Aaron Swartz လို့အမည်ရပါတယ်။ ၁၉၈၆ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ဖွား လူငယ်တစ်ဦးပါ။
ငယ်ငယ်လေးကတည်းက
ကွန်ပြူတာပညာကို တစ်စိုက်မတ်မတ်လေ့လာ ခဲ့ ပြီး အသက် ၁၃ နှစ်ကစလို့
ဝဘ်ဆိုဒ်နဲ့ လုံခြုံရေး စနစ် လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်နေပြီ
ဖြစ်ပါတယ်။ သူ့ကို ယနေ့တိုင် အမေရိကန် ကွန်ပြူတာ ဟက်ကာ၊ ပရိုဂမ်မာ အဖြစ်
လူသိများစေပါတယ်။
Reddit တို့လို ကမ္ဘာကျော်
ဆိုရှယ်ဆိုဒ်ကို ပူးတွဲတည်ထောင်ခဲ့ သူပါ။ ပြီးတော့ RSS လို့ခေါ်တဲ့ Web Feet
format ကို တီထွင် ဖန်တီးမှုထဲမှာလည်း ဦးဆောင်ပါဝင်သူ ဖြစ်ပါတယ်။ w3c,
MarkDown တို့မှာလည်း လုပ်ကိုင်ပြီး Wikipeida မှာလည်း အယ်ဒီတာအဖြစ်
လုပ်ကိုင်ခဲ့ ပါသေးတယ်။ စာရေးဆရာတစ်ဦးလည်း ဖြစ်ပါတယ်။
ဟားဗတ်စ်
တက္ကသိုလ်မှာလည်း research fellow အဖြစ် အသိအမှတ်ပြု ခံရပြီး ပညာရေးမှာလည်း
တက်ကြွလှုပ်ရှားပါဝင်ခဲပါတယ်။ ဒါကြောင့် ၂၀၁၃ ခုနှစ်မှာ သူဟာ နိုင်ငံတော်က
ပေးအပ်တဲ့ James Madison Award ကို ရရှိခဲ့ပါတယ်။ ယင်းဆုက အစိုးရ
ဆိုင်ရာသတင်းအချက်အလက်များအား လုံခြုံအောင် ထိန်းသိမ်းပေးနိုင်သူ
အိုင်တီပညာရှင်များကို ပေးအပ်တဲ့ ဆု ဖြစ်ပါတယ်။ အကြီးမားဆုံး
အင်တာနက်လုံခြုံရေး အားနည်းချက်ကို ရှာဖွေနိုင်သူကိုလည်း ပေးတဲ့ဆု
ဖြစ်ပါတယ်။ ဒါကြောင့် Aaron က ကွယ်လွန်ပြီးမှ ရရှိခဲ့တာပါ။
၂၀၁၁
ခုနှစ်တုန်းကပါ။ JSTOR အမည်ရ အွန်လိုင်းပညာရေး စာကြည့်တိုက်ကနေ သုသေတန
စာတမ်းပေါင်း များစွာကို Download ဆွဲယူခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ JSTOR
ဟာ နိုင်ငံပေါင်း ၁၆၀ ကျော် ရဲ့  ပညာရေး သုတေသန သတင်းအချက်အလက်များကို
သိမ်းဆည်းထားတဲ့ အွန်လိုင်းစာကြည့်တိုက်တစ်ခုဖြစ်ပြီး အချို့ အရာတွေကိုပဲ
access ပေးလုပ်တာပါ။ အများစိုကို လျှို့ ဝှက်ထားပါတယ်။ ယင်းအတွက်လည်း
ကမ္ဘာ့အတော်ဆုံး ဟက်ကာများ ထားရှိပြီး အချက်အလက်ကို လုံခြုံစေပါတယ်။
တည်ထောင်ပြီး တစ်သက်လုံး တိုက်ခိုက်မှုပေါင်းများစွာ ကြုံပေမယ့်
ဘာမှမဖြစ်ခဲ့တဲ့ ယင်း ဆိုဒ်ဟာ Aaron Swartz ကြောင့် သတင်းများ ပေါက်ထွက်
စေခဲ့ပါတယ်။ ပမာဏ အတိအကျ မဖော်ပြထားပါဘူး။ သို့ပေမယ့် ယင်းပြစ်မှုအတွက်
ထောင်ဒဏ် ၃၅ နှစ်နဲ့ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁ သန်းသတ်မှတ်တဲ့အတွက်
သတင်းအချက်အလက်အတော်များများ ပါဝင် သွားလို့ ဖြစ်ပါတယ်။
ပစ်မှုအတွက်
Aaron Swartz ဟာ တရားရုံးတက်ရမှာပါ။ သို့ပေမယ့် သူ ဆန့်ကျင်ပါတယ်။ ၂၀၁၃
ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ မှာ ကြိုးဆွဲချ သေနေတဲ့ Aaron Swartz ကို
သူ့အခန်းထဲမှာ တွေ့ရှိခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် နဲ့တင် ကွယ်လွန်ခဲ့တဲ့
Aaron Swartz ဟာ ကမ္ဘာ့ အတော်ဆုံး ဟက်ကာများ စာရင်းမှာ ပါဝင်ကြောင်း
သိရပါတယ်။
.
Ref: wiki
Aung Kham (TSJ team)
Related Posts
Anonymous ဟက်ကာ တစ်ဦး ထောင်ဒဏ် ၁၀ နှစ်၊ တစ်ဦး ငွေဒဏ်
Anonymous မှ အသက် ၂၈ နှစ်ပဲ ရှိသေးတဲ့ ဟက်ကာ တစ်ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ကတည်းက ထောင်ဒဏ် [...]
Dec 10, 2013အခြေခံ Hacking နည်းပညာစာအုပ် (မြန်မာဘာသာပြန်)
နည်ပညာနဲ့ပက်သက်လာရင် သူများတွေထက်ခြေတစ်လှမ်းနောက်ကျ ကျန်ခဲ့မှာစိုးလို့ ဒီစာအုပ်လေး တင်ပေးလိ[...]
Nov 26, 2013ဟက်ကာ တစ်ယောက် ဖြစ်ရန် နည်းလမ်း
၁။ Networking TCP/IP, Basic Information gathering, Proxies, Socks, SSL, VPN, VPS, RDP, FTP[...]
Nov 21, 2013Facebook ကိုလွမ်းမိုးခဲ့သူ - Chris Putnam
Faebook Comment Box ထဲမှာ :putnam: : putnam : လို့ ရိုက်လိုက်ရင် ထွက်လာတဲ့ ခေါင်းပုံကို ကျနော်ဆို[...]
Nov 01, 2013Viber Free Call App ကိုအသုံးပြုပြီး Android Screen Lock ကို ကျော်ခွခြင်း
Normal 0 false false false EN-US X-NONE TH [...]
Jul 19, 2013
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.