အင်ဒိုနီးရှားနိုင်ငံရှိ Telkom ရုံးတစ်ရုံးကို တွေ့ရစဉ် (ဓာတ်ပုံ - projectingindonesia.com)
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရန် ဆက်သွယ်ရေး အော်ပရေတာများအဖြစ် နော်ဝေအခြေစိုက် Telenor နှင့် ကာတာအခြေစိုက် Ooredoo တို့ကို ဇွန်လကုန်ပိုင်းက ခွင့်ပြုပေးခဲ့ပြီး ဖြစ်သည်။
PT Telkom သည် အဆိုပါကုမ္ပဏီ နှစ်ခုအနက် ကုမ္ပဏီတစ်ခု၏ မိုဘိုင်းကွန်ရက် တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး မည်သည့်ကုမ္ပဏီ၏ ကွန်ရက်ဖြစ်ကြောင်း ထုတ်ပြန်ခြင်း မပြုသော်လည်း Ooredoo ၏ မိုဘိုင်းကွန်ရက် ဖြစ်ဖွယ်ရှိကြောင်း ဆက်သွယ်ရေး အသိုင်းအ၀ိုင်းက ဆိုသည်။
"သဘောတူညီမှုအရ Telkom အနေနဲ့ နိုင်ငံတကာ မိုဘိုင်းလုပ်ငန်းတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်နိုင်တယ် ဆိုတာကို ပြသနိုင်ခဲ့တာပါ" ဟု Telco အမှုဆောင်အရာရှိချုပ် Arief Yahya က ပြောကြားသည်။
PT Telkom သည် မြန်မာနိုင်ငံ၏ မိုဘိုင်းဆက်သွယ်ရေး လိုင်စင်နှစ်ခုအတွက် တင်ဒါခေါ်ယူရာတွင်လည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပဏာမ ကုမ္ပဏီစာရင်းတွင် မပါရှိခဲ့သော်လည်း မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ပြီးဖြစ်သည်။
Telkom သည် အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီဖြစ်ပြီး အင်ဒိုနီးရှားအစိုးရမှ အစုရှယ်ယာများကို ပိုင်ဆိုင်သည်။ ၁၈၅၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Telkom သည် Telecommunications၊ Media၊ Property၊ Financial နယ်ပယ်များ၌ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး Fixed Line၊ Mobile Telephony၊ internet Services၊ Digital Television၊ Property and Construction နှင့် IT Services တို့ကို ၀န်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
Telkom သည် အင်ဒိုနီးရှား၊ ဟောင်ကောင်၊ အရှေ့တီမော၊ သြစတြေးလျ၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့တွင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အာရှနှင့် အရှေ့အလယ်ပိုင်း ဒေသများတွင် လုပ်ငန်းချဲ့ထွင်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။
First Eleven Media Group
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.