0


Android OSကို ဖန်တီးထားတဲ့ Googleဟာ ၎င်းတို့ရဲ့ OSအတွက် Appတွေကို Google Play Storeမှာ စီစဉ်ပေးထား ပါတယ်။ ဒါပေမယ့် အဆိုပါ Google Playဟာ Deviceတစ်ခုခုနဲ့ Registerလုပ်ထားဖို့ လိုအပ်တာကြောင့် အဲလိုမလုပ်ထားတဲ့ Userတွေ အနေနဲ့ Downloadဆွဲချင်ရင် အခက်တွေ့နိုင်ပါတယ်။ ဒါကြောင့် APK Drawer ဆိုတဲ့ Siteကို တင်ပြပေးလိုက် ပါတယ်။ အဆိုပါ Websiteဟာ Google Playလိုမျိုးပဲ Appတွေ တစ်ခုစီကို ရှင်းလင်းချက်တွေ၊
Screenshotတွေနဲ့ တကွ Free Downloadရအောင်ပါ စီစဉ်ပေးထားတာပါ။ ဘယ်Account, Deviceနဲ့မှ Registerလုပ်စရာ မလိုဘဲ သင့်ရဲ့ ကွန်ပျူတာနဲ့ တစ်ခါတည်း Apkဖိုင်ကို Downloadဆွဲနိုင်မှာ ဖြစ်ပါတယ်။

Game, Appစတာတွေ အစုံအလင်ရှိတဲ့ Android Market Placeတစ်ခု လည်းဖြစ်ကာ ရိုးရှင်းလွယ်ကူတဲ့ ပုံစံနဲ့ စီစဉ်ပေးထားတာ မို့လို့ မြန်မာအိုင်စီတီ ပရိသတ်တွေ Android Appအလွယ်တကူ ရယူနိုင်ရန် ဒီSiteလေးကို ညွှန်းလိုက် ရပါတယ်။

Ref-Myanmar ICT News

Post a Comment

 
Top