0
ဖက်ဒရယ် အရေး ဆွေးနွေးမယ့် တိုင်းရင်းသား ညီလာခံ


UNFC က ဦးဆောင်တဲ့ တိုင်းရင်းသား ညီလာခံ ကို ငြိမ်းချမ်းရေး ယူပြီး တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ မယူရ သေးတဲ့ အဖွဲ့တွေ၊ ပြည်တွင်း ပြည်ပ တိုင်းရင်းသား အဖွဲ့ အတော် များများ တက်ရောက် ပြီး အခုလ ၂၉ ရက်နေ့ က ၃၁ ရက်နေ့ အထိ ကျင်းပ သွားမှာ ဖြစ်ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေ နိုင်ငံရေး ဆွေးနွေးပွဲ ကနေ နိုင်ငံ အေးချမ်းအောင် ဘယ်လို လုပ်သွားရင် ကောင်းမလဲ၊ တိုင်းရင်းသားတွေ ညီညီ ညွတ်ညွတ်နဲ့ တသံတည်း ထွက်ဖို့ ၊ ဖက်ဒရယ် ပြည်ထောင်စု ဖော်ဆောင် နိုင်ဖို့ ဆွေးနွေး သွားမယ်လို့ တိုင်းရင်းသား များ ဖက်ဒရယ်ကောင်စီ UNFC ပြောရေး ဆိုခွင့်ရှိသူ နိုင်ဟံသာက ပြောပါတယ်။
ညီလာခံကို လွတ်မြောက် နယ်မြေမှာ ကျင်းပ ရတာက တိုင်းရင်းသား အဖွဲ့အစည်း တွေ ဆန္ဒကို လွတ်လွတ်လပ်လပ် ဖော်ထုတ် နိုင်အောင်လို့ ဆိုပါတယ်။

BBC 

Post a Comment

 
Top