၂၁ ရက်နေ့  ည ၉ နာရီလောက်မှာ မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို
့ ကျောက်ဆည်ဆေးရုံကို accident ဖြစ်တဲ့ လူနာနှစ်ယောက် ရောက်လာပြီး
လူနာများ၏ အခြေအနေမှာ ဦးခေါင်းထိထား၍ ကောင်းစွာ သတိမရကြောင်း သိရပါတယ်။
အဆိုပါလူနာ
များနှင့် ပါလာသော ယာဉ်ထိမ်းရဲ နှစ်ယောက်မှာ ဆရာဝန်စမ်းသပ်
ခန်းထဲသို့ ဝင်လာပြီး လူနာများအား လှုပ်နိုးပြီး၊ နာမည်၊ အသက်
စသည်တို့ ကို မေးတဲ့အခါ တာဝန်ကျ ဆရာဝန်များထဲမှ ဆရာဝန်တယောက်က
လူနာက ကောင်းကောင်း သတိမရသေးသဖြင့်၊ အရေးပေါ် အခြေအနေဖြစ်ကြောင်း ဆရာဝန်
အခန်း အပြင်မှ စောင့်ရန်ပြောသဖြင့်၊ အရက်လည်း မူးနေတဲ့ ယာဉ်ထိမ်းရဲ
၂ပွင့် ဦးအေးကိုကိုမှ အခန်းအပြင်ဘက်သို့ ထွက်သွားရ၍ မကျေနပ်ကြောင်း
ပြောဆိုနေခဲ့ပါတယ်။
အဲဒီအချိန်မှာ ဒေါက်တာ ဇော်သူအောင်မှ
ဆိုင်ကယ်ထားရန် ပြင်ပလူနာ ဌာနဆောင်ထဲသို့ တက်လာစဉ်၊ ယာဉ်ထိမ်းရဲများ
ပိတ်နေ၍ လမ်းဖယ်ပေးရန် ဆိုင်ကယ်ဟွန်းတီးတဲ့အခါ၊ ယာဉ်ထိမ်းရဲ ဖြစ်သူများမှ
ဖယ်မပေးဘူးလို့ ဆိုပါတယ်။
ထိုအခါ ဒေါက်တာဇော်သူအောင်မှ ဆိုင်ကယ်ကို
လမ်းကျဉ်းကျဉ်းလေးထဲ သို့ 
ယာဉ်ထိမ်းရဲများ ဘေးမှကပ်ရှောင်သွားစဉ်၊ဒေါက်တာ ဇော်သူအောင် ဆိုင်ကယ်မှ
ဆိုင်ကယ်ဦးထုပ်နှင့် ဦးအေးကိုကို၏ လက်ထိမိသွား ကြောင်းသိရပါတယ်။
အထဲမှ
လူနာနှစ်ယောက်ကိုတော့ ရောဂါအခြေအနေ အကြောင်း တာဝန်ကျ ခွဲစိပ်ဆရာဝန်ကြီးထံ
အကြောင်းကြားပြီး ဆရာဝန်ကြီး order အရ မန္တလေးဆေးရုံကြီး ဦးနောက်နှင့်
အာရုံကြောခွဲစတ်ဌာနလို့ လွဲပြောင်းခိုင်း လိုက်ပါတယ်။
ထိုသို့ လွှဲပြောင်းကုသ ခြင်းကို
ယာဉ်ထိမ်းရဲ ဖြစ်သူဦိးအေးကိုကိုမှ ဒီမှာပဲ ကုလို့ မရနိုင်ဖူးလား၊
ဘာဖြစ်လို့ လွှဲတာလဲလို့ ပြောပါတယ်၊ အရေးပေါ်အခြေအနေကြောင့်
လွှဲပြောင်းခြင်းကို သူ့ ဘက်က ဘာကိစ္စ သဘောမတူ ဖြစ်နေရတာလဲဆိုတာကို
ဆရာဝန်များမှ နားမလည်နိုင်ကြောင်း၊ ကျောက်ဆည် ဆေးရုံက ဆရာဝန်တဦးက
ပြောပါတယ်။
