထားတဲ့ အမည်က KitKat ပါ။ ထွက်တော့ မထွက်သေးပါဘူး။ ကြိုတင် ကြေညာထားခြင်းသာ ရှိပါသေး တယ်။
ဒီအတွက် Marketing ကိုတော့ စတင်လုပ်ဆောင်နေပါပြီ။ KitKat ချော ကလပ်
ဘီစကစ် ချောင်းများကို လိုက်လံ ဝေမျှကျွေးမွေးခြင်း ဖြစ်ပါတယ်။ ဒီတော့
Jelly Bean မျိုးဆက် ကုန်ဆုံးတော့မှာပါ။ 4.3 API level 18 ပြီးတော့
ဆက်ထွက်ဖို့ မရှိတော့ပါဘူး။ KitKat မျိုးဆက် စတင်တော့ မှာ ဖြစ်ပါတယ်။ Honey
Comb, Ice Cream Sandwich, Jelly Bean အစရှိသဖြင့် စားစရာမုန့်တွေနဲ့ပဲ
အမည်ပေးသွားတာပါ။ ဒီတစ် ခါ ပေးလိုက် တဲ့ KitKat က လည်း စားစရာပါပဲ။ Nexus
စမတ်ဖုန်းနဲ့ Tablet တွေမှာ ပထမဆုံး မြင်တွေ့ရမယ်လို့ ဆိုပါတယ်။
ယင်းအတွက် Kit Kat မိတ်ဆက်ပွဲကို Google ရဲ့  Android Division က
သီးသန့် ပြုလုပ်အုံးမှာပါ။ ကမ္ဘာ့ လူသုံး အများဆုံး မိုဘိုင်းဖုန်း OS အဖြစ်
စံချိန်တင်ထားတဲ့ Android ဟာ Kit Kat ကို အကောင်းဆုံး စမတ်ဖုန်း OS အဖြစ်
မြင်တွေ့စေရမယ်လို့ ပြောဆိုထားကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (ရိုးရာလေး)
..
Subscribe to:
Post Comments (Atom)

Post a Comment