Router မှာ ထိတွေ့မျက်နှာပြင် (touch screen) အသုံးပြုမှုဟာ တကယ် ပထမဆုံး ဖြစ်ပါတယ်။
အမေရိကန်မှ
Securifi အမည်ရ ဟာ့ဒ်ဝဲ ကုမ္ပဏီက ထုတ်လုပ်တာပါ။ အခြားသော ကုမ္ပဏီအမှတ်တံဆိပ်
Router နဲ့ Networking Device များနှင့် လည်း Compact ဖြစ်ပါတယ်။ ကြိုးမဲ့
Router အနေနဲ့လည်း အသုံးပြုလို့ ရပါတယ်။
touch
screen မျက်နှာပြင်မှာတင် Wireless, Security, Range Extender နဲ့အခြားသော
function များကို PC နဲ့ချိတ်စရာမလိုပဲ တစ်ခါတည်း Setting
ဝင်ပြင်လို့ရပါတယ်။ Network ထပ်ချဲ့ ပေးမယ့် Range Extender (Repeater)
လိုမျိုးလည်း အသုံးပြုလို့ရပါတယ်။ Wireless speed 300 Mbps အထိ
ထုတ်ပေးနိုင်ပါတယ်။ Security အတွက်လည်း သေချာ လုပ်ပေး ထားပါတယ်။ Password,
SSID အားလုံးကို စက်ရုံမှ ထုတ်ကတည်းက သေချာ setting လုပ်ထားပေးပြီး Google
ရဲ့  Location Tracking Database မှာ record အလုပ်မခံရအောင် ကာကွယ်
ပေးနိုင်ပါတယ်။
ဈေးလည်း သက်သာပါတယ်။ အမေရိကန်ဒေါ်လာ ၇၉ ဒေါ်လာ
ဝန်းကျင်သာ ရှိပြီး အသေးစိတ် အချက်အလက်ကို အောက်ပါလခ့်မှာ ဝင်ရောက်
ကြည့်ရှု နိုင်ပါတယ်။
.
http://amzn.to/11xbqKe
Aung Kham (TSJ team)
Subscribe to:
Post Comments (Atom)

Post a Comment