မလွှဲလို့ မရဖူးလို့ ပြောလိုက်တော့မှ ယာဉ်ထိမ်းရဲ ဖြစ်သူ နှစ်ဦးထွက်သွားခဲ့ ပါတယ်။
ည
၁၀ နာရီလောက်မှာ ယာဉ်ထိမ်းရဲ ဖြစ်သူနှစ်ဦးနှင့် ကိုကိုလွင် ဆိုသော
လူတယောက်ပါလာပြီး ၊၃ ယောက်စလုံးမှ
အရက်နံ့ရပြီး တော်တော်ပင်မူးနေကြကြောင်း၊ ကိုကိုလွင် ဆိုသူမှာ
ဆေးရုံထဲသို့ ဆေးလိပ်သောက် ၀င်လာပြီး သူ့ ဖုန်းဖြင့်
ဓာတ်ပုံများရိုက်ကြောင်း၊ ယာဉ်ထိန်းရဲဖြစ်သူ ဦးအေးကိုကိုမှ
သူ့ အားဆိုင်ကယ်ဖြင့် ဝင်တိုက်သွားသည့် ဆရာဝန်အား ခေါ်ပေးရန်
ရင့်ရင့်သီးသီးပြောဆို ကြောင်း၊
ကိုကိုလွင်အား ဓာတ်ပုံ
ရိုက်လို့ မရကြောင်း ပြောသောအခါ ၊ ငါက မီဒီယာသမားကွ ငါရိုက်ချင်ရင်
အကုန်ရိုက်လို့ ရတယ်ကွဟု ပြောကြောင်း၊ ရောက်လာသူ ၃
ယောက်စလုံးမှ တော်တော်မူးနေ၍ ပြသနာ
တက်မည်ဆိုးသော ကြောင့် ဒေါက်တာ ဇော်သူအောင်ကို ခေါ်မပေးပဲ ပြေလည်အောင်
ဆရာဝန်တဦးမှ ဦးအေးကိုကိုအား ဆိုင်ကယ်ဦးထုပ်နှင့် တိုက်မိတာပဲ
ခင်များလက်က ဒဏ်ရာရသွားရင် ကျွန်တော်တို့ ဒေါက်တာဇော်သူအောင်
အစားတောင်းပန်ပါတယ်လို့ ပြောပါတယ်။
ပြီးတော့ ခင်များလက်ကိုလည်း
ဓာတ်မှန်ရိုက်ပြီး ဆေးကုပေးမည်ဟု ပြောကြောင်း၊ အမှန်မှာ
ဆိုင်ကယ်ဦးထုပ်ဖြင့် တိုက်မိသောကြောင့် မည်သည့် ဒဏ်ရာအနာမှ မဖြစ်ကြောင်း၊
ဦးအေးကိုကိုမှ ဒေါက်တာဇော်သူအောင်အား မခေါ်ပေးသဖြင့် ဆေးရုံရှေ့တွင်
အော်ပစ်ဆဲဆို သောင်းကြမ်းနေကြောင်း၊ မီဒီယာ သမားဟုပြောသော
ကိုကိုလွင်ဆိုသူမှ ငါက ၈၈ကျောင်းသားဟောင်းကွ၊ ငါကိုဘာကောင်မှတ်နေလည်း၊
မင်းတို့ ဆေးရုံတခု လုံးကို ဓာတ်ပုံရိုက်ပြီး internet ပေါ်တင်လို့ ရတယ်ကွ၊
ပါးစပ်မှ လည်းနားနှင့် မကြားဝင့်တဲ့ စကားလုံးမျိုးစုံ ဖြင့်ဆဲဆိုပြီး၊
မင်းတို့ ဆေးရုံတခုလုံးကို မီးရို့ ပစ်မယ်၊ ဘာမှတ်နေလဲကွဟု ပြောကြောင်း၊
ပြသနာများ ပိုကြီးလာမည်ဆိုးသောကြောင့်
အကုန်လုံးမှ ဒေါက်တာဇော်သူအောင်အား ခေါ်ပေးပြီး၊
ယာယီဆေးရုံအုပ် ဒေါက်တာဦးဌေးအောင်ကိုလည်း တာဝန်ကျ ဆရာဝန်တဦးမှ
သွားခေါ်ခဲ့ပါတယ်။
