ငွေကျပ် ၁၅၀၀
တန် မိုဘိုင်းဖုန်းများ Ringtune များထည့်သွင်းနိုင်ပြီဖြစ်
ယခုလက်ရှိ ငွေကျပ် ၁၅၀၀ တန် မိုဘိုင်းဖုန်းတွေမှာယခင်မိုဘိုင်းဖုန်းတွေလို Ringtune
များထည့်သွင်းနိုင်ပြီဖြစ်တယ်လို့ ဇူလိုင်လ ၂၇ ရက်နေ့က
Sakura Tower မှာကျင်းပတဲ့ ငွေကျပ်တစ်ထောင့်ငါးရာ တန်
မိုဘိုင်းဖုန်းများ Ringtune
စတင်အသုံးပြုနိုင်မှုနဲ့ ပတ်သက်ပြီး မိတ်ဆက်တဲ့ အခမ်းအနားမှ သိရပါတယ်။
ငွေကျပ် တစ်ထောင့်ငါးရာ တန် မိုဘိုင်းဖုန်းများအတွက် Hello Music ၀န်ဆောင်မှုကို
MIS (Myanmar
Telecommunication & Technology Services)
ကုမ္ပဏီမှ စီစဉ် ပြုလုပ်တာ ဖြစ်ပါတယ်။
အဆိုပါဝန်ဆောင်မှုကို ဆောင်ရွက်လိုသူတွေအနေနဲ့ ငွေကျပ် တစ်ထောင့် ငါးရာ
တန်မိုဘိုင်းဖုန်းနဲ့ ၁၂၁၂
သို့ ခေါ်ဆိုပြီး အမည်၊ ဖုန်းနံပါတ်၊ မှတ်ပုံတင်အမှတ်နဲ့
နေရပ်လိပ်စာတို့ကိုပေးပို့ကာ ပြုလုပ်နိုင်သလို
အသုံးပြုမယ့်မိုဘိုင်းဖုန်းနဲ့ နံပါတ် ၃၃၃ ကို Register
လို့
ရိုက်နှိပ်ပြီး SMS ပေးပို့ကာ Ringtune
အစီအစဉ်ကို အသုံးပြုနိုင်တယ်လို့လည်း သိရပါတယ်။
အဆိုပါ ၀န်ဆောင်မှုကိုတော့
ပြီးခဲ့တဲ့မေလကတည်းက စတင်ပြီး ပြုလုပ်နိုင်တာဖြစ်ပြီး လက်ရှိမှာတော့
အသုံးပြုသူအနေနဲ့ ၁၈၇၅၀ ဦးခန့်ရှိပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။ အဆိုပါ
ဝန်ဆောင်မှုအတွက်
သံစဉ်တွေကိုလည်း www.hellomusic.com မှ mylibrary
မှာ
ဝင်ရောက်ကြည့်ရှုနိုင်တယ်လို့
သိရပါတယ်။ အဆိုပါRingtune များအသုံးပြုမှုကိုတော့
ဝန်ဆောင်ခအတွက်လစဉ်ကြေးအနေနဲ့ ၁ လကို
ငွေ နှစ်ထောင် ကျပ်နဲ့ သီချင်းတစ်ပုဒ်အတွက် ၃၀၀ ကျပ် ဖြစ်တယ်လို့
သိရှိရပါတယ်။
ကိုလတ်(ကျွဲဆင်း)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.