မန္တလေးမြို့ ၊ ချမ်းမြသာစည် မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့်
တန်ဖိုးနည်းအိမ်ရာ စီမံကိန်း အနီးဝန်းကျင်ရှိ မြေဈေးများ
ကျပ်သိန်းထောင်ဂဏန်းအထိ ရှိလာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
"စီမံကိန်းရဲ့ အရှေ့ဘက်မှာ လူနေရပ်ကွက်မရှိတော့ လူနေရပ်ကွက်ရှိပြီး
ဂရန်ပေါက်တဲ့ မြေကွက်တွေ အရောင်းအ၀ယ်ဖြစ်ကုန်တယ်။ စီမံကိန်းလမ်းဘေးကပ်လျက်
ပေ ၄၀ ပတ်လည် မြေကွက်တစ်ကွက်ကို ကျပ်သိန်း ၁၅၀၀ ပေါက်ဈေးရှိတယ်။
လမ်းမတန်းတစ်ကွက် ပေး ၂၀ ပေ ၄၀ အကျယ်လေက်ကို ကျပ်သိန် ၈၀၀
လောက်ဈေးရှိနေပြီ။ တရုတ်လူမျိုးတွေက ဈေးကောင်းပေးဝယ်တော့ တချို့ကလည်း
စီမံကိန်းပြီးရင် မြေဈေးဒီထက်မက တက်လာနိုင်တယ်ဆိုပြီး
မရောင်ကြတဲ့သူတွေရှိတယ် " ဟု တန်ဖိုးနည်း အိမ်ရာစီမံကိန်းအနီးဝန်းကျင်ရှိ
(မမ) ရပ်ကွက်အတွင်း နေထုင်သူ တစ်ဦးက ပြောကြားသည်။
"အရင်က အခုအရောင်းအ၀ယ်ဖြစ်နေတဲ့ (မမ) ရပ်ကွက် မြေဈေးတွေက သိန်းရာဂဏန်း
အနည်ငယ်လောက်ပဲရှိတယ်။ အခုသိန်း ထောင်ဂဏန်းလောက် ပေါက်လာတယ်ဆိုတာကလည်း
တကယ့်အကွက်အကွင်းကောင်းတဲ့ လမ်းဘေးလိုနေရာမျိုးတွေမှ ကြိုက်ရောင်း
ကြိုက်ဝယ်ပုံစံမျိုး အရောင်းအ၀ယ်ဖြစ်နေတာ။
တန်ဖုန်းနည်းအိမ်ရာစီမံကိန်းကလည်း လမ်းခင်းအကွက်ရိုက်တဲ့ အခြေအနေမှာပဲ
ရှိသေးတော့ အရောင်းအ၀ယ် အေးနေသေးတယ်" ဟု ကံသာယာရက်ကွက်အတွင်း ဂှိ
မြေအရောင်းအ၀ယ်ပြုလုပ်သူ တစ်ဦးက ဆိုသည်။
တန်ဖိုးနည်းအိမ်ရာစီမံကိန်းကို ချမ်းမြသာစည်မြို့နယ်၊ ယူဇနလမ်း နှင့် မန
္တလေး−ပြင်ဦးလွင် မီးရထား သံလမ်အကြား၊ ၄၄ လမ်း နှင့် ၄၈ လမ်းအတွင်ရှိ
မြရည်နန္ဒာရပ်ကွက်တွက် ယခုနှစ် နှစ်ဆန်းပိုင်းမှ
စတင်အကောင်အခည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ၊ ယင်းကဲသို့ တန်ဖိုးနည်း
အိမ်ရာစီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိမြေနေရာများသည် ၁၉၉၁
ခုနှစ်က မြို့ကွက်သစ်ဖော်ထုတ်ရေး လန ၃၉ ဖြင့် ခွင့်ပြုမိန့် ထုတ်ပြန်
ထားခဲ့ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၁ ရက် ကျင်းပပြုလုပ်ခဲ့သော
ကျုးကျော်နေထိုင်သူများ အား ခေါ်ယူတွေ့ဆုံသတိပေး ရှင်းလင်းပွဲ
အခမ်းအနားတွင် မန္တလေး မြို့တော်ဝန် နှင့် စည်ပင်သာယာရေး ၀န်ကြီး
ဦးအောင်မောင်းက ထည့်သွင်းပြေားကြားခဲ့သည်။
Ref : EMG
Home
»
မြေဈေးကွက်ဆိုင်ရာ
» မန္တလေးမြို့ရှိ တန်ဖိုးနည်းအိမ်ရာစီမံကိန်း အကောင်အထည်ဖော်မည့် အနီးဝန်းကျင်မှ မြေဈေးများ ကျပ်သိန်းထောင်ဂဏန်းအထိ ရှိလာ
Related Posts
မြင်းခြံခရိုင်၊ ဆီမီးခုံကျေးရွာအနီး မြို့သာမြို့သစ် စီမံကိန်းကြောင့် မြေယာဈေးနှုန်းများ မြင့်တက်
မြင်းခြံခရိုင်၊ ဆီမီးခုံကျေးရွာအနီးမြို့သာမြို့သစ် စီမံကိန်းများကြောင့် မြေယာဈေးနှုန်းများ မြင့်တက[...]
Jun 08, 2013မှော်ဘီဘက်မှာ အဝယ်လိုက်
စီမံကိန်းအနီးအနားက မြေဈေးတွေ တက်လာလို့ မှော်ဘီဘက်က မြေတချို့ လတ်တလောမှာ အဝယ်လိုက်လာတယ်လို့ သိရပ[...]
May 31, 2013ဒေါ်လာဈေးအတက်ကြောင့် အိမ်ခြံမြေဈေးလျှော့ရောင်းပေမဲ့ အရောင်းအဝယ်အေး
ယခုရက်ပိုင်းအတွင်း ဒေါ်လာဈေး ဆက်တိုက်တက်လာတာကြောင့် အိမ်ခြံမြေ အရောင[...]
May 29, 2013ဈေးကွက်အေးနေဦးမယ့် စက်မှုဇုန်မြေကွက်တွေ
အခုတစ်ပတ် စက်မှုဇုန်ဈေးကွက် အခြေအနေကတော့ အရောင်းအဝယ်မရှိသလောက် ဖြစ်နေပြီး စောင့်ကြည့်အခြေအနေ ဖြစ်ေ[...]
May 21, 2013
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.