အိုင်တီ လောကသားတို့ တော်တော်များများ သိကြပါတယ်။ သို့သော် သာမန် အင်တာနက် အသုံးပြုနေတဲ့ သူများ ဗဟုသုတ အနေနဲ့ သိထားရအောင်ပါ။
သူ့ကို
Security Testing OS လို့လည်း ခေါ်ပါတယ်။ လုံခြုံရေး လေ့ လာ
စောင့်ကြည့်ပေးတဲ့ ကွန်ပြူတာ Operating System လို့ ဆိုလိုပါတယ်။ အဓိကကတော့
အင်တာနက် ကွန်ရက်က အားနည်းချက် များကို ရှာဖွေဖို့ အဓိက သုံးတဲ့ OS ပါ။
Networking သမားတို့ ပိုသုံးကြပါတယ်။ ဆိုင်ဘာ လုံခြုံရေးလိုင်း
လေ့လာလိုက်စားနေသူများ အတွက် မရှိမဖြစ် OS လည်း ဖြစ်ပါတယ်။ သူက Unix-like
OS ကို အခြေခံပြီး ရေးထားတဲ့ Open Source OS ပါ။ ၂၀၁၂ခုနှစ် သြဂုတ် ၁၃ က
နောက်ဆုံးဗားရှင်း ထွက်ရှိထားပါတယ်။ သူ့ကို BackTrack 5 R3 လို့
အမည်ပေးပါတယ်။
OS တစ်ခုလုံးမှာ Network အားနည်းချက်၊ ချို
့ယွင်းချက် ရှာဖွေပေးမယ် Tool တွေ၊ ကွန်ပြူတာ လုံခြုံရေးစနစ်တစ်ခုလုံးကို
Penetration test လုပ်ပေးမယ့် ဆော့ဖ်ဝဲ (Tool) တွေ စုံစုံလင်လင်ပါရှိပါတယ်။
အသေးစိတ်ကို BackTrack ရဲ့  အောက်ပါ Official Website မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။
http://www.backtrack-linux.org/
Subscribe to:
Post Comments (Atom)

Post a Comment