0
စိတ်ကျခြင်းကို ကုစားတဲ့နေရာ မှာ အင်တာနက် အသုံးပြုခြင်း ဟာလည်း နည်းလမ်းတစ်ရပ် ဖြစ် လာနေတယ်လို့ စိတ်ကျန်းမာရေး ဆရာဝန်တွေက သုံးသပ်ခဲ့ပါတယ်။ စိတ်ကျနေသူအများစုဟာ အင်တာ နက်နဲ့ လူမှုကွန်ယက်တွေ အသုံး ပြုပြီး ပျော်ရွှင်မှုတွေ ရရှိလာနိုင် တယ်လို့ သိရပါတယ်။ လေ့လာမှုကို နယူးဇီလန် စိတ်ကျန်းမာရေး ဖောင်ဒေးရှင်းက ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။
လေ့လာမှုခေါင်းဆောင် Dr.Judi Clements က"၁၉၅၀ပြည့် နှစ်များ မှာတော့ စိတ်ဖိစိးမှုနဲ့ စိတ်ကျ ဝေဒနာကို ခံစားနေရသူတွေဟာ တယ်လီဖုန်းကို အသုံးပြုခြင်း၊ သူငယ်ချင်း မိတ်ဆွေများထံ လည် ပတ်ခြင်းတွေကသာ ကုစားနိုင်ခဲ့ပြီး ၂၀ဝ၀ ပြည့်နှစ်အလွန်မှာတော့ လူထုဟာ ဖုန်းခေါ်ဆိုခြင်း၊ လည်ပတ် ခြင်းတွေထက်စာရင် အင်တာနက်မှ တစ်ဆင့် လူမှုကွန်ယက်တွေ အသုံး ပြုကာ မိတ်ဆွေတွေနဲ့ စကားပြောခြင်း အားဖြင့် စိတ်ကျန်းမာရေးကို မြှင့်တင် နိုင်လာကြတယ်"လို့ ပြောကြားထားပါ တယ်။
စိတ်ကျသူတွေဟာ သူငယ်ချင်း ကိုဖြစ်စေ၊ ကိုယ်မသိသေးတဲ့ သူစိမ်း တစ်ယောက်ကို မိတ်ဆွေဖွဲ့စကားပြော ရမှာ စိတ်သက်တောင့်သက်သာနဲ့ ရှက်နေစရာမလိုဘဲ စကားပြောနိုင်တဲ့ အတွက် စိတ်ဖိစီးမှု၊ စိတ်ကျဝေဒနာ တွေကို ရာခိုင်နှုန်းအတော်များများ သက်သာစေနိုင်ပါတယ်။ ရလဒ်များ အရတော့ လူမှုကွန်ယက် facebook ကို အသုံးပြုသူတွေဟာ စိတ်ဖိစီးမှု လျော့ပါးနိုင်ပြီး စိတ်ကျခြင်းတွေ ကိုလည်း ကွန်မန့်များရေးသားခြင်း၊ Status များ၊ ခံစားချက်စာသားများ ရေးသားမျှဝေခြင်းအားဖြင့် လျော့ပါး နိုင်ကြောင်း Dr.Judi Clements က ပြောကြားထားပါတယ်။ ဒါ့အပြင် စိတ်ထဲမှာခံစားနေရတာကို သူငယ်ချင်း တွေ သိရှိအောင်ပြောပြနိုင်တဲ့
အတွက် အကူအညီများစွာလည်း ရရှိနိုင်ကြောင်း၊ သူစိမ်းတစ်ယောက် ကိုပြောပြတာဟာ ကောင်းမွန်တဲ့ ရွေးချယ်မှုမဟုတ်ပေမယ့် ယုံကြည် ရတဲ့ သူငယ်ချင်းတွေထံကနေ အင်တာ နက်ကို အသုံးပြုပြီး တိုင်ပင်တာဟာ လေ့ကျင့်ခန်းလုပ်တာ ထက်စာရင် စိတ်ကျခြင်းကို ပိုမိုလျော့ပါးစေနိုင် တယ်လို့ အခု လေ့လာမှုမှာ ဖော်ပြ ထားပါတယ်။
ငြိမ်းအေး
ref:ANI
မြ၀တီ

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top