ရန်ကုန် ဇူလိုင် ၅
အိပ်ခ်ျအိုင်ဗွီ ရောဂါနှင့် ဆက်နွှယ်
နေသည့် မြန်မာ ကလေးများအား စိတ်ပိုင်း ဆိုင်ရာ သုတေ သန တစ်ရပ် ပြုလုပ်ရန်
ရှိကြောင်း ကျန်းမာရေး ဝန်ကြီး ဌာနမှ သိရသည်။ အဆိုပါ ကလေး
များတွင် မိသားစု အတွင်း လူမှုရေး၊
ကျန်းမာရေးနှင့် စီးပွားရေး ပျက်စီး ဆုံးရှုံး မှုများမှ တစ်ဆင့် ထိခိုက်
ခံစားရသည့် စိတ်ပိုင်း ဆိုင်ရာ အခြေ အနေ များကို သုတေသန စစ်တမ်းများ
ကောက်ယူ သွားမည် ဖြစ်ပြီး ယင်းသို့ စစ်တမ်း ကောက်ယူ သုတေ သန ပြုလုပ်ခြင်း
လုပ်ငန်းကို ယူနီဆက်၏ ပံ့ပိုး မှုဖြင့် ကျန်းမာရေး ဝန်ကြီး ဌာနနှင့် လူမှု
ဝန်ထမ်း ကယ်ဆယ် ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန တို့မှ ပါဝင်
ဆောင်ရွက် သွားမည် ဖြစ်သည်။
မြန်မာနိုင်ငံ တစ်ဝန်းရှိ
တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ ခုရှိ မြို့နယ်ပေါင်း၃ဝ တွင်ယင်း
စီမံကိန်းကို အကောင် အထည်ဖော် သွားမည် ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးတွင်
လေးမြို့နယ်၊ မန္တလေးတိုင်း ဒေသကြီးတွင် လေးမြို့နယ်၊ ရှမ်းပြည်နယ်တွင်
လေးမြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီးတွင် နှစ်မြို့နယ်၊ ပဲခူးတိုင်း
ဒေသကြီးတွင် နှစ်မြို့နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး တွင် နှစ်မြို့နယ်၊
မကွေးတိုင်း ဒေသကြီးတွင် နှစ်မြို့နယ်၊ ချင်းပြည်နယ်တွင် နှစ်မြို့နယ်၊
ကချင် ပြည်နယ်တွင် တစ်မြို့နယ်၊ ကယား ပြည်နယ်တွင် တစ်မြို့နယ်၊ ကရင်
ပြည်နယ်တွင် နှစ်မြို့ နယ်၊ မွန်ပြည်နယ်တွင် နှစ်မြို့နယ်နှင့်
တနင်္သာရီတိုင်း ဒေသကြီးတွင် နှစ်မြို့နယ် တို့၌ ဆောင်ရွက် ကြမည်ဖြစ်သည်။
ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ်အတွင်းကလည်း
အဆိုပါ သုတေသနလုပ်ငန်း၏ ရှေ့ပြေး စီမံချက် အနေဖြင့် မြောက်ဥက္ကလာပ မြို့နယ်၊
မုံရွာနှင့် တာချီလိတ် မြို့နယ် တို့တွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဇာနည်မောင်
မြ၀တီ
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.