ပြည်နယ်နှင့်တိုင်း အစိုးရများအနေဖြင့် လွှတ်တော်က ချပေးသည့်ငွေကို စနစ်တကျ
သုံးစွဲရန် အမိန့်ကြော်ငြာစာ ထုတ်ပြန်မည်ဟု အောက်လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက
ဇူလိုင် ၂၄ ရက်က လွှတ်တော်အစည်းအဝေးတွင် ပြောကြား
လိုက်သည်။
ကလေးဝမဲဆန္ဒနယ်မှ အောက်လွှတ်တော်အမတ် ဦးစိုးသိမ်းက စစ်ကိုင်းတိုင်း ဖွံ့ဖြိုးရေးအတွက် ချထားပေးသည့်
ငွေကျပ်
သန်းတစ်ထောင်ကို မည်သို့ သုံးစွဲခဲ့ကြောင်း သိလိုသဖြင့် လွှတ်တော်တွင်
မေးမြန်းရာ သမ္မတရုံးဒုဝန်ကြီး ဦးသန့်ရှင်းက ပြန်ရှင်းပြခဲ့သည်။
ဒေသဖွံ့ဖြိုးရေးအတွက် လွှတ်တော်က ချထားပေးသည့် ဘတ်ဂျက်ကို မည်သို့သုံးသနည်းဟု လွှတ်တော် အမတ်
ဦးစိုးသိမ်းက
မေးခွန်းထုတ်ရာတွင် မလိုအပ်သည့်နေရာများကို စီမံချက်ချပြီး သုံးနေသဖြင့်
လိုအပ်သည့်နေရာတွင် သုံးစွဲရန် လိုအပ်နေကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ထို့ကြောင့် ယင်းကဲ့သို့သော ကိစ္စများ မဖြစ်စေရန် လွှတ်တော်မှ အမိန့်ကြော်ငြာစာ ထုတ်ပြန်မည်ဟု
အောက်လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက အမတ်များကို ကတိပေး ပြောကြားလိုက်ခြင်းဖြစ်သည်။
ထိုသို့ညွှန်ကြားမည်ဖြစ်သဖြင့်
တိုင်းနှင့် ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ချပေးထားသည့် ငွေကြေးများ
သုံးစွဲမှုကို စနစ်ကျရေးကိစ္စကို အချိန်ကာလတစ်ခု စောင့်ဆိုင်းပေးရန်လည်း
ဦးရွှေမန်းက အမတ်များကို ရှင်းပြခဲ့သည်။
ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ရန်
ပြည်ထောင်စုလွှတ်တော်က ပြီးခဲ့သည့် ၂၀၁၂ - ၁၃ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံးမှ
မြို့နယ် ၃၃၀ အတွက် ကျပ် ၃၃ ဘီလီယံ ချထားပေးခဲ့သဖြင့် တစ်မြို့နယ်လျှင်
ငွေကျပ် ၁၀ သန်း အသုံးပြုခွင့်ရှိ
မည်ဖြစ်သည်။
ထိုငွေများကို
ပြည်ထောင်စုအစိုးရ (သို့မဟုတ်) တိုင်းနှင့်ပြည်နယ်အစိုးရက ဆောင်ရွက်မည့်
လုပ်ငန်းများတွင် မပါသော ပြည်သူ့လိုအပ်ချက်အတွက်
အကျိုးရှိမည့်လုပ်ငန်းတွင်သာ သုံးစွဲရန်လည်း လွှတ်တော်က ညွှန်ကြားခဲ့
သည်။
ထိုသို့သုံးစွဲရာတွင်လည်း
အထက်လွှတ်တော်နှင့် အောက်လွှတ်တော်မှ အမတ်တစ်ဦးစီနှင့် တိုင်းနှင့်ပြည်နယ်
လွှတ်တော်မှ အမတ်နှစ်ဦးနှင့် ဒေသခံ ပြည်သူများ၊ အဖွဲ့အစည်းများ၏
သဘောဆန္ဒဖြင့် သုံးရမည့် နေရာနှင့် သုံးရမည့်လုပ်ငန်းကို ဆုံးဖြတ်ရန်လည်း
ညွှန်ကြားထားသည်ဟု အောက်လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက လွှတ်တော်
တွင် ရှင်းပြခဲ့သည်။
Mizzima
Home
»
မြန်မာ့သတင်း
» ပြည်နယ်နှင့် တိုင်းအစိုးရများ ငွေကို စနစ်တကျသုံးစွဲရန် အောက်လွှတ်တော်ဥက္ကဋ္ဌ အမိန့်စာထုတ်မည်
Related Posts
ဖားကန့်မှာ ကျောက်စိမ်းမှောင်ခိုကား ၁၁ စီး ဖမ်းဆီးရမိ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှာ မနေ့ညနေပိုင်းက တရားမဝင် သယ်ဆော[...]
Apr 09, 2014ကိုယ်စားလှယ်လောင်းတွေသာ ကိုယ်စားပြု မဲဆန္ဒနယ်မှာ စည်းရုံးခွင့်ရတော့မည်
လာမယ့် ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းဟာ သူရဲ့ မဲဆန္ဒနယ်မှာ သူကိုယ်တိုင်[...]
Apr 09, 2014မှတစ်ဆင့်ပထမဦးဆုံးဖုန်း အသံနှင့်ဗွီဒီယိုခေါ်ဆိုမှုအောင်မြင်စွာပြုလုပ်ခဲ့ (၇.၄.၂၀၁၄)
တယ်လီနောမြန်မာမှ၎င်းတို့ကုမ္ပဏီ၏ Live Core Network မှတစ်ဆင့် ပထမဦးဆုံးဖုန်းခေါ်ဆိုမှုကိုအောင်မြင[...]
Apr 07, 2014ကြည်နးဂုဏ်ယူစရာကိုကိုကြီးနှင့် မခင်သူသူဝင်းတို့ ၏မင်္ဂလာဧည့်ခံပွဲ
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦး အဖြစ်ထင်ရှားတဲ့ ဦးကိုကိုကြီးနှင့် မခင်သူသူဝင်း တို [...]
Apr 07, 2014ကာချုပ် ရှမ်းပြည်နယ်ခရီး လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံ
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့-SSPP-SSA [...]
Apr 07, 2014စစ်တပ်ပိုင် ဂန္ဓမာဟိုးဆေး စင်တာကို မီးအာမခံကြေး သိန်း ၁၄၀၀ ကျော်ပေး
ပုဂ္ဂလိက အာမခံကုမ္ပဏီတွေ စတင်တည်ထောင်ပြီးနောက်ပိုင်း ပမာဏ အများဆုံး အာမခံကြေးအဖြစ် ပြီးခဲ့တဲ့နှစ်က[...]
Apr 07, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.