0
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၏ ပထမသုံးလတာ ကာလဖြစ်သော ဧပြီလမှ ဇွန်လအတွင်း မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၉၀ ကျော် ရရှိခဲ့ကြောင်းနှင့် နယ်စပ်ကုန်သွယ်မှု တိုးတက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ရရှိသော သတင်းများအရ သိရသည်။
ယင်း သန်း ၈၉၀ အနက် မြန်မာပြည်မှ ပြည်ပသို့ တင်ပို့မှု အမေရိကန်ဒေါ်လာ ၄၅၂ သန်းရှိပြီး ပြည်တွင်းသို့ ပြန်လည်တင်ပို့မှုမှာ ၄၄၂ သန်းဖိုး ရှိကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်မှု အသာစီးရခဲ့ကြောင်းနှင့် ယင်းအနက် တရုတ်မြန်မာ နယ်စပ်ရှိ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှု သန်း ၆၀၀ ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် နယ်စပ်ကုန်သွယ်ရေး စခန်းများ တိုးချဲ့ဖွင့်လှစ် နေပြီဖြစ်ပြီး ပြီးခဲ့သည့် မေလအတွင်းက ဖွင့်လှစ်ခဲ့သော မောတောင်နှင့် ထီးခီးနယ်စပ် ကုန်သွယ်ရေး စခန်းများ အပါအ၀င် စုစုပေါင်း ၁၆ ခု ရှိပြီဖြစ်ကြောင်းနှင့် အဓိကအားဖြင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးရှိ မူဆယ်နယ်စပ် ကုန်သွယ်ရေးနှင့် ထိုင်းမြန်မာ နယ်စပ်ရှိ မြ၀တီ နယ်စပ်ကုန်သွယ်ရေးတို့မှာ အဓိက ကုန်သွယ်မှု ပြုနေသော ကုန်သွယ်ရေး စခန်းများဖြစ်ကြောင်း သိရသည်။

မြန်မာပြည်မှ ပြည်ပသို့ တင်ပို့မှု အမေရိကန်ဒေါ်လာ ၄၅၂ သန်းရှိပြီး ပြည်တွင်းသို့ ပြန်လည်တင်ပို့မှုမှာ ၄၄၂ သန်းဖိုး ရှိကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်မှု အသာစီးရခဲ့ကြောင်းနှင့် ယင်းအနက် တရုတ်မြန်မာ နယ်စပ်ရှိ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှု သန်း ၆၀၀ ရှိကြောင်း...

မြန်မာ-တရုတ် နယ်စပ်တွင်မူ လောလောဆယ် အခြေအနေတွင် နယ်စပ် ကုန်သွယ်ရေးစခန်း ငါးခုရှိနေပြီး မူဆယ်၊ ရွေလီ၊ ချင်းရွေဟော်၊ ကန်ပိုက်တီးနှင့် လိုင်ဇာတို့ ဖြစ်ကြောင်း သိရသည်။ မောတောင်နှင့် ထီးခီးနယ်စပ် ကုန်သွယ်ရေး စခန်းများမှာ တနင်္သာရီတိုင်း အတွင်းရှိ ကုန်းလမ်းမှ နယ်စပ်ကုန်သွယ်မှု ပြုလုပ်နေသော နယ်စပ်ကုန်သွယ်ရေး စခန်းများဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်စပ်ကုန်သွယ်ရေး မြှင့်တင်ရန်အတွက် ပြီးခဲ့သည့် မေလက ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယင်းကုန်သွယ်မှုစခန်း နှစ်ခုမှာ စခန်းသစ်ဖြစ်ပြီး တစ်လအတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ လေးသန်းဖိုး ကုန်သွယ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အလားတူ ကုန်သွယ်မှု လျင်မြန်ချောမွေ့ စေရေးအတွက် နောက်ထပ် နယ်စပ်ကုန်သွယ်ရေး စခန်းသစ်များလည်း ထပ်မံဖွင့်လှစ် ပေးသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ရရှိသော သတင်းများအရ သိရသည်။ မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံနှင့် နယ်စပ်ချင်း ချိတ်ဆက်နေသည့်အလျောက် နယ်စပ်ကုန်သွယ်ရေး ကဏ္ဍအတွက် တိုးချဲ့လုပ်ကိုင်လာပြီး ယခင်ရှိခဲ့သော နယ်စပ်ကုန်သွယ်ရေး စခန်းလေးခုဖြစ်သော တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ မြိတ်နယ်စပ် ကုန်သွယ်ရေးအပြင် ယခုနှစ်တွင် ဖွင့်လှစ်ခဲ့သော မောတောင်နှင့် ထီးခီးနယ်စပ် ကုန်သွယ်ရေး စခန်းများ အပါအ၀င် ခြောက်ခုရှိနေပြီ ဖြစ်ကြောင်း၊ ယခုပြင်ဆင်နေသော ကယားပြည်နယ်နှင့် ထိုင်းနယ်စပ်ရှိ မယ်စဲနယ်စပ် ကုန်သွယ်ရေး အပါအ၀င် ဆိုပါက ထိုင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းခုနစ်ခုအထိ ရှိလာတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

First Eleven Media Group

Post a Comment

 
Top