လက်တလော ဖြန့်ချိနေတဲ့ Samsung Galaxy S4 နဲ့မတူတဲ့ S4 မိသားစုဝင်
နောက်တစ်မျိုးကို Samsung တို့ မိတ်ဆက်လိုက် ပါတယ်။ Samsung Galaxy S4
Active လို့ အမည်ရပါတယ်။
Sony အပြင်
အခြားကုမ္မဏီအတော်များများက ရေစုံခံဖုန်း အကြမ်းခံ ဖုန်းတွေ ထုတ်နေပြီလေ။
Samsung လည်း ခေတ်နောက်ကျ မခံပါဘူး။ Samsung Galaxy S4 Active အမည်နဲ့
ရေစုံခံ၊ ဖုန်မှုန့်ဒဏ်ခံနိုင်မယ့် စမတ်ဖုန်း အမျိုးအစားကို
မိတ်ဆက်ပြသခဲ့ပါတယ်။
ဘာထူးခြားလဲ
ထူးခြားချက်ကတော့ ရေအောက် ၃
ပေမှာ မိနစ် ၃၀ အထိ နေနိုင်ပြီး ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးလို့ ရပါတယ်တဲ့။
ပြီးတော့ အပြင် ကာဗာ၊ ကိုယ်ထည် များကလည်း အကြမ်းခံပါတယ်။ အဓိကကတော့
အကြမ်းခံမှုကို ဦးစား ပေးလိုက်တာပါ။ နောက်ပြီးတော့ အရောင်လည်း စုံလာပါတယ်။
အနီ၊ လိမ္မော်၊ အဝါ၊အနက်၊ အဖြူ အစရှိသဖြင့် ရွေးစရာ စုံလာမယ်လို့
ဆိုလာပါတယ်။
ကင်မရာ
ကင်မရာကတော့ 13 MP မရှိတော့ပါဘူး။ 8
megapixel ပဲ ရှိပါတော့တယ်။ Pixel က အဓိကမဟုတ်ပါဘူး။ lens က အဓိကပါ။ S4
မှာပါတဲ့ Lens နဲ့ အတူတူပါပဲတဲ့။ Pixel ပိုများတော့ ပုံခပ်ကြီးကြီး
ရိုက်နိုင်တာပေါ့။ အခြားသော App များလည်း အတူတူပါတဲ့အတွက် ကင်မရာမှာ ယခင်
S3 တွေထက်တော့ သာမယ်လို့ ဆိုပါတယ်။
မျက်နှာပြင်
၅လက်မ 1920 x
1080 pixel resolution LCD display (443ppi) ကို အသုံးပြုပါတယ်။ Samsung
Galaxy S4 လို Super AMOLED မဟုတ်တော့ ပါဘူး။ သို့ပေမယ့် Nokia Lumia နဲ့
အရည်အသွေး တူသွားပါတယ်။ LCD ပေမယ့် အတော်ကြည်တဲ့ LCD အမျိုးအစားပါ။
Internally speaking
1.9
GHz quad-core processor ကို အသုံးပြု ပါတယ်။ Android ကလည်း 4.2.2 Jelly
Bean yါ။ Wi-Fi, Bluetooth 4.0, NFC, USB 2.0 အားလုံး S4 က ပါသလို
အကုန်ပါပါတယ်။ ဥရောပမှာဆိုရင် 4G LTE support လုပ်ပေး ပါသတဲ့။
သူက
Memory မှာတော့ Internetl 16 GB တစ်မျိုးပဲ ထွက်မှာပါ။ S4 တုန်းကလို
16,32,64 GB ဆိုပြီး တိုးထွက်မလာပါဘူး။ microsSD ကတော့ ထပ်စိုက်လို့
ရပါတယ်။
S4 နဲ့ S4 Active ဘယ်ဟာရွေးမလဲ
ဈေးတော့
မတိမ်းမယိမ်းသွားကြမှာပါ။ အတိအကျတော မကြေညာရသေး ပါဘူး။ အကြမ်းခံ၊
ရေစိုခံဖို့အတွက် အပြင် သတ္တုတွေမှာ အကောင်းဆုံး သုံးလိုက်ပေမယ့် ဖန်သား
မျက်နှာပြင်အရည်အသွေးနဲ့ ကင်မရာ Pixel ကျတော့ လျော့လိုက်တယ်။
ကိုယ်ကြိုက်တာသာ ရွေးကြပေါ့။ နမော်နမဲ့ နိုင် သမား။ သို့မဟုတ် ရေလမ်းခရီး
ခရီးသွားရသူများအတွက် ကတော့ S4 Active က ပိုကောင်းမယ်ထင်ပါတယ်။
မိုးရာသီလည်း ဖြစ်နေတော့ Active လည်း တစ်ခေတ်ထနိုင်ပါတယ်။
ကျန်တဲ့
Hardware နဲ့ Software များကတော့ အတူတူပါပဲ။ ပါဝင်တဲ့ Feature က အစပေါ့။
Samsung Galaxy S4 Active ကို ဇူလိုင်လ ၁ ရက်နေ့ကစလို့ စတင် ဖြန့်ချိမှာ
ဖြစ်ကြောင်း သိရပါတယ်။
-
Ref: pocketlint
Aung Kham (TSJ Team)
Related Posts
Samsung Galaxy S4 ဘက်ထရီအခမဲ့ လဲလှယ်ပေး
ဂျာမနီနိုင်ငံမှာ ၃၀ ရာခိုင်နှုန်းသော Samsung Galaxy s4 စမတ်ဖုန်းများ ဘက်ထရီ ပြဿနာ တက်ပြီးနောက် အခ[...]
Oct 18, 2013Samsung Galaxy S4 နဲ့ HTC One ဘယ်ဟာပိုကောင်းသလဲ
iPhone နဲ့ Samsumg ချင်း ယှဉ်ပြနေတာ ဒီတစ်ခါတော့ လက်တလော လူကြိုက်အများဆုံး Android စမတ်ဖုန်း နှစ်လ[...]
Jul 01, 2013Samsung Galaxy S4 GT-I9500 ကို Root မလုပ်ပဲ မြန်မာဖောင့်ထည့်မယ်
Normal 0 false false false EN-US X-NONE TH [...]
May 28, 2013Samsung က စက္ခု အာရုံ ဖြင့် အမိန့် ပေး နိုင်သည့် S 4 ကို မိတ်ဆက်
ပိုမို ပါးလွှာ ပြီး ၊ ပိုမို ပေါ့ပါးသည့် ဆမ်ဆောင်း ဂလက်စီ S4 ကို ယနေ့ နယူးယောက်တွင် မိတ်ဆက် ပြသခဲ့ [...]
May 03, 2013
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.