တောင်သူလယ်သမားများ
အတွက်အခြေခံစပါးဈေးနှုန်းကို ယခုနှစ်မိုးစပါးမပေါ်မီ ပြည်သူ့ လွှတ်တော်မှသတ်မှတ်ပေးရန်စီစဉ်
ထားကြောင်းသတင်းရရှိသည်။ယခုကဲ့သို့ပြည်သူ့လွှတ်တော် မှအခြေခံစပါးဈေးနှုန်းသတ်မှတ် ပေးခြင်းသည်ပထမဦးဆုံးအကြိမ်
ဖြစ်ပြီးယခင်ကနိုင်ငံတော်အရန် ဆန်ဝယ်ယူရေးကော်မတီမှ၎င်းဈေး နှုန်းကိုသတ်မှတ်ပေးခဲ့ကြောင်း/ယခု
နှစ်တွင်စပါး၄၆ပေါင်ကိုက်ကိုသုံး သိန်းခြောက်သောင်းဖြင့်ဈေးနှုန်းသတ်မှတ်ပေးရန်စီစဉ်ထားကြောင်း
ပြည်သူ့လွှတ်တော်စိုက်ပျိုးရေးနှင့်
ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော် မတီဥက္ကဌဦးစိုးနိုင်က
ယခုလ(၁၈) ရက်နေ့တွင် တောင်သူလယ် သမားအဖွဲ့အစည်း(၅)ဖွဲ့နှင့်နေ ပြည်တော်ရှိပြည်သူ့လွှတ်တော်ရေး
ရာကော်မတီခန်းမ၌တွေ့ဆုံစဉ်ပြော ကြားခဲ့ကြောင်းသိရသည်။
.
““နှစ်တိုင်းပြည်သူ့လွှတ်တော် ကနေဒီအခြေခံစပါးဈေးနှုန်းကိုဈေး ကွက်ပေါက်ဈေးအတိုင်းသတ်မှတ်
ပေးဖို့ရှိတယ်လို့ဥက္ကဌကြီးကကျွန်တော် တို့ကိုပြောပါတယ်””ဟုအထက်ပါ တွေ့ဆုံပွဲသို့တက်ရောက်ခဲ့သူခေတ်
သစ်တောင်သူလယ်သမားအစည်း အရုံး(မြန်မာ)ဒုတိယဥက္ကဌဦးကြည် ၀င်းမှပြောကြားသည်။
ထို့အပြင်ကောက်ပဲသီးနှံဝယ် ယူရေးအဖွဲ့ဖွဲ့၍တစ်ဌာန(၇)ခု၊ တောင်သူလယ်သမားအဖွဲ့အစည်း များ၊ကုန်သည်များဖြင့်ပူးပေါင်းဖွဲ့ စည်းသွားမည်ဖြစ်ကြောင်းသိရ သည်။
““ကောက်ပဲသီးနှံဝယ်ယူမယ့် အဖွဲ့ဖွဲ့ပြီးရင်ဒီအဖွဲ့နဲ့အပြိုင်ဝယ် မယ့်အခြားကုန်သည်တွေလည်းရှိ တော့၊တောင်သူတွေအနေနဲ့သူတို့ ရဲ့ပဲသီးနှံတွေကိုဈေးပိုရတဲ့နေရာမှာ ရောင်းခွင့်ရှိလာမယ်၊ဒါဟာတောင် သူတွေအတွက်အကျိုးဖြစ်ထွန်းစေ မှာပါ””ဟုတွေ့ဆုံပွဲသို့တက်ရောက် ခဲ့သည့် တောင်သူလယ်သမား ကိုယ်စားလှယ်တစ်ဦးကလည်းပြော ကြားသည်။
ယဖန်နှစ်ကစပါး၄၆ပေါင်ကိုက် ကိုသုံးသိန်းနှစ်သောင်းဈေးဖြင့်အရန် တန်ချိန်တစ်သန်းခွဲကိုနိုင်ငံတော် အရန်ဆန်ဝယ်ယူရေးကော်မတီမှ ၀ယ်ယူခဲ့ပြီး၊ယင်းသို့ဝယ်ယူရာတွင် ဒေသအချို့၌ဈေးနှိမ်၍၀ယ်ယူမှု များရှိကြောင်းတောင်သူလယ်သမား ကိုယ်စားလှယ်များကဆိုသည်။

ဝင်းကိုကို
The Hot News
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.