ဂျပန်နိုင်ငံအခြေစိုက်နာမည်ကြီး ခရီးသွားလုပ်ငန်းဖြစ်သည့် ဂျေတီဘီကုမ္ပဏီနှင့် မြန်မာပိုးလ်စတား
(Myanmar Polestar Travel and Tours) ခရီးသွားလုပ်ငန်းကုမ္ပဏီတို့ ပူးပေါင်းထားသည့်
ဖက်စပ်ခရီးသွားကုမ္ပဏီ JTB Polestar Travel and Tours သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ
လေဆိပ်မှ ရန်ကုန်မြို့ထဲအထိ ပြေးဆွဲပေးမည့် အသွားအပြန် ကြိုပို့ဘတ်စ်များကို နိုင်ငံတကာမှ
ခရီးသွား ဧည့်သည်များအတွက် စတင်ပြေးဆွဲ ပေးတော့မည်ဖြစ်ကြောင်း သိရသည်။
"ဘတ်စ်ကား (Shuttle buses) တွေက ရန်ကုန်လေဆိပ်ကနေ ရန်ကုန်မြို့ထဲ ပါ့ခ်ရွိုင်ရယ်၊
ထရိတ်ဒါး၊ ဆီဒိုးနားနဲ့ ချက်ထရီရမ် ဟိုတယ် လေးလုံး အထိကို စတင်ပြေးဆွဲပေးမှာပါ။
ဘတ်စ်ကားတွေကိုတော့ ဂျပန်ကနေ ရှစ်စီးမှာထားပေမယ့် စတင်ပြေးဆွဲပေးမယ့် ဩဂုတ်လမှာ
အကုန်လုံး အဆင်သင့်မဖြစ်သေးရင်တော့ ရှစ်စီးအောက်ဖြစ်နိုင်ပါတယ်။ ဘတ်စ်ကားလက်မှတ်
တစ်စောင်ကိုတော့ အမေရိကန်ဒေါ်လာ ၁၀ သတ်မှတ်ထားပါတယ်။ နောက်ထပ်လည်း
နေပြည်တော်နဲ့ မန္တလေးမြို့တွေမှာ အခုလို ဘတ်စ်တွေပြေးဆွဲ ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်"ဟု
ဂျေတီဘီ ပိုးလ်စတား ကုမ္ပဏီမှ ဒုဥက္ကဋ္ဌ ဦးကျော်မင်းထင်က ပြောသည်။
"ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ဂျေတီဘီနဲ့ ပူးပေါင်းလိုက်ခြင်းဖြင့် သူတို့ဆီက နည်းပညာအသစ်
တွေနဲ့အတူ လုပ်ကိုင်ရတဲ့အတွက် ဈေးကွက်နည်းပညာအသစ်တွေကို လေ့လာသင်ယူ နိုင်တယ်"
ဟု ၎င်းကပြောသည်။
"ကျွန်တော်တို့ အခုလို ဖက်စပ်ကုမ္ပဏီ တည်ထောင်ဖြစ်ခဲ့တဲ့အတွက် အဓိကအကျိုးအမြတ်အနေနဲ့
ကတော့ ဂျပန်နိုင်ငံမှာရှိတဲ့ ခရီးသွားဧည့်သည်တွေအပြင် နိုင်ငံတကာက ဧည့်သည်တွေကပါ
မြန်မာနိုင်ငံကို ရောက်လာကြမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို တိုးတက်စေမှာ
ပါ"ဟု ၎င်းကပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက "ဂျေတီဘီ ပိုးလ်စတား အနေနဲ့ အနာဂတ်မှာ
အလားအလာကောင်းတဲ့ ကုမ္ပဏီအဖြစ် ခရီးသွားလုပ်ငန်းမှာ တိုးတက်အောင် ဆောင်ရွက်မယ်လို့
ယုံကြည်ပါတယ်။ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့
ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကမ္ဘာလှည့်ခရီးသည် တစ်သန်း ရှစ်သိန်း လာရောက်
လည်ပတ်ရန် ယုံကြည်ထားပြီး ပြီးခဲ့တဲ့ မေလကုန်ထိ ခရီးသည်ငါးသိန်း ၀င်ရောက်ခဲ့ပြီးဖြစ်တယ်လို့
သိရပါတယ်။
အဲဒီအတွက်ကြောင့် ဂျေတီဘီ ပိုးလ်စတားအနေနဲ့ မျှော်မှန်းထားတဲ့ ကမ္ဘာလှည့်ခရီးသည်
တစ်သန်း ရှစ်သိန်းပြည့်အောင် ပူးပေါင်းပါဝင်မယ်လို့ မျှော်လင့်ပါတယ်"ဟုပြောသည်။
ဂျပန်နိုင်ငံအခြေစိုက် ဂျေတီဘီ ခရီးသွားလုပ်ငန်းကုမ္ပဏီကို ၁၉၁၂ ခုနစ်တွင် စတင်တည်ထောင်ခဲ့
ပြီး ကမ္ဘာအနှံ့ ကုမ္ပဏီခွဲပေါင်း ၁၀၀ ကျော်ရှိကာ မြန်မာပိုစတာကုမ္ပဏီနှင့် ၂၀၀၃ ခုနှစ် ကတည်းက
ပူးပေါင်း ဆောင်ရွက်ခဲ့သော ကုမ္ပဏီဖြစ်သည်။
ရန်ကုန်တိုင်း(မ်)
Related Posts
ဖားကန့်မှာ ကျောက်စိမ်းမှောင်ခိုကား ၁၁ စီး ဖမ်းဆီးရမိ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှာ မနေ့ညနေပိုင်းက တရားမဝင် သယ်ဆော[...]
Apr 09, 2014ကိုယ်စားလှယ်လောင်းတွေသာ ကိုယ်စားပြု မဲဆန္ဒနယ်မှာ စည်းရုံးခွင့်ရတော့မည်
လာမယ့် ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းဟာ သူရဲ့ မဲဆန္ဒနယ်မှာ သူကိုယ်တိုင်[...]
Apr 09, 2014မှတစ်ဆင့်ပထမဦးဆုံးဖုန်း အသံနှင့်ဗွီဒီယိုခေါ်ဆိုမှုအောင်မြင်စွာပြုလုပ်ခဲ့ (၇.၄.၂၀၁၄)
တယ်လီနောမြန်မာမှ၎င်းတို့ကုမ္ပဏီ၏ Live Core Network မှတစ်ဆင့် ပထမဦးဆုံးဖုန်းခေါ်ဆိုမှုကိုအောင်မြင[...]
Apr 07, 2014ကြည်နးဂုဏ်ယူစရာကိုကိုကြီးနှင့် မခင်သူသူဝင်းတို့ ၏မင်္ဂလာဧည့်ခံပွဲ
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦး အဖြစ်ထင်ရှားတဲ့ ဦးကိုကိုကြီးနှင့် မခင်သူသူဝင်း တို [...]
Apr 07, 2014ကာချုပ် ရှမ်းပြည်နယ်ခရီး လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံ
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့-SSPP-SSA [...]
Apr 07, 2014စစ်တပ်ပိုင် ဂန္ဓမာဟိုးဆေး စင်တာကို မီးအာမခံကြေး သိန်း ၁၄၀၀ ကျော်ပေး
ပုဂ္ဂလိက အာမခံကုမ္ပဏီတွေ စတင်တည်ထောင်ပြီးနောက်ပိုင်း ပမာဏ အများဆုံး အာမခံကြေးအဖြစ် ပြီးခဲ့တဲ့နှစ်က[...]
Apr 07, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.