စင်ကာပူနိုင်ငံ၌
ပညာရေးလက်မှတ်အထောက်အထားအတုဖြင့် မြန်မာနိုင်ငံသား ၂၁ ဦးဖမ်းဆီးအရေး
ယူခံရခြင်းကြောင့် ပြည်တွင်းပညာရေးမှတ်တမ်း အထောက်အထားကို ပိုမိုတင်းကျပ်
စိစစ်ခံရနိုင် ကြောင်း နိုင်ငံတကာပညာရေးကျွမ်းကျင်သူများက ပြောသည်။
ပြည်ပနိုင်ငံများတွင်
ပညာသွားရောက်သင်ယူခြင်း၊ အလုပ်သွားရောက်လုပ်ကိုင်ခြင်းတို့အတွက် ပြည်
တွင်းပညာရေး အထောက်အထားများကို အတုပြုလုပ်၍ ဆောင်ရွက်နေခြင်းများရှိနေရာ
ယခုအခါ စင်ကာပူနိုင်ငံ၌ စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
နိုင်ငံခြားသား ၂၅
ဦးသည် အလုပ်လုပ်ခွင့်အတွက် ပညာရေး အထောက်အထားအတုများ တင်ပြခဲ့ရာ ၂၁ ဦးမှာ
မြန်မာနိုင်ငံမှဖြစ်ပြီး ထောင်ဒဏ်လေးပတ်ကျခံရမည့်သူ ၂၀ ဦးနှင့်
စင်ကာပူဒေါ်လာ ၅,၀၀၀ ပေးဆောင်ရမည့်သူ ငါးဦးတို့ကို ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း
စင်ကာပူသတင်းစာများတွင် ဇူလိုင်လ တတိယပတ်က ဖော်ပြခဲ့သည်။
“ကိုယ်တိုင်လုပ်ကြတာတွေရှိသလို
အေဂျင်စီတွေက လုပ်ပေးနေတာလည်း ရှိနေတယ်။ ဘယ်လိုနည်း နဲ့ဖြစ်ဖြစ်
ပညာရေးအထောက်အထားအတု လုပ်တာကိုအားမပေးသင့်ဘူး။ နောက်ဆိုရင် မြန်မာနိုင်ငံ
သားကို ပိုမိုစိစစ်ဖို့ စိတ်စွဲသွားနိုင်တယ်” ဟု
စင်ကာပူပညာရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှ မန်နေဂျင်း ဒါရိုက်တာက ပြောသည်။
ပြည်ပတက္ကသိုလ်၊
ကောလိပ်များတွင် ဝင်ခွင့်ရရှိရန် ပြည်တွင်းတက္ကသိုလ်ဝင်တန်း ရလဒ်ကိုအတုပြု
လုပ်ခြင်း၊ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်ရန်
ပြည်တွင်းဘွဲ့လက်မှတ်အတုပြုလုပ်ခြင်းတို့သည် လွန်ခဲ့သောနှစ်များကပင်
ပြည်တွင်း၌ တွင်ကျယ်နေခြင်းဖြစ်သည်။
ပြည်ပနိုင်ငံများသို့
သွားရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများ၊ အလုပ်လုပ်ကိုင်မည့်သူများ
အနေဖြင့် ပညာရေးအထောက်အထား မှတ်တမ်းများအတုပြုလုပ်ခြင်းကို
ရှောင်ရှားသင့်ပြီး စစ်ဆေး တွေ့ရှိပါက မိမိဘဝအတွက်သာမက
တိုင်းပြည်ပုံရိပ်ကို ထိခိုက်စေမည်ဖြစ်ကြောင်း ပညာရေးကျွမ်း ကျင်သူများက
သုံးသပ်သည်။
7 Day News Journal
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.