Social Media Manager လို့ခေါ်တဲ့ အလုပ်အကိုင်နဲ့ ရာထူးမျိုးဟာ ကမ္ဘာမှာတင်
မကပဲ မြန်မာပြည်မှာပါ ခေတ်စားလာပြီ ဖြစ်ပါတယ်။ အားလုံးက ထင်ထားကြပါတယ်။
Facebook သုံးတတ်တိုင်း Social Media Manager ရဲ့  လုပ်ဆောင်ချက်လောက်ကတော့
အလွယ်တကူ လုပ်နိုင်တယ်လို့ ထင်မြင်နေခြင်း ဖြစ်ပါတယ်။ ဒီတော့ တကယ့် Social
Media Manager တစ်ယောက်ရဲ့  အခြေခံ လုပ်ဆောင်ချက် အချို့ ကို ရေးသားမျှဝေ
ပေးလိုက် ရပါတယ်။
Full Control Over Web Presence
Facebook
တစ်ခုတည်းတင်မကပဲ ကုမ္မဏီမှာ ရှိတဲ့ Twitter, Google+, LinkedIn
နဲ့အခြားသော Social Media အားလုံးကိုပါ Control လုပ်နိုင် ရပါမယ်။ ဘယ်သူတွေ
ပြောတယ်။ ဘာကိုပြောတယ်။ ဘယ်သူ့ကို ပြောတယ်။ ဘာအကြောင်းအရာပြောတယ်
အစရှိသဖြင့် သေချာ စိစစ်ခွဲခြမ်းပြီး အရေးကြီး တုံ့ပြန်ချက်များကို Report
ပြန်တင်ပေးနိုင်ရမှာ ဖြစ်ပါတယ်။
Direct Interaction With Current And Potential Clients, Customers and Users
မိမိ
ရဲ့  Facebook Page နဲ့အခြားသော present service account တွေဆီကို
ရောက်လာတဲ့စာတွေ၊ ပြောတဲ့သူတွေ၊ Customer တွေ၊ အသုံးပြုသူတွေ၊ Client
တွေနဲ့ တိုက်တိုက် ပြောဆို ဆက်ဆံရမှာ ဖြစ်ပါတယ်။ Virtual Communication မှာ
အကောင်းမွန်ဆုံး ပြောဆိုဆက်ဆံတက်ပြီး Business အတွက် ကောင်းကျိုးများ
ဖြစ်ထွန်စေဖို့ လိုအပ်ပါတယ်။
Build Relationships With Other Businesses And The Media
မိမိနဲ့
သက်ဆိုင်တဲ့ Customer တွေနဲ့တင်မကတော့ပါဘူး။ မသက်ဆိုင်သေးတဲ့ သူတွေ၊
သို့မဟုတ် အခြား ပြင်ပ မီဒီယာက လူတွေနဲ့လည်း Relationship
တစ်ခုတည်ဆောက်နိုင်ရမှာ ဖြစ် ပါတယ်။ marketing, customer relations, public
relations, internal communications အစရှိတဲ့ responsibility များလည်း
ပါဝင် ပါတယ်။
Brand Management (Even In Times Of Crisis)
ကုမ္မဏီတွေရဲ
့ ဆိုရှယ်မီဒီယာ အသုံးပြုတဲ့ ရည်ရွယ်ချက်က ၎င်းတို့ Product နဲ့ Brand ကို
ကိုယ်စားပြုဖို့ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်က သူတို့ brand ကို
ကိုယ်စားပြုပြီးတော့ Social Sector တစ်ခုလုံးကို တာဝန်ယူထား ပါတယ်။ တကယ့်
အပြင်မှာ ထုတ်ကုန်ထုတ်လုပ်မှုက ဘယ်လိုပဲ ဖြစ်နေပါစေ။ Facebook page နဲ့
သက်ဆိုင်ရာ အကောင့်တွေမှာ မိမိကုမ္မဏီရဲ့  Product နဲ့ Brand ကို
အကောင်းဆုံး ဖော်ပြနိုင်ရမှာ ဖြစ်ပါတယ်။ အရည်အသွေးကောင်းမွန်မှုကို
ဖော်ပြတဲ စာမျိုးတွေ၊ သတင်းမျိုးတွေ ပေးစွမ်း ရေးသား နိုင်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် Brand Management ကလည်း အရေးကြီးပါတယ်။
Social Media Is 24/7
ဆိုရှယ်မီဒီယာက
တစ်ပတ် မှာ ၇ ရက်၊ တစ်နေ့မှာ ၂၄ နာရီ အချိန်ပြည့်လည်ပတ်နေပါတယ်။
နေ့တိုင်းလည်း User တွေ ရှိပါတယ်။ ဒါကြောင့် Social Media Manger
ရာထူးယူထားသူဟာ သူ့အတွက် ရုံးပိတ်ရက် ဆိုတာ မရှိပါဘူး။ လိုအပ်ရင်လိုအပ်သလို
အရေးပေါ် ကိစ္စတွေ ကြုံတွေ့တဲ့အခါ ဖြေရှင်းနိုင်ဖို့ Social Media မှာ
Present ဖြစ်နေဖို့လိုအပ် ပါတယ်။ ဒါကြောင့် မိမိကိုယ်တိုင်သေချာ Timetable
ဆွဲလို့ Manage လုပ်ရမှာ ဖြစ်ပါတယ်။
.
Ref: Mashable
Aung Kham (TSJ team)
.
Related Posts
အင်တာနက် ကမ္ဘာဦး၊ ကွန်ယက်စာမျက်နှာများ၏ မူလ
Normal 0 false false false EN-US X-NONE TH [...]
Dec 27, 2013iEducation ကိုရယူပါ
(Tech Space နည်းပညာဂျာနယ် Vol-2 Issue-22 တွင်ဖော်ပြခဲ့သော ကာဗာဆောင်းပါးအား ဖော်ပြလိုက်ပါသည်။) [...]
Dec 11, 2013အွန်လိုင်းက သတင်းများ မှန်ကန်မှုရှိမရှိ ကိုယ်တိုင်စစ်ဆေးနည်း
ဒီမိုကရေစီ ရရှိပြီးနောက် မြန်မာပြည်မှာ သတင်းအချက်အလက် စီးဆင်းမှုဟာ ယခင်ကထပ် များစွာ တိုးတက်လာတာက[...]
Oct 12, 2013Search Engine တစ်ခု ဘယ်လိုအလုပ်လုပ်လဲ
အောင်ခမ်း (TSJ Team) Internet Marketing /Onlie Marketing လုပ်သူများအနေနဲ့ ပထမ လေ့လာရမှာက Interne[...]
Sep 21, 2013လူငယ်များအကြားအွန်လိုင်းရှော့ပင်း ခေတ်စားလာ
Normal 0 false false false EN-US X-NONE TH [...]
Sep 16, 2013
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.