ဒေါက်တာဦးဌေးအောင်ရောက်လာပြီး ပြသာနာဖြစ်သူ
နှစ်ဦးအား အခန်းတွင်း သီးသန့် ဖြေရှင်းပေးကြောင်း၊ ဒေါက်တာဦးဌေးအောင်မှ
ဦးအေးကိုကိုအား တာဝန်ချိန် အတွင်း ယူနီဖောင်း ဝတ်ပြီး
အရက်သောက်ထားသဖြင့်မှားကြောင်း၊ ဒေါက်တာဇော်သူအောင်အား
ဆိုင်ကယ်မထားရတဲ့နေရမှာ မောင်းတက်လာ၍ မှားကြောင်း ပြောပါတယ်။
ဒေါက်တာ ဇော်သူအောင်မှ
ဒီနေရာတွင် ဆိုင်ကယ်မထားရသည်ကို မသိကြောင်း၊ အစဉ်အဆက်ကလည်း ဆိုင်ကယ်ထားကြ၍
မိမိလည်းထားမိခြင်းဖြစ် ကြောင်း၊ ယာဉ်ထိန်းရဲ
ဦးအေးကိုကိုမှ ဒေါက်တာဇော်သူအောင်လည်း အရက်သောက်ထားကြောင်း ပြောဆိုပြီး
ဆိုင်ကယ်ရှေ့ မှ ညှပ်ထားသော ဘူးကိုယူ၍ပြကြောင်း၊ အဲဒီဘူးမှာ
အချိုရည်ဘူး ဖြစ်ကြောင်း ပြောပြီး ဒေါက်တာဦးဌေးအောင်နှင့် ဦးအေးကိုကိုမှ
အဖုံးဖွင့်ပြီး ကြည့်ကြကြောင်း၊ အရက်အနံ့ မရပဲ အချိုရည်အနံ့ ပဲရကြောင်း၊
ဒေါက်တာ ဦးဌေးအောင်မှ ဝန်ထမ်းအချင်းချင်း ပြသနာဖြစ်တာ
ရှက်စရာကောင်းလှ ကြောင်း၊ နှစ်ဦးနှစ်ဖက်တောင်းပန်ခိုင်း၍ အပြန်အလှန်လက်ဆွဲ
နုတ်ဆက်ခိုင်းကြောင်း သိရပါတယ်။
ဒေါက်တာ ဦးဌေးအောင်မှ
အရပ်သားတွေကို တောင်းပန်စရာ မလိုကြောင်းလဲ မပြောခဲ့ကြောင်း၊
ကိုကိုလွင်နှင့် ဦးအေးကိုကိုတို့ ဆဲဆိုနေသော ဗီဒီယိုဖိုင်နှင့်
ဓာတ်ပုံများကို ဒေါက်တာဦးဌေးအောင်မှ ပြသနာ
အကျယ်အကျယ်ဖြစ်မည်ဆိုးသဖြင့် ပြန်ဖျက်ခိုင်းလိုက်ကြောင်းလည်း ကျောက်ဆည်
ဆေးရုံ တာဝန်ကျ ဆရာဝန်များ ပြောပြချက် အရ သိရပါတယ်။
ဆက်လက်ပြီး
တာဝန်ကျ ဆရာဝန်တဦးမှ ဒေါက်တာဦးဌေးအောင်က လူနာများကို ဆဲဆိုရတဲ့
အကြောင်းအရင်း သိချင်ရင် အချိန်မရွေးလာရောက် စုံစမ်းနိုင်ကြောင်း၊ အလာကား
သက်သက် မဆဲကြောင်း၊ ပြီးတော့ လူနာများကို ကြက်သား၊နို့ ၊ငါးဆန်ပြုတ်
တနေ့ သုံးနှပ် နေ့ တိုင်းကျွေးကြောင်း၊ မြန်မာနိုင်ငံမှာ ဒီလိုမျိုး
လူနာတွေကို ဆန်ပြုတ်နေ့ တိုင်းတိုက်တဲ့ ဆေးရုံမျိုးတွေကို လက်ချိုးရေလို
့ရကြောင်း၊ ကျောက်ဆည်ဆေရုံကြီးကို တက်ဖူးတဲ့ လူနာတွေကို
