ရန်ကုန် ဇူလိုင်
၁၄
ရန်ကုန်မြို့တော်
အတွင်းရှိ မြို့လယ် ခြောက်ြမို့နယ် အတွင်း ကားပါကင် ဖော်ထုတ်ခြင်းနှင့် လူသွားစင်္ကြံများအသစ် ပြုပြင်ခြင်းများကို
(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမီ ဆောင်ရွက်သွား မည် ဖြစ်ကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်း/ တံတား)မှ သိရသည်။
ရန်ကုန်မြို့လယ်
ခြောက်မြို့နယ် ဖြစ်သည့် လမ်းမတော် မြို့နယ်၊ လသာမြို့နယ်၊ ပန်းဘဲတန်း မြို့နယ်၊ ကျောက်တံတား
မြို့နယ်၊ ဒဂုံမြို့နယ်နှင့် ဆိပ်ကမ်း မြို့နယ်များတွင် ယာဉ်ကြော ပိတ်ဆို့နေမှုများကို
လျှော့ချရန် အတွက် ကားပါကင် များ ဖော်ထုတ်ခြင်း၊ လမ်းသား တိုးချဲ့ခြင်း လုပ်ငန်းများနှင့်
လူသွား စင်္ကြံများ အဆင့် မြှင့်တင်သည့် လုပ်ငန်းများ ကို ဆောင်ရွက်လျှက်ရှိပြီး Sea
Games အမီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တော်
စည်ပင်သာယာရေး နယ်နိမိတ် အတွင်း လမ်းမကြီးများ ဖြစ်သည့် တောင်ဥက္ကလာပ မြို့နယ်ဝေဇယန္တာ
လမ်းနှင့် လမ်းမတော်မြို့နယ် လမ်းသစ်လမ်းများ အပြင် လှိုင်သာယာ မြို့နယ်ရှိ ကျန်စစ်သားလမ်း၊
အနော်ရထာ လမ်းနှင့် အမှတ် (၂) လမ်းမကြီးတို့ကို လမ်းသား ချဲ့ထွင်ခြင်းနှင့် ပြုပြင်ခြင်းများ
ပြုလုပ်လျက် ရှိကြောင်း သိရသည်။
၂ဝ၁၃- ၂ဝ၁၄
ဘဏ္ဍာရေးနှစ် အတွင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်း/
တံတား) အတွက် ရသုံး ခန့်မှန်းခြေ ငွေစာရင်း (ဘတ်ဂျက်)ကို ကျပ်သန်းပေါင်း လေးသောင်းကျော်
သုံးစွဲရန် လျာထား လျက် ရှိပြီး ၎င်း လျာထားချက်ကို ရန်ကုန်မြို့တော် အဆင့်မြှင့်တင်ရေး
စီမံကိန်းများတွင် သုံးစွဲသွားမည် ဖြစ်ကြောင်း သိရသည်။
ဇာနည်မောင်

Post a Comment