ကြိုက်တဲ့လူ မေးလို့ ရနိုင်ကြောင်း၊ ငွေရေးကျေးရေး အရုပ်အရှင်း
ကိစ္စမရှိကြောင်း၊ ဆင်းရဲသောလူနာများကို
တက်နိုင်သလောက် ဆေးအလာကားပေးကြောင်း၊ ဆေးရုံဆင်းချိန်တွင်
အလှူငွေကောက်ခံခြင်းကို မတက်နိုင်လျှင်လုံးဝမထည့် ခိုင်းကြောင်း၊
အဲဒါကြောင့် ၁၅နှစ်လုံးလုံး ဒီမှာမြဲနေတာဖြစ်ကြောင်း၊ ကြိုက်တဲ့
အချိန် ကျောက်ဆည်ဆေးရုံကို လာပြီးတော့ မေးမြန်းနိုင်ကြောင်း
ထံမံပြောဆိုသွားပါတယ်။
by Myanmar News Now
Related Posts
ဖားကန့်မှာ ကျောက်စိမ်းမှောင်ခိုကား ၁၁ စီး ဖမ်းဆီးရမိ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှာ မနေ့ညနေပိုင်းက တရားမဝင် သယ်ဆော[...]
Apr 09, 2014ကိုယ်စားလှယ်လောင်းတွေသာ ကိုယ်စားပြု မဲဆန္ဒနယ်မှာ စည်းရုံးခွင့်ရတော့မည်
လာမယ့် ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းဟာ သူရဲ့ မဲဆန္ဒနယ်မှာ သူကိုယ်တိုင်[...]
Apr 09, 2014မှတစ်ဆင့်ပထမဦးဆုံးဖုန်း အသံနှင့်ဗွီဒီယိုခေါ်ဆိုမှုအောင်မြင်စွာပြုလုပ်ခဲ့ (၇.၄.၂၀၁၄)
တယ်လီနောမြန်မာမှ၎င်းတို့ကုမ္ပဏီ၏ Live Core Network မှတစ်ဆင့် ပထမဦးဆုံးဖုန်းခေါ်ဆိုမှုကိုအောင်မြင[...]
Apr 07, 2014ကြည်နးဂုဏ်ယူစရာကိုကိုကြီးနှင့် မခင်သူသူဝင်းတို့ ၏မင်္ဂလာဧည့်ခံပွဲ
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦး အဖြစ်ထင်ရှားတဲ့ ဦးကိုကိုကြီးနှင့် မခင်သူသူဝင်း တို [...]
Apr 07, 2014ကာချုပ် ရှမ်းပြည်နယ်ခရီး လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံ
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့-SSPP-SSA [...]
Apr 07, 2014စစ်တပ်ပိုင် ဂန္ဓမာဟိုးဆေး စင်တာကို မီးအာမခံကြေး သိန်း ၁၄၀၀ ကျော်ပေး
ပုဂ္ဂလိက အာမခံကုမ္ပဏီတွေ စတင်တည်ထောင်ပြီးနောက်ပိုင်း ပမာဏ အများဆုံး အာမခံကြေးအဖြစ် ပြီးခဲ့တဲ့နှစ်က[...]
Apr 07